ငြီးငွေ့ဖွယ် အိမ်အတွင်းပိုင်းအပြင်အဆင်မှ ဣနြေ္ဒရသိမ်မွေ့သော သဲကန္တာရနှင်းဆီရောင်အပြင်အဆင်သို့

သဲကန္တာရရာသီဥတုဟာ ပြင်းထန်ကြမ်းတမ်းပေမယ့် နေရောင်တလက်လက်ထနေတဲ့ ပြေပြစ်တဲ့သဲသောင်ခုံတွေကနေ ရှားပါးပြီးဆွဲဆောင်မှုရှိကာ စိမ်းလန်းတဲ့ သစ်ပင်ချုံပုတ်တွေ၊ အိုအေစစ်တွေပါဝင်တဲ့ သဘာဝအလှရှုခင်းတွေဟာ ရင်သပ်ရှုမောစရာ၊ မြင်သူဘ၀င်ခိုက်စရာအတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုအရောင်စုံလင်တဲ့ မြင်ကွင်းမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့ရိုးရိုးအိမ်တွင်းအပြင်အဆင်ကို တည်ငြိမ်အေးချမ်းတဲ့ စိတ်ကူးယဉ်သဲကန္တာရပုံစံ ပြောင်းလဲနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။

အခုဆိုရင် သင်နေထိုင်ရာနေရာဟာ ငြီးငွေ့အသက်မဲ့နေမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ အရောင်တွေ၊ပရိဘောဂတွေ မှန်မှန်ကန်ကန်ရွေးချယ်ပြီး လိုက်ဖက်တဲ့ အရောင်တွေ၊ ဆန့်ကျင်ဖက်အရောင်တွေ ဟန်ချက်ညီညီသုံးကာ သင်ရော သင့်အိမ်လာတဲ့ ဧည့်သည်တွေပါ သဘောကျနှစ်ခြိုက်သွားစေမယ့် သက်သောင့်သက်သာဆွဲဆောင်မှုရှိတဲ့ အိမ်အတွင်းပိုင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ သေချာနေပြီပဲဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ အရောင်တွေအကြောင်း ပြောကြည့်ပါမယ်။ Jotun အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ထိပ်တန်းလူကြိုက်များလာမယ့် အရောင်ဒီဇိုင်းအကြောင်း အဓိကရှင်းပြပေးပါမယ်။ ပေးထားတဲ့လင့်ခ်ကို နှိပ်ပြီး Rhythm of Life အရောင်ကဒ်ကိုသွားရောက်ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် သင်ဟာ အစဉ်အလာမိန်းခလေးဆန်တဲ့ အရောင်တွေကိုနှစ်သက်သူမျိုးဆိုရင် ဒီဒီဇိုင်းက သင့်အိမ်အတွက် ရွေးချယ်မယ့် ဒီဇိုင်းဖြစ်လာမှာ သေချာပါတယ်။

အိုဟောင်းတဲ့ ဒါမှမဟုတ် အဖြူချွတ်ထားတဲ့ နံရံတွေကို နွေးထွေးလှိုက်လှဲတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်မယ့် မက်မွန်သီးဖျော့ရောင်၊နီဝါရောင်နဲ့နီညိုရောင်တွေလို အရောင်အုပ်စုတူတဲ့ အရောင်တွေအကြောင်း စဉ်းစားကြည့်ပါ။ Blushing Peach 20047 အရောင်မျိုးကို ဆိုလိုတာပါ။ ဒီအရောင်ကို အော်စလိုအခြေစိုက်နာမည်ကြီး အိမ်အတွင်းပိုင်းဒီဇိုင်းဆရာမ Jannicke Kråkvik ကတောင် ထောက်ခံချက်ပေးထားတာပါ။ လာမည့်နှစ်အတွက် သူ့ရဲ့အကြိုက်ဆုံးအရောင်လို့ ပြောထားပါသေးတယ်။ သဘာဝအလင်းရောင်နဲ့တွဲဖက်ပြီး ပန်းရောင်နေ၀င်ချိန်ပုံစံဖြစ်အောင် တုပပေးနိုင်တဲ့ ဒီရွှေနှင်းဆီရောင်ဟာ ဧည့်ခန်း၊မီးဖိုခန်းအပါအ၀င် အိမ်အတွင်းပိုင်းဘယ်နေရာမဆို အသုံးပြုလို့ အဆင်ပြေပါတယ်။

Rhythm of Life အရောင်ကဒ်မှ အရောင်အတန်းတစ်တန်းချင်းစီအလိုက် လိုက်ကြည့်ရင် Blushing Peach 20047 အရောင်ထက်နည်းနည်းပိုရင့်တဲ့ Savanna Sunset 20046 အရောင် ဒါမှမဟုတ် နွေးထွေးပေါ့ပါးတဲ့ အနီရိပ်အရောင် Almond Beige 10966 တို့လို သဲကန္တာရဆန်တဲ့ အခြားအရောင်တွေကို တွေ့နိုင်ပါသေးတယ်။ ဒီအရောင်တွေအားလုံးကို ညီညီညွတ်ညွတ်ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။

ဒီဇိုင်းအသစ်နဲ့ လက်ရှိပရိဘောဂတွေကို ဒီအတိုင်းထားနိုင်သလို နောက်ထပ်ပရိဘောဂထပ်ဖြည့်ရင်လည်း ပြဿနာမရှိနိုင်ပါဘူး။ သဲကန္တာရဆန်တဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ကို အညိုရောင်ပရိဘောဂတွေ ဒါမှမဟုတ် ကော်ဖီစားပွဲလို၊ မြင်း၊ကုလားအုတ်စတဲ့ တိရစ္ဆာန်အရုပ်တွေလို သစ်သားအရုပ်အဆင်တန်ဆာတွေပေါင်းထည့်ပေးလိုက်ရင် ပိုမိုလှပလာစေမှာဖြစ်ပါတယ်။ဒါ့အပြင် Mediterranean သို့မဟုတ် Bedouin(သဲကန္တာရတွင်နေထိုင်သူများ) အသုံးပြုသည့်ပုံစံ ကော်ဇောတွေ၊နံရံချိတ်တဲ့ ကိရိယာတွေ တပ်ဆင်ပေးလိုက်ရင် သဲကန္တာရအငွေ့အသက်ပိုမို ပေါ်လွင်သွားစေမှာဖြစ်ပါတယ်။

 

ဒီလို လှပတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်တွေ ၀န်းရံပြီး သက်သောင့်သက်သာဇိမ်ကျနေမယ့်အဖြစ်ကို စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ ရောင်းအားအကောင်းဆုံး ၀တ္ထုရေးဖို့ စိတ်ကူးစိတ်သန်းတွေတောင် ပေါ်လာစေနိုင်တယ်လို့ ပြောရင်လွန်မယ်လို့တောင် မထင်ပါဘူး။



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်