Recent Posts

ကလေးများအတွက် ကောင်းမွန်ပြီးလွတ်လပ်အေးချမ်းတဲ့အခန်းဖန်တီးနိုင်မယ့် အချက် ၅ ချက်

ကလေးများအတွက် ကောင်းမွန်ပြီးလွတ်လပ်အေးချမ်းတဲ့အခန်းဖန်တီးနိုင်မယ့် အချက် ၅ ချက်

ကလေးတွေရဲ့အခန်းဆိုတာ ငြိမ်းချမ်းမှု၊ ဥာဏ်ကွန့်မြူးမှု၊လုံခြုံမှုရှိမှုတို့ကိုရှာဖွေတွေ့ရှိနိုင်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်နန်းတော်ပဲဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အရွယ်ရောက်လာတဲ့ သင့်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုအောင်ပြုလုပ်နိုင်ရပါမယ်။ ကောင်းမွန်လုံခြုံကာလွတ်လပ်အေးချမ်းသာယာတဲ့ ကလေးအခန်းတွေကိုဘယ်လိုပြုလုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးအကောင်းဆုံးအကြုံပြုချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်သုတ်ဆေးအမျိုးအစားကိုအသုံးပြုပေးပါ။ ရင်နှစ်သည်းချာလေးတွေအတွက် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးရပါမယ်။ ကလေးအခန်းတွေမှာJotunရဲ့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဆေးအမျိုးအစားဖြစ်တဲ့ Majestic Perfect Beauty & Careကိုအသုံးပြုပေးရပါမယ်။ လှပတဲ့အရောင်အသွေးစုံပါဝင်ပြီးအရည်အသွေးမြင့်တာရှည်ခံဆေးအမျိုးအစားပဲဖြစ်ပါတယ်။ အနံ့အနည်းဆုံးနဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ထုတ်လွှင့်မှု အနည်းဆုံးလည်းဖြစ်ပါတယ်။ ဆေးအသစ်သုတ်ထားတဲ့ ချစ်စရာအခန်းလေးထဲမှာသင်နဲ့သင့်ကလေးငယ်တွေ လွတ်လပ်ပေါ့ပါးစွာအသက်ရှူနိုင်မှာဖြစ်ပါတယ်။ အရောင်တွေနဲ့ အလှဆင်ပါ။ ကလေးတွေကအရောင်တွေကို နှစ်သက်ကြပါတယ်။ အငယ်ဆုံးကလေးတွေကတောင် သူတို့နားမှာအရောင်များများရှိတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အဖြူ၊မီးခိုးစတဲ့အရောင်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒီအရောင်တွေကကလေးတွေကို ဘာတွန်းအားစေ့ဆော်မှုမှ မပေးလို့ပါပဲ။ […]

