စိမ်းလန်းစိုပြည်တဲ့ ဥယျာဉ်ထဲမှာ နေထိုင်ခြင်း

အိမ်ဆိုတာက ကိုယ်ပိုင်အသိုက်အမြုံထဲမှာ သက်သောင့်သက်သာဖြေလျှော့နေနိုင်ပြီး အလုပ်ဖိစီးမှုတွေကနေဝေးရာ လုံခြုံနွေးထွေးတဲ့ ကွန်းခိုရာနေရာလေးပဲဖြစ်ပါတယ်။ နေ့စဉ်ပျားပန်းခပ်လှုပ်ရှားနေရတဲ့ လူ့ဘ၀မှာ တည်ငြိမ်အေးချမ်းတဲ့ ဥယျာဉ်လေးတစ်ခုအဖြစ်၊ တရစပ်လုပ်ဆောင်နေရတဲ့ အလုပ်တွေကို ရင်ဆိုင်ဖို့ ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုကိုပေးနိုင်တဲ့ မရှိမဖြစ်နေရာလေးတစ်ခုအဖြစ် လူတိုင်းတည်ဆောက်ထားတဲ့ စံပြနေထိုင်ရာ ရိပ်မြုံလေးပဲဖြစ်ပါတယ်။ Jotun ရဲ့ ဒဿနကလည်း ဒီသဘောနဲ့ ထပ်တူတူညီပါတယ်။ Jotun ရဲ့ Rhythm of Life အရောင်ဇယားမှာ ပါဝင်တဲ့ Lush Garden ဒီဇိုင်းက စိတ်ဖြေလျှော့ရာ အိမ်ပတ်ဝန်းကျင်အငွေ့အသက်ရအောင် အဓိကဦးတည်ရည်ရွယ်ထားတာဖြစ်ပါတယ်။

ယဉ်ကျေးမှုတိုင်းမှာ အစိမ်းရောင်ဟာ ပြန်လည်သစ်လွင်မှု၊ ဘ၀အသစ်စမှုကို ကိုယ်စားပြုတယ်ဆိုတဲ့အမြင်ပေါ်မှာ အခြေခံပြီး Lush Garden ရဲ့ အနှစ်သာရကို တည်ဆောက်ထားပါတယ်။ ဒီဇိုင်းအတွင်းမှ အစိမ်းရိပ်အရောင်တွေ၊ အခြားဖြည့်စွက် အရောင်တွေ အကုန်လုံးဟာ မြို့ပြလူနေမှုပုံစံရဲ့ ဆန့်ကျင်ဖက်အနေနဲ့ သဘာဝဆန်တဲ့ အနုပညာမြောက်တဲ့ဟန်ပန်ကို ပုံဖော်ထားတာဖြစ်ပါတယ်။Lush Garden ကို စတင်အခြေပြု စိတ်ကူးကတည်းက ကမ္ဘာ့အပူပိုင်း ဒေသတွေမှာ တွေ့နိုင်တဲ့ စိမ်းပြာလွင်ရောင် အပူပိုင်းမိုးသစ်တောတွေ၊ ရောင်စုံပင်တွေနဲ့ အ၀ါ၊ပန်းဖျော့ရောင် နေထွက်ချိန်  အထိအတွေ့ကြောင့် အားပြည့်လန်းဆန်းနေတဲ့ ပန်းတွေရဲ့ လှပတင့်တယ်မှုကို အတုယူပြီး အရောင်စတိုင်ရွေးချယ်မှုကိုစနစ်တကျ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Evening Green 6352 သုံးထားတဲ့ ဧည့်ခန်းအပြင်အဆင်ကို ရှုစားကြည့်လိုက်ပါ။ စကင်ဒီနေးဗီး ယန်းဟန် ခေတ်မီအိမ်အတွင်းပိုင်း ပရိဘောဂတွေနဲ့တွဲဖက်ကာ ဒီသဘာဝဆန်တဲ့အရောင်တွေဟာ ဟန်ချက်ညီလှပနေတာကို တွေ့ရမှာဖြစ်ပါတယ်။

Nostaloft မှ ချန်းတို့အဖွဲ့နဲ့ တတိယအကြိမ်မြောက်အဖြစ် တီထွင်ဖန်တီးတဲ့ အလှဆင်မှုကို ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ Nostaloft စတူဒီယိုမှ သစ်သားထမင်းစားပွဲ၊ ဧည့်ခန်းပရိဘောဂတွေနဲ့ လိုက်ဖက်ညီလှတဲ့ Lush Garden ထဲက လူကြိုက်များတဲ့အရောင် Tender Green 6351 ကိုအသုံးပြုကာ ဟန်ချက်ညီ ရိုးရှင်းတဲ့ပုံစံဖြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ သင်က အိုးစိုက်အပင်တွေ၊ကြွေထည်ပစ္စည်းတွေသုံးပြီး အိမ်တွင်းအပြင်အဆင်ကို ဒီ့ထက်ပို အလှဆင်ချင်နေနိုင်ပါတယ်။ ဒီလိုဆိုရင် Lush Garden နဲ့ သင့်စိတ်ကြိုက် အိမ်တွင်းအလှဆင်ဖို့အတွက် နီးစပ်ရာ Jotun အသိအမှတ်ပြု အရောင်းဆိုင်တွေမှာ သွားရောက်အားပေးနိုင်ပါကြောင်း သတင်းစကားပါးပါရစေ။ အစိမ်းရောင်လွှမ်းတဲ့ ဒီဇိုင်းအမျိုးအစားမှ အရောင်အမျိုးစုံကို ယခုလင့်ခ်(colourtrends.jotun.mm)ကိုနှိပ်ကာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

 



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်