ပျော်ရွှင်ဖွယ်အိမ်လေးဖြစ်စေမည့် လန်းဆန်းတောက်ပသော အရောင်လေးများ

8302 Laurel နဲ့ 20047 Blushing Peach အရောင်များရဲ့ ပေါင်းစပ်မှုဟာ နွေဦးရာသီရဲ့ ပျော်ရွှင်စရာအချိန်များကို အမှတ်ရစေပါတယ်။

နွေဦးနဲ့ နွေရာသီရောက်ရှိလာပြီဆိုတဲ့ အဓိပ္ပါယ်ဆောင်သလို အားသစ်ဖြစ်စေတဲ့ ဒီအရောင်များဟာ အချိန်ကာလမဲ့လှပမှုကို ပေးစွမ်းနိုင်ပါတယ်။

Jotun ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာလာမန်နေဂျာ Lisbeth Larsen ကတော့ သူတို့ဟာ တစ်နည်းနည်းနဲ့ သစ်ဆန်းအောင် အမြဲအားထုတ်တတ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် ဂန္ဓ၀င်ဂီတလို၊ ပရိဘောဂလို ဒါမှမဟုတ် သဘာဝရဲ့ စိတ်ချမ်းမြေ့စေတဲ့ အရောင်တွေလို အရာတွေဟာ အမြဲလန်းဆန်းလှပနေတတ်ကြောင်း ရှင်းပြပါတယ်။

ညင်သာတဲ့ နွေဦးလေပြည်နဲ့ သက်ဝင်လှုပ်ရှားတဲ့ နွေရာသီပန်းတွေရဲ့ စိတ်ကြည်နူးစရာမြင်ကွင်းတွေလိုပဲ Jotun Spring and Summer Collection ဆိုတာက အိမ်ထဲကို ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်စရာတွေ ဆောင်ကြဉ်းလာမယ့် အရောင် အမျိုးအစားအစုံကို စုစည်းထားတာပဲ ဖြစ်ပါတယ်။

နံရံအရောင်: Majestic Colour အမျိုးအစား 10678 Space. စားပွဲအရောင်: Gardex Semi Gloss 20047 Blushing Peach.

 

ခေတ်စားနေတာထက် ကျော်လွန်ကာ မြင်ကြည့်ခြင်း

အိမ်ပိုင်ရှင်တွေက ခေတ်စားနေတာကို လိုက်မလုပ်ဘဲ ကိုယ်တိုင်စိတ်ကြိုက်ပြုလုပ်ဖို့ ပိုမိုအားသန်တဲ့ ခေတ်ကာလကို ရောက်ရှိနေကြောင်း Lisbeth ကရှင်းပြပါတယ်။ ရိုးရှင်းတဲ့ အပြောင်းအလဲတွေက အိမ်အတွင်းပိုင်းအပြင်အဆင်ကို ထူးခြားသွားစေလေ့ရှိကြောင်းလည်း သူကယုံကြည်ထားပါတယ်။

Jotun Spring and Summer Collection ထဲမှာပါဝင်တဲ့အရောင်တွေက တရောင်နဲ့ တရောင်လိုက်ဖက်တာကြောင့် ကိုယ့်စိတ်ကြိုက်အရောင်တွေကို တွဲဖက်အသုံးပြုဖို့ ပိုမိုလွယ်ကူစေပါတယ်။ မျက်လုံးနဲ့ ကြည့်ပြီး အတွဲညီတဲ့ အရောင်တွေကို လွယ်လွယ်ရွေးချယ်နိုင်တာကြောင့် စိတ်ကြိုက်အိမ်အတွင်းပိုင်းပုံစံကို သက်သောင့်သက်သာနဲ့ ဖန်တီးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

Majestic True Beauty အမျိုးအစား  20047 Blushing Peach အမှိန်ရောင် ရဲ့ သုတ်ဆေးလွှာအထပ် အနည်းငယ်သုံးပေးရုံနဲ့ သင့်ဧည့်ခန်းဟာ ဘ၀သစ်စတင်တဲ့ ခံစားချက်လိုမျိုးကို ရရှိသွားစေမှာဖြစ်ပါတယ်။