သင့်အိမ်ကိုအသွင်သစ်ဖြစ်သွားစေမယ့် ဈေးမကြီးသောစိတ်ကူးလေးများ

သင့်အိမ်ကိုအသွင်သစ်ဖြစ်သွားစေမယ့် ဈေးမကြီးသောစိတ်ကူးလေးများ

သင့်မှာရှိပြီးသားပစ္စည်းတွေကိုရှာဖွေပြီးအသွင်တစ်မျိုးနဲ့ ပြန်လည်နေရာချထားကြည့်လိုက်ပါ။ နံရံကိုMajestic True Beauty Mattအမျိုးအစား20119 Transparent Pinkနဲ့ဆေးသုတ်ထားတာဖြစ်ပါတယ်။ သင့်အိမ်ကိုတစ်ချိန်ချိန်မှာအသွင်ပြောင်းကြည့်ဖို့ လိုအပ်လာတတ်ပါတယ်။ မိသားစုပိုကြီးလာတဲ့အခါ အသေးအဖွဲပြုပြင်တာဒါမှမဟုတ် ဘ၀ရဲ့ အခန်းကဏ္ဍသစ်ကိုကြိုဆိုဖို့အတွက် ကြီးကြီးမားမားပြုပြင်တာမျိုးတွေကို ပြုလုပ်ရတတ်ပါတယ်။ ငွေကုန်ကြေးကျသက်သာစေမယ့် အကြုံပြုချက်တစ်ခုကတော့ ပစ္စည်းဟောင်းတွေပြန်လည်အသုံးပြုပြီးအပြောင်းအလဲပြုလုပ်တာပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် ငွေကုန်ကြေးကျများမှာစိုးလို့ပဲဖြစ်ဖြစ် ပစ္စည်းအသစ်တွေမ၀ယ်တာက ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ အောက်ပါဖော်ပြထားတဲ့ အချက်တွေကိုအသုံးပြုပြီးစိတ်သန့်သန့်နဲ့ သင့်အိမ်ကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်မှာရှိထားတဲ့ ပစ္စည်းတွေကိုအရင်သိအောင်ပြုလုပ်ပါ။ အသစ်တစ်ခုခုမ၀ယ်ခင် ကိုယ့်မှာရှိပြီးသားတွေကိုစေ့စေ့စပ်စပ်သိထားသင့်ပါတယ်။ စတိုခန်းထဲမှာဒါမှမဟုတ် မိဘအိမ်မှာပျောက်နေမေ့နေတဲ့ ရတနာတွေကိုရှာဖွေကြည့်ပါ။ ဆေးတစ်ထပ်လောက်သုတ်လိုက်ရုံနဲ့ ပြန်လည်သစ်လွင်လာနိုင်မယ့် ဟောင်းပေမယ့်သုံးလို့ရနိုင်မယ့်ပစ္စည်းတွေကိုတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ အိမ်ထဲမှာမသုံးတော့တဲ့ ပရိဘောဂအဟောင်းတွေကိုရွှေ့ပြောင်းကြည့်ဖို့စဉ်းစားပါ။ နေရာလွတ်ရအောင် အခန်းတစ်ခန်းမှ ဗီရိုကိုအခြားအခန်းသို့ ရွှေ့တာသို့မဟုတ် […]

Jotun Colour Design အက်ပလီကေးရှင်း သို့မဟုတ် လက်ချောင်းလေးနဲ့ ထိလိုက်ခြင်းဖြင့် သင့်အိမ်အတွက် အကောင်းဆုံးအရောင်ကို ရှာဖွေနိုင်ခြင်း

Jotun Colour Design အက်ပလီကေးရှင်း သို့မဟုတ် လက်ချောင်းလေးနဲ့ ထိလိုက်ခြင်းဖြင့် သင့်အိမ်အတွက် အကောင်းဆုံးအရောင်ကို ရှာဖွေနိုင်ခြင်း

Jotun Colour Design အက်ပလီကေးရှင်းဟာ သင့်တော်တဲ့ အရောင်တွေကို ရှာဖွေဖို့ အလွန်အသုံးဝင်ပါတယ်။ သင့်ကိုယ်ပိုင်ဖုန်းနဲ့ သင့်အိမ်ကို ဘယ်လိုအသွင်ပြောင်းလို့ရသလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 1. အားကျစရာ နောက်ဆုံးပေါ်ဒီဇိုင်းများကို ကြည့်ရှုပါ။ Jotun ရဲ့နောက်ဆုံးပေါ်အရောင်များနဲ့ အလှဆင်ထားတဲ့ အိမ်ပုံလှလှလေးများကို ကြည့်ရှုရင်း လတ်ဆတ်တဲ့စိတ်ကူးတွေကို ရယူပါ။   2. Jotun ရဲ့ ထုတ်ကုန်အရောင်များကို လေ့လာပါ။ ယခုနှစ်အတွက် Jotun မှရွေးချယ်ထားတဲ့ Global Colour Trends အရောင်များနဲ့ Jotun ကာလာစင်တာမှ အရောင် ၁၂၈ မျိုးတို့ကို ကြည့်ရှုလေ့လာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ကို လွယ်လွယ်ကူကူ […]

