မြို့ပြစည်းချက်များ နှင့် ခတ်မီပုံစံပြုလုပ်ခြင်း

ဂီတမှာလို စည်းချက်ကျမှုဟာ ခြားနားသော အချိန်အတိုင်းအတာတွေအတွင်းမှာ ပြောင်းလဲတဲ့ လှုပ်ရှားမှုတိုင်းရဲ့ ဗဟိုချက်ဖြစ်ပါတယ်။ လူ့ဘ၀မှာလည်း စည်းချက်အမျိုးမျိုးကြောင့် မတူညီတဲ့ စေ့ဆော်မှုတွေ ထွက်လာသလိုပါပဲ။ ရုပ်ဝတ္ထုပတ်ဝန်းကျင်တွေအကြောင်း ပြောတဲ့အခါမှာ အရောင်တွေဟာ လူတွေရဲ့ နေထိုင်မှုပုံစံ၊ ဘ၀စည်းချက်နဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်မျိုးဖြစ်ပေါ်အောင် ကူညီပေးနိုင်ပါတယ်။ Jotun ကလည်း အပြာရောင်နဲ့အပြာဆင်အရောင်များ၊တွဲဖက်ညီတဲ့ ဆန့်ကျင်ဖက်အရောင်များပြီးတော့ ဒီအရောင်တွေနဲ့ လိုက်ဖက်တဲ့ အဆင်တန်ဆာတွေကို ရှာဖွေဖို့ Rhythm of Life’s City Motions အမည်နဲ့ စူးစမ်းလေ့လာနေကြပါတယ်။

 

 

Jotun မှ အဖွဲ့တစ်ဖွဲ့ဟာ Menara Oval, Damansara ရှိ Nostaloft စတူဒီယိုမှာ အခန်းသွင်ပြင်ပြောင်းလဲကြည့်ကျဖို့ ထွက်ခွာခဲ့ကြပါတယ်။

 

 

Jotun မှအရောင်မန်နေဂျာ ကင်မီလင်းဟာ ဘရွတ်ကလင်း၊ကိုပင်ဟေဂင်၊ဘာလင်တို့လို ကမ္ဘာ့အဓိကမြို့တော်ကြီးတွေရဲ့ မြို့ပြစွန့်စားမှုကို ဖမ်းဆုပ်နိုင်တဲ့ အရောင်ဒီဇိုင်းအဖြစ် City Motions ကို အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒီမြို့ကြီးတွေဟာ လျင်မြန်စွာ ပြောင်းလဲနေတယ်လို့ ထင်ရပေမယ့် သူတို့အားလုံးမှာ လက်မှုပစ္စည်းတွေကနေ လက်ဖျော်ကော်ဖီတွေအထိ ရိုးရှင်းတဲ့ နေ့စဉ်အရာဝတ္ထုပစ္စည်းတွေ၊ရွေ့လျားမှုတွေပါဝင်တဲ့ ထူးခြားကာ လူမသိသူမသိနှေးကွေးလေးလံတဲ့ ဘ၀နေထိုင်မှုနည်းလမ်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ ခေတ်မီအရောင်ပုံစံပြုလုပ်မယ့် ကင်မီရဲ့ ရည်ရွယ်ချက်က Industrial Blue 5455 လို အပြာဆင်အရောင်တွေနဲ့ ပုံတွေထဲမှာပြထားသလို ဖြည့်စွက်အညိုဆင်အရောင်တွေနဲ့ ရောမွှေပေးလိုက်ဖို့ပဲဖြစ်ပါတယ်။ ဒီအရောင်ပေါင်းစပ်မှုက စံချိန်မီကြော့မော့ခမ်းနားမှုကို ဖြစ်စေသလို အထူးသဖြင့် ဖက်ရှင်ကမ္ဘာမှာ အချိန်ကာလမဲ့လှပမှုကို ပေးစွမ်းပါတယ်။ Jotun ရဲ့ အပြာရင့်အိမ်သုတ်ဆေးနဲ့ မနုမရင့်ပရိဘောဂအရောင်တွေ တွဲဖက်ပေးလိုက်တဲ့အခါ အပူအအေးအရောင်တွေကြားက ဆန့်ကျင်ဖက်ဖြစ်ပေမဲ့ သဟဇာတဖြစ်မှုကို ဖော်ပြပေးပါတယ်။ အဆင်တန်ဆာအနည်းငယ်ပေါင်းစပ်ပေးလိုက်မယ်ဆိုရင် စံပြုလောက်တဲ့ စကင်ဒီနေးဗီးယန်းစတိုင် ရိုးရှင်းမှုဖွဲ့စည