စည်းချက်ညီတဲ့ ဘ၀တစ်ခုပိုင်ဆိုင်စေဖို့

လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ခြေလှမ်း၊ကိုယ်ပိုင်အမြင်တွေနဲ့ ဘ၀ကို နေထိုင်ကြပါတယ်။ မြို့မှာနေသူတွေက ပျားပန်းခပ်ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်ဓလေ့အတိုင်း လျင်မြန်တဲ့ခြေလှမ်းတွေနဲ့ လျှောက်လမ်းလေ့ရှိကြပြီး ဆင်ခြေဖုံးဓလေ့နဲ့ အသားကျနေသူတွေအဖို့ နှေးကွေး၊ရိုးရှင်းတဲ့ ပုံစံအတိုင်း ဘ၀ကိုလျှောက်လမ်းတတ်ကြပါတယ်။ တချို့လူတွေကတော့ သဘာဝအလှအပတွေကြားမှာ တည်ငြိမ်အေးချမ်းတဲ့ ဘ၀နေထိုင်မှုပုံစံကို ပိုမိုနှစ်ခြိုက်ကြပါတယ်။ ကိုယ့်စိတ်ကြိုက် ဘ၀နေထိုင်မှုပုံစံအတိုင်း နေထိုင်နေကြသူများအားလုံးကို Jotun မှ ဂုဏ်ပြုလိုက်ပါကြောင်း ပြောကြားပါရစေ။

Jotun မှာ Rhythm of Life လို့အမည်ပေးထားတဲ့ အရောင်ကဒ်အသစ်တစ်ခုကို ဖန်တီးထားပါတယ်။ Rhythm of Life ဆိုတာ သင့်အတွက် ပြီးပြည့်စုံတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ရရှိစေဖို့ ရိုးစင်းလွယ်ကူပြီး အရောင်တွေကို ခဏလေးအတွင်းမှာ ရွေးချယ်နိုင်အောင် ကူညီပေးနိုင်တဲ့ အရောင်ကဒ်တခုဖြစ်ပါတယ်။

ဒီအရောင်ဇယားမှာ ပြထားတဲ့အတိုင်း အတန်းတစ်တန်းစီမှာ အဓိကအားဖြင့် အပြာ၊အနီနဲ့ အစိမ်းရောင်ပါဝင်တဲ့ အရောင်မိသားစုတစ်မျိုးတည်းမှ အရောင်အဆင်အကွဲတွေကို ဖော်ပြပေးထားပါတယ်။ အရောင်အတန်းတစ်ခုစီမှာ အခြားအရောင်တွေနဲ့ တစ်သားတည်းလိုက်ဖက်ညီစေမယ့် မူလအရောင်မှ ပိုဖျော့သွားတဲ့ အရောင်အဆင်တွေအတိုင်း စီစဉ်ပေးထားပါတယ်။ဒါက အစပ်တည့်တဲ့ အရောင်မျိုးစုံသုံးပြီး သင့်စိတ်ကြိုက် အရောင်တွေပေါင်းစပ်တွဲဖက်နိုင်တဲ့ အခွင့်အရေးရရှိစေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။

 

အရောင်ကဒ်အသုံးပြုပုံနည်းလမ်း

 

အရောင်ထပ် အသုံးပြုနည်း

အရောင်မိသားစုတစ်ခုမှ မတူညီတဲ့ အရောင်အဆင်အကွဲတွေ အသုံးပြုပေးတာက လိုက်ဖက်ညီတဲ့ အရောင်တစ်သားတည်းဖြစ်မှုကို ဖန်တီးပေးပြီး တည်ငြိမ်မှုနဲ့ အစီအစဉ်ကျနမှုဆိုတဲ့ အငွေ့အသက်ကို ရရှိစေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် Industrial Blue 5455 နဲ့ Dusky Blue 5200 အရောင်တွေ ပေါင်းစပ်ပေးလိုက်တဲ့အခါ အခန်းနှစ်ခန်းအကြား ဆန်းသစ်ဆီလျော်တဲ့ ထင်ရှားပြတ်သားမှုကို ပေးစွမ်းနိုင်သလို ရေအနက်ကို အမှောင်မှအလင်းသို့ မြင်ရသလို ကွက်ကွက်ကွင်းကွင်းတွေ့မြင်စေမှာဖြစ်ပါတယ်။ အရောင်အတန်းတစ်ခုတည်းမှ အရောင်အဆင်အကွဲတွေကို ပိုသုံးလေလေ ပိုထင်ရှားလေဖြစ်မှာဖြစ်ပါတယ်။အခန်းတစ်ခန်းမှာ သို့မဟုတ် ကပ်လျက်အခန်းနှစ်ခန်းမှာ ခြားနားတဲ့အလင်းပိတ်အရောင်တွေအသုံးပြုပေးခြင်းကလည်း ကောင်းမွန်ပါတယ်။