ပျော်ရွှင်ဖွယ်အိမ်လေးဖြစ်စေမည့် လန်းဆန်းတောက်ပသော အရောင်လေးများ

ပျော်ရွှင်ဖွယ်အိမ်လေးဖြစ်စေမည့် လန်းဆန်းတောက်ပသော အရောင်လေးများ

8302 Laurel နဲ့ 20047 Blushing Peach အရောင်များရဲ့ ပေါင်းစပ်မှုဟာ နွေဦးရာသီရဲ့ ပျော်ရွှင်စရာအချိန်များကို အမှတ်ရစေပါတယ်။ နွေဦးနဲ့ နွေရာသီရောက်ရှိလာပြီဆိုတဲ့ အဓိပ္ပါယ်ဆောင်သလို အားသစ်ဖြစ်စေတဲ့ ဒီအရောင်များဟာ အချိန်ကာလမဲ့လှပမှုကို ပေးစွမ်းနိုင်ပါတယ်။ Jotun ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာလာမန်နေဂျာ Lisbeth Larsen ကတော့ သူတို့ဟာ တစ်နည်းနည်းနဲ့ သစ်ဆန်းအောင် အမြဲအားထုတ်တတ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် ဂန္ဓ၀င်ဂီတလို၊ ပရိဘောဂလို ဒါမှမဟုတ် သဘာဝရဲ့ စိတ်ချမ်းမြေ့စေတဲ့ အရောင်တွေလို အရာတွေဟာ အမြဲလန်းဆန်းလှပနေတတ်ကြောင်း ရှင်းပြပါတယ်။ ညင်သာတဲ့ နွေဦးလေပြည်နဲ့ သက်ဝင်လှုပ်ရှားတဲ့ နွေရာသီပန်းတွေရဲ့ စိတ်ကြည်နူးစရာမြင်ကွင်းတွေလိုပဲ […]

ငြီးငွေ့ဖွယ် အိမ်အတွင်းပိုင်းအပြင်အဆင်မှ ဣနြေ္ဒရသိမ်မွေ့သော သဲကန္တာရနှင်းဆီရောင်အပြင်အဆင်သို့

ငြီးငွေ့ဖွယ် အိမ်အတွင်းပိုင်းအပြင်အဆင်မှ ဣနြေ္ဒရသိမ်မွေ့သော သဲကန္တာရနှင်းဆီရောင်အပြင်အဆင်သို့

သဲကန္တာရရာသီဥတုဟာ ပြင်းထန်ကြမ်းတမ်းပေမယ့် နေရောင်တလက်လက်ထနေတဲ့ ပြေပြစ်တဲ့သဲသောင်ခုံတွေကနေ ရှားပါးပြီးဆွဲဆောင်မှုရှိကာ စိမ်းလန်းတဲ့ သစ်ပင်ချုံပုတ်တွေ၊ အိုအေစစ်တွေပါဝင်တဲ့ သဘာဝအလှရှုခင်းတွေဟာ ရင်သပ်ရှုမောစရာ၊ မြင်သူဘ၀င်ခိုက်စရာအတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုအရောင်စုံလင်တဲ့ မြင်ကွင်းမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့ရိုးရိုးအိမ်တွင်းအပြင်အဆင်ကို တည်ငြိမ်အေးချမ်းတဲ့ စိတ်ကူးယဉ်သဲကန္တာရပုံစံ ပြောင်းလဲနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ အခုဆိုရင် သင်နေထိုင်ရာနေရာဟာ ငြီးငွေ့အသက်မဲ့နေမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ အရောင်တွေ၊ပရိဘောဂတွေ မှန်မှန်ကန်ကန်ရွေးချယ်ပြီး လိုက်ဖက်တဲ့ အရောင်တွေ၊ ဆန့်ကျင်ဖက်အရောင်တွေ ဟန်ချက်ညီညီသုံးကာ သင်ရော သင့်အိမ်လာတဲ့ ဧည့်သည်တွေပါ သဘောကျနှစ်ခြိုက်သွားစေမယ့် သက်သောင့်သက်သာဆွဲဆောင်မှုရှိတဲ့ အိမ်အတွင်းပိုင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ သေချာနေပြီပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အရောင်တွေအကြောင်း ပြောကြည့်ပါမယ်။ Jotun အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ထိပ်တန်းလူကြိုက်များလာမယ့် အရောင်ဒီဇိုင်းအကြောင်း […]

