သင့်ကိုယ်ပိုင် အိမ်ဂေဟာထဲမှ ကြယ်ငေးခြင်း

ညနေခင်း အိမ်အပြင်ဘက်မှာ နေရတဲ့အရသာ၊ညကောင်းကင်ကို ငေးရင်း ကြယ်တွေရဲ့ ရွှန်းလက်တောက်ပမှုကပေးတဲ့ အံသြစရာကို ခံစားဖူးပါသလား။ ကလေးဘ၀ပုံပြင်တွေထဲကလို ကြယ်တွေကို တိုင်တည်ရင်း ဆုတောင်းဖူးတာကို မှတ်မိပါသလား။ဒီလို တည်ငြိမ်လှပမှုကို ခံစားဖို့ ဒီခေတ်မှာ ခက်ခဲသွားပါပြီ။အထူးသဖြင့် တောက်ပတဲ့ မြို့ပြမီးရောင်အတုတွေကြားမှာ ကြယ်ငေးချင်သူ မြို့ပြနေထိုင်သူတွေအဖို့ပေါ့။ဒါပေမယ့် အိမ်မှာနေရင်း ကြယ်ငေးတဲ့အရသာကို ခံစားနိုင်ဖို့ ဖန်တီးနိုင်တယ်ဆိုတာ ပြောပြပါရစေ။

 

 

Jotun မှာ အိမ်သုတ်ဆေးက စိတ်ကြိုက်အခန်းဒီဇိုင်းရဖို့ အရင်းအမြစ်တခု ဖြစ်တယ်ဆိုတာကို ယုံကြည်ထားပါတယ်။ တောက်ပတဲ့ပုံစံနဲ့ အိမ်အတွင်းပိုင်းကို အသွင်ပြောင်းလဲချင်တယ်ဆိုရင် Jotun မှာ သင့်တော်တဲ့ အရောင်အမျိုးအစားတွေ ရှိပါတယ်။ နံပါတ် ၅၇ အမည်ပေးထားတဲ့ အဆင်အကွက်နံရံဒီဇိုင်းကို ယခင်ကတင်ပြခဲ့ပြီးပါပြီ။ အခုအခါ နောက်ထပ် Jotun ရဲ့ Majestic Design အဆင့်မြင့်အိမ်အတွင်းဘက်သုတ်ဆေးအမျိုးအစားမှ Diamond ကိုထပ်မံအသုံးပြုလိုက်တာနဲ့ ရင်သပ်ရှုမောစရာအိမ်အပြင်အဆင်ဖန်တီးနိုင်ကြောင်းကို ပြသပေးမှာဖြစ်ပါတယ်။

 

စိန်ပွင့်တွေရဲ့ တောက်ပြောင်မက်မောဖွယ်ရာပုံစံလို ဒဏ္ဍာရီလာ နတ်သမီးပုံပြင်တွေထဲမှ တောက်ပတဲ့ကြယ်တွေအတိုင်း Majestic Design Diamond က သင့်ရဲ့ခေတ်မီစိတ်ကူးယဉ်အိမ်ဂေဟာကို အမှန်တစ်ကယ်ဖြစ်ပေါ်အောင် ဖန်တီးပေးစွမ်းနိုင်ပါတယ်။ အခြေခံအရောင် Chini 5180 ကို Majestic Design Diamond အရောင်နဲ့အလွှာထပ်ထားပြီး First Dance 5415 အရောင်နဲ့အချောသပ်ထားတဲ့ အရောင်ပေါင်းစပ်မှုကို သူ့ဆေးရောင်နဲ့ဆီလျော်အောင် Starry Night လို့အမည်ပေးထားပါတယ်။ ဒီအရောင်စုဖွဲ့မှုက အိမ်လာတဲ့ဧည့်သည်တွေတောင် သင်နဲ့အတူ နေ့လည်အိပ်မက်မက်လို့ရလောက်အောင် သားနားတောက်ပတဲ့ အရောင်ဒီဇိုင်းကို ဖန်တီးပေးမှာဖြစ်ပါတယ်။

 

Starry Night ကို သတ္တုနဲ့ငွေရောင်အဆင်တန်ဆာတွေနဲ့ ဖြည့်စွက်ပေးလိုက်တဲ့အခါ အရောင်တောက်ပမှုပိုမိုထင်ရှားလာစေသလို အဖြူ ဒါမှမဟုတ် မနုမရင့်အရောင်ပရိဘောဂတွေနဲ့တွဲဖက်ပေးလိုက်တဲ့အခါ လရောင်သွင်ပြင်ပုံစံ ထင်ရှားလာစေပါတယ်။ ဒီဒီဇိုင်းပရောဂျက်ကို Jotun နဲ့ Nostaloft စတူဒီယိုတို့ ပူးပေါင်းမှု အပိုင်းနှစ်အဖြစ် တင်ဆက်ပေးတာဖြစ်ပါတယ်။ Nostaloft ရဲ့ဒီဇိုင်းအဖွဲ့ခေါင်းဆောင် ချန်းက အရောင်ဖွဲ့စည်းပုံအမျိုးအစားစုံ နှစ်သက်တယ်ဆိုရင် အစိမ်း၊အ၀ါ၊အပြာ သို့မဟုတ် ခရမ်း အဆင်တန်ဆာတွေအသုံးပြုပြီး  သဘာဝအတိုင်းဖြစ်ပေါ်တဲ့ Northern Lights သို့မဟုတ် Aurora Borealis တို့ရဲ့ အလှအပလို ထပ်တူကျအောင်ပြုလုပ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

 

အရောင်အမျိုးအစားအစုံပေါ်မှာ တောက်ပတဲ့ ဒီဇိုင်းဖန်တီးချင်တယ်ဆိုရင် Majestic Design Diamond နဲ့ ပေါင်းစပ်နိုင်တဲ့ အရောင်အနုအရင့်မျိုးစုံရွေးချယ်နိုင်ပြီး အရောင်မှိုင်းမှိုင်းတွေ၊ အဆင်အကွက်တွေနဲ့ ပေါင်းစပ်နိုင်တဲ့ အလင်းရောင်ပြန်အမှုန်တွေ အသုံးပြုပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးမယ်ဆိုရင် အလင်းရောင်ဘယ်နေရာကျသည်ဖြစ်စေ အခန်းတိုင်းမှာ မှော်ဆန်တဲ့အရောင်ဖြာထွက်မှုကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။

 

Majestic Design Diamond အမျိုးအစားနဲ့ ပြုလုပ်ထားပြီး ကိုယ်တိုင်ပြုလုပ်ရလွယ်တဲ့ ပရောဂျက်များကို အောက်ပါလင့်ခ်ကနေ ဆက်လက်လေ့လာနိုင်ပါတယ်။

 

Download Majestic Design Brochure

 

Jotun Majestic Design Diamond အမျိုးအစားရဲ့ အရောင်အမျိုးအစားစုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

 



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်