Majestic True Beauty အမျိုးအစား အ၀ါမှိုင်းရောင် 10683 Cashmere က အမြဲလှပတဲ့ အရောင်မျိုးဖြစ်ပါတယ်။

 

အစိမ်းရောင်နဲ့အလှဆင်ခြင်း

8302 Laurel အရောင်က နေရာစုံသုံးလို့ရတဲ့ အစိမ်းရောင်ဖြစ်ပြီး ဖျော့တဲ့ 8281 Pale Linden အရောင်နဲ့လိုက်ဖက်ပါတယ်။

Majestic True Beauty အမျိုးအစား အရောင်မှိုင်းတဲ့ 8281 Pale Linden က ပြီးပြည့်စုံပြီး ရာသီနဲ့လိုက်ဖက်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။

 

အာရုံနိုးကြားလန်းဆန်းစေတဲ့ အနီရောင်

အနီရောင်အဆင်တွေက နံရံကို နိုးကြားအသက်ဝင်စေပါတယ်။ နှင်းဆီမှိုင်းရောင် 20047 Blushing Peach က 2859 Whispering Red အရောင်ကို နှစ်လိုဖွယ်ဖြစ်အောင် ဖြည့်ဖက်ပေးတဲ့ အရောင်ဖြစ်ပါတယ်။

နံရံ:Majestic True Beauty အမျိုးအစား အရောင်မှိုင်းတဲ့ 2859 Whispering Red စားပွဲ: နံရံအရောင်နဲ့ဆင်တူ Gardex Semi-Gloss

Majestic True Beauty အမျိုးအစား အရောင်မှိုင်းတဲ့ 20047 Blushing Peach။ ဒီဇိုင်းပြုလုပ်သူ Kråkvik & D’Orazio

 

အ၀ါဖျော့ရောင်

10683 Cashmere က အစိမ်းရောင်နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ အ၀ါမှိုင်းအရောင်ဖြစ်ပါတယ်။ သနပ်ခါးအရောင်မျိုးကို ရွေးချယ်ဖို့ ဆိုရင် လူတိုင်းနှစ်သက်တတ်ကြပါတယ်။

 

အရောင်ငြိမ်တဲ့ မနုမရင့်အရောင်များ

10678 Space က သမိုင်းတစ်လျှောက် အကောင်းဆုံး  မနုမရင့်အရောင်တစ်မျိုးဖြစ်ပါတယ်။ အရောင်ခြယ်မယ့်အထဲမှာ အဖြူရောင်ပါတဲ့အခါမျိုးမှာ ဒီအရောင်ထပ်ထည့်မယ်ဆိုရင် ဘယ်တော့မှမမှားနိုင်ပါဘူးလို့ Lisbeth က ပြောပါတယ်။

နံရံ:Majestic True Beauty အမျိုးအစား မှိုင်းတဲ့အရောင် 10678 Space. စားပွဲ:အဆုံးစွန်လှပတဲ့ မှိုင်းတဲ့အရောင် 20047 Blushing Peach

Jotun ရဲ့ အကောင်းဆုံးကုန်ပစ္စည်းတွေကို အသုံးပြုပြီး လှပတဲ့ရလဒ်တွေကို ရရှိမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ Majestic ကုန်ပစ္စည်းတွေအကြောင်းကို ဒီလင့်ခ်ကနေ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

https://www.jotun.com/mm/en/b2c/products/interior/majestic/index.aspx

 

ဓာတ်ပုံဒီဇိုင်းအပြင်အဆင်တွေကို  Kråkvik & D’Orazio က ပြုလုပ်ပေးပြီး ဓာတ်ပုံတွေကို Lasse Fløde / Pudder Agency   ကရိုက်ယူပေးတာဖြစ်ပါတယ်။



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်