တရောင်တည်းထက်ပိုထူးခြားတဲ့ နှစ်ရောင်စပ်နံရံအလှဆင်ခြင်း

တရောင်တည်းထက်ပိုထူးခြားတဲ့ နှစ်ရောင်စပ်နံရံအလှဆင်ခြင်း

နှစ်ရောင်စပ်နံရံတွေနဲ့အခန်းတစ်ခန်းကို အလှဆင်ပေးလိုက်တာက နေရာရဲ့မျက်နှာပြင်တွေတိုးလာစေသလို ညှိစရာမလိုဘဲ အကြိုက်ဆုံးအရောင်နှစ်မျိုးစလုံးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ယခုရာသီလူကြိုက်အများဆုံး ဒီဇိုင်းတစ်ခုဖြစ်တဲ့ နှစ်ရောင်စပ်နံရံအလှဆင်ရာမှာ ကွဲပြားတဲ့ ဆေးတွေ ဆန့်ကျင်ဖက်အရောင်တွေပါဝင်တာကြောင့် နံရံမျက်နှာပြင်တွေမှာ အမျိုးစုံရှင်သန်သက်ဝင်နေတဲ့ မှော်ဆန်တဲ့အငွေ့အသက်ကို ရရှိစေမှာဖြစ်ပါတယ်။ သင့်အိမ်ကို နှစ်ရောင်စပ်နံရံအလှဆင်ဖို့အတွက် ရိုးရှင်းတဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အပေါ်ပိုင်းတစ်ဝက်ကို ဆေးသုတ်တဲ့အခါ ဖျော့တဲ့ဆေးကိုရွေးချယ်ကာ အိမ်မျက်နှာကျက်တွေ ပိုမြင့်တယ်ထင်အောင် လုပ်ဆောင်ပေးပါ။ Majestic True Beauty Matt အမျိုးအစားအသုံးပြုထားပြီး ဥပမာမှာ ဖျော့တဲ့ 1624 Skylight ဆေးကို အပေါ်ပိုင်းမှာ သုံးထားပြီး အောက်ဘက်မှာ ပိုရင့်တဲ့ 2782 Deco Pink ဆေးကို […]

စိမ်းလန်းစိုပြည်တဲ့ ဥယျာဉ်ထဲမှာ နေထိုင်ခြင်း

စိမ်းလန်းစိုပြည်တဲ့ ဥယျာဉ်ထဲမှာ နေထိုင်ခြင်း

အိမ်ဆိုတာက ကိုယ်ပိုင်အသိုက်အမြုံထဲမှာ သက်သောင့်သက်သာဖြေလျှော့နေနိုင်ပြီး အလုပ်ဖိစီးမှုတွေကနေဝေးရာ လုံခြုံနွေးထွေးတဲ့ ကွန်းခိုရာနေရာလေးပဲဖြစ်ပါတယ်။ နေ့စဉ်ပျားပန်းခပ်လှုပ်ရှားနေရတဲ့ လူ့ဘ၀မှာ တည်ငြိမ်အေးချမ်းတဲ့ ဥယျာဉ်လေးတစ်ခုအဖြစ်၊ တရစပ်လုပ်ဆောင်နေရတဲ့ အလုပ်တွေကို ရင်ဆိုင်ဖို့ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကိုပေးနိုင်တဲ့ မရှိမဖြစ်နေရာလေးတစ်ခုအဖြစ် လူတိုင်းတည်ဆောက်ထားတဲ့ စံပြနေထိုင်ရာ ရိပ်မြုံလေးပဲဖြစ်ပါတယ်။ Jotun ရဲ့ ဒဿနကလည်း ဒီသဘောနဲ့ ထပ်တူတူညီပါတယ်။ Jotun ရဲ့ Rhythm of Life အရောင်ဇယားမှာ ပါဝင်တဲ့ Lush Garden ဒီဇိုင်းက စိတ်ဖြေလျှော့ရာ အိမ်ပတ်ဝန်းကျင်အငွေ့အသက်ရအောင် အဓိကဦးတည်ရည်ရွယ်ထားတာဖြစ်ပါတယ်။ ယဉ်ကျေးမှုတိုင်းမှာ အစိမ်းရောင်ဟာ ပြန်လည်သစ်လွင်မှု၊ ဘ၀အသစ်စမှုကို ကိုယ်စားပြုတယ်ဆိုတဲ့အမြင်ပေါ်မှာ အခြေခံပြီး Lush Garden ရဲ့ […]

သင့်ကိုယ်ပိုင် အိမ်ဂေဟာထဲမှ ကြယ်ငေးခြင်း

သင့်ကိုယ်ပိုင် အိမ်ဂေဟာထဲမှ ကြယ်ငေးခြင်း

ညနေခင်း အိမ်အပြင်ဘက်မှာ နေရတဲ့အရသာ၊ညကောင်းကင်ကို ငေးရင်း ကြယ်တွေရဲ့ ရွှန်းလက်တောက်ပမှုကပေးတဲ့ အံသြစရာကို ခံစားဖူးပါသလား။ ကလေးဘ၀ပုံပြင်တွေထဲကလို ကြယ်တွေကို တိုင်တည်ရင်း ဆုတောင်းဖူးတာကို မှတ်မိပါသလား။ဒီလို တည်ငြိမ်လှပမှုကို ခံစားဖို့ ဒီခေတ်မှာ ခက်ခဲသွားပါပြီ။အထူးသဖြင့် တောက်ပတဲ့ မြို့ပြမီးရောင်အတုတွေကြားမှာ ကြယ်ငေးချင်သူ မြို့ပြနေထိုင်သူတွေအဖို့ပေါ့။ဒါပေမယ့် အိမ်မှာနေရင်း ကြယ်ငေးတဲ့အရသာကို ခံစားနိုင်ဖို့ ဖန်တီးနိုင်တယ်ဆိုတာ ပြောပြပါရစေ။     Jotun မှာ အိမ်သုတ်ဆေးက စိတ်ကြိုက်အခန်းဒီဇိုင်းရဖို့ အရင်းအမြစ်တခု ဖြစ်တယ်ဆိုတာကို ယုံကြည်ထားပါတယ်။ တောက်ပတဲ့ပုံစံနဲ့ အိမ်အတွင်းပိုင်းကို အသွင်ပြောင်းလဲချင်တယ်ဆိုရင် Jotun မှာ သင့်တော်တဲ့ အရောင်အမျိုးအစားတွေ ရှိပါတယ်။ နံပါတ် ၅၇ […]

မြို့ပြစည်းချက်များ နှင့် ခတ်မီပုံစံပြုလုပ်ခြင်း

မြို့ပြစည်းချက်များ နှင့် ခတ်မီပုံစံပြုလုပ်ခြင်း

ဂီတမှာလို စည်းချက်ကျမှုဟာ ခြားနားသော အချိန်အတိုင်းအတာတွေအတွင်းမှာ ပြောင်းလဲတဲ့ လှုပ်ရှားမှုတိုင်းရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ လူ့ဘ၀မှာလည်း စည်းချက်အမျိုးမျိုးကြောင့် မတူညီတဲ့ စေ့ဆော်မှုတွေ ထွက်လာသလိုပါပဲ။ ရုပ်ဝတ္ထုပတ်ဝန်းကျင်တွေအကြောင်း ပြောတဲ့အခါမှာ အရောင်တွေဟာ လူတွေရဲ့ နေထိုင်မှုပုံစံ၊ ဘ၀စည်းချက်နဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ပေါ်အောင် ကူညီပေးနိုင်ပါတယ်။ Jotun ကလည်း အပြာရောင်နဲ့အပြာဆင်အရောင်များ၊တွဲဖက်ညီတဲ့ ဆန့်ကျင်ဖက်အရောင်များပြီးတော့ ဒီအရောင်တွေနဲ့ လိုက်ဖက်တဲ့ အဆင်တန်ဆာတွေကို ရှာဖွေဖို့ Rhythm of Life’s City Motions အမည်နဲ့ စူးစမ်းလေ့လာနေကြပါတယ်။     Jotun မှ အဖွဲ့တစ်ဖွဲ့ဟာ Menara Oval, Damansara ရှိ Nostaloft […]

စည်းချက်ညီတဲ့ ဘ၀တစ်ခုပိုင်ဆိုင်စေဖို့

စည်းချက်ညီတဲ့ ဘ၀တစ်ခုပိုင်ဆိုင်စေဖို့

လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ခြေလှမ်း၊ကိုယ်ပိုင်အမြင်တွေနဲ့ ဘ၀ကို နေထိုင်ကြပါတယ်။ မြို့မှာနေသူတွေက ပျားပန်းခပ်ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်ဓလေ့အတိုင်း လျင်မြန်တဲ့ခြေလှမ်းတွေနဲ့ လျှောက်လမ်းလေ့ရှိကြပြီး ဆင်ခြေဖုံးဓလေ့နဲ့ အသားကျနေသူတွေအဖို့ နှေးကွေး၊ရိုးရှင်းတဲ့ ပုံစံအတိုင်း ဘ၀ကိုလျှောက်လမ်းတတ်ကြပါတယ်။ တချို့လူတွေကတော့ သဘာဝအလှအပတွေကြားမှာ တည်ငြိမ်အေးချမ်းတဲ့ ဘ၀နေထိုင်မှုပုံစံကို ပိုမိုနှစ်ခြိုက်ကြပါတယ်။ ကိုယ့်စိတ်ကြိုက် ဘ၀နေထိုင်မှုပုံစံအတိုင်း နေထိုင်နေကြသူများအားလုံးကို Jotun မှ ဂုဏ်ပြုလိုက်ပါကြောင်း ပြောကြားပါရစေ။ Jotun မှာ Rhythm of Life လို့အမည်ပေးထားတဲ့ အရောင်ကဒ်အသစ်တစ်ခုကို ဖန်တီးထားပါတယ်။ Rhythm of Life ဆိုတာ သင့်အတွက် ပြီးပြည့်စုံတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ရရှိစေဖို့ ရိုးစင်းလွယ်ကူပြီး အရောင်တွေကို […]