တရောင်တည်းထက်ပိုထူးခြားတဲ့ နှစ်ရောင်စပ်နံရံအလှဆင်ခြင်း

နှစ်ရောင်စပ်နံရံတွေနဲ့အခန်းတစ်ခန်းကို အလှဆင်ပေးလိုက်တာက နေရာရဲ့မျက်နှာပြင်တွေတိုးလာစေသလို ညှိစရာမလိုဘဲ အကြိုက်ဆုံးအရောင်နှစ်မျိုးစလုံးကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ယခုရာသီလူကြိုက်အများဆုံး ဒီဇိုင်းတစ်ခုဖြစ်တဲ့ နှစ်ရောင်စပ်နံရံအလှဆင်ရာမှာ ကွဲပြားတဲ့ ဆေးတွေ ဆန့်ကျင်ဖက်အရောင်တွေပါဝင်တာကြောင့် နံရံမျက်နှာပြင်တွေမှာ အမျိုးစုံရှင်သန်သက်ဝင်နေတဲ့ မှော်ဆန်တဲ့အငွေ့အသက်ကို ရရှိစေမှာဖြစ်ပါတယ်။

သင့်အိမ်ကို နှစ်ရောင်စပ်နံရံအလှဆင်ဖို့အတွက် ရိုးရှင်းတဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အပေါ်ပိုင်းတစ်ဝက်ကို ဆေးသုတ်တဲ့အခါ ဖျော့တဲ့ဆေးကိုရွေးချယ်ကာ အိမ်မျက်နှာကျက်တွေ ပိုမြင့်တယ်ထင်အောင် လုပ်ဆောင်ပေးပါ။ Majestic True Beauty Matt အမျိုးအစားအသုံးပြုထားပြီး ဥပမာမှာ ဖျော့တဲ့ 1624 Skylight ဆေးကို အပေါ်ပိုင်းမှာ သုံးထားပြီး အောက်ဘက်မှာ ပိုရင့်တဲ့ 2782 Deco Pink ဆေးကို အသုံးပြုထားပါတယ်။

အခုမှစလုပ်ပြီး လုံးဝမတူတဲ့အရောင်တွေ ရွေးဖို့ မ၀ံ့မရဲဖြစ်နေတယ်ဆိုရင် သင့်တင့်လိုက်ဖက်တဲ့ပုံစံထွက်ဖို့ ဆင်တူယိုးမှားအရောင်တွေကို ရွေးချယ်ပေးပါ။

အကြံပြုချက် ၃။ အရောင်တွေနဲ့ နေရာတွေရဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပေးပါ။

ဆေးရောင်တွေက မတူခြားနားချက်ကို ဖော်ဆောင်ပေးပြီး စိတ်ဝင်စားစရာဖြစ်စေတာကြောင့် အလုပ်လုပ်ဆောင်ရာနေရာအလိုက် အရောင်တွေနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာက နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

အပေါ်ပုံမှာ ထမင်းစားတဲ့နေရာကို ဖော်ပြဖို့ 2995 Dusty Red အရောင်ကို အသုံးပြုထားတာကြောင့် မတူခြားနားမှုဖြစ်စေကာ မီးဖိုချောင်ဟာ ဆွဲဆောင်မှုရှိသွားစေပါတယ်။

အမှန်တကယ်အားဖြင့် ဆေးရောင်တွေသုံးပြီး နေရာတွေကို အဓိပ္ပါယ်ဖွင့်ဆိုတာရဲ့ အကောင်းဆုံးအားသာချက်ကတော့ ရာသီအလိုက်၊ ရေပန်းစားမှုအလိုက် ပြီးတော့ သင့်ခံစားမှုကိုလိုက်ပြီး အရောင်တွေကို အလွယ်တကူအပြောင်းအလဲလုပ်ကာ အလှဆင်နိုင်တာပဲဖြစ်ပါတယ်။



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်