ဆန့်ကျင်ဖက်အရောင်များ အသုံးပြုနည်း

ဆန့်ကျင်ဖက်အရောင်တွေ နှစ်သက်တယ်ဆိုရင် သင့်အခန်းတစ်ခန်းချင်းစီမှာ ဆန့်ကျင်ဖက်အရောင်ပုံစံချဖို့ အရောင်ကဒ်က လွယ်ကူလျင်မြန်စွာ ကူညီပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ Timeless 1024 နဲ့ Bare 1391 တို့လို ပိုဖျော့တဲ့ အရောင်တွေနဲ့ ကောင်းကောင်းလိုက်ဖက်တဲ့ နွေးထွေးတဲ့ နီညိုရောင် Norwegian Wood 10981 ကို အသုံးပြုနိုင်ပါတယ်။ ဒါက ဆန့်ကျင်ဖက်အရောင်တွေသုံးထားတဲ့ အိမ်တစ်အိမ်ဖန်တီးဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီ့ထက်ပိုတာက အရောင်တွေ ရှုပ်ထွေးမှာကို စိတ်ပူစရာမလိုဘဲ အရောင်ပုံစံဘောင်အတွင်းမှ အခြားအရောင်အဆင်အကွဲတွေနဲ့ လွတ်လွတ်လပ်လပ်ပေါင်းစပ်အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။

Rhythm of Life ဆိုတဲ့ အရောင်ကဒ်ကို အိမ်အတွင်းအရောင်ပုံစံချရာမှာ လွယ်ကူစေဖို့ ဒီဇိုင်းဆင်ထားတာဖြစ်ပါတယ်။ တိကျစေ့စပ်တဲ့ သုတေသနနဲ့ ခိုင်မာတဲ့ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ထားတာကြောင့် အရောင်ဇယားထဲမှာပါရှိတဲ့ အရောင်တွေဟာ စွယ်စုံအသုံးခံနိုင်မှုနဲ့ အရည်အသွေးကောင်းမွန်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် အရောင်ဇယားမှ အရောင်ပုံစံအတိုင်း နံရံမှာ မှန်မှန်ကန်ကန်အရောင်ထွက်မှာကို အာမခံနိုင်ပါတယ်။

ဒါ့အပြင် အရောင်အတန်းတစ်ခုစီကို ဖြည့်စွက်ပေးဖို့ ပြီးပြည့်စုံတဲ့ အဖြူရောင်အဆင်အကွဲတွေလည်းရှိနေပါတယ်။ ဒီအရောင်တွေက သင့်အိမ်အတွင်းပိုင်းအပြင်အဆင်ကို ပြေပြစ်စေမှာဖြစ်သလို နေရာစုံ သပ်ရပ်ကြော့မော့သွားစေမှာလည်းဖြစ်ပါတယ်။

 လိုက်ဖက်ညီတဲ့ အဖြူရောင်အဆင်အကွဲအရောင်များ

 

  • Row 1 – Pink shades / Edelweiss 1622 (အရောင်အတန်းတစ်အတွက်)
  • Row 2 – Blue tones / Morning Fog 9918 (အရောင်အတန်းနှစ်အတွက်)
  • Row 3 – Blue-green colours / Chi 7236(အရောင်အတန်းသုံးအတွက်)
  • Row 4 – Golden tones / Timeless 1024 (အရောင်အတန်းလေးအတွက်)
  • Row 5 – Brown-beige shades / Egg white 1001(အရောင်အတန်းငါးအတွက်)
  • Row 6 – Yellowish-red shades / Vanilla 1453 (အရောင်အတန်းခြောက်အတွက်)
  • Row 7 – Green shades / Skylight 1624(အရောင်အတန်းခုနစ်အတွက်)
  • Row 8 – Warm gray shades / Skylight 1624(အရောင်အတန်းရှစ်အတွက်)

 

စည်းချက်ညီတဲ့ ဘ၀တစ်ခုရရှိစေဖို့ နီးစပ်ရာ တရားဝင် Jotun အရောင်းဆိုင်တွေမှာ အရောင်ကဒ်ကိုရယူပြီး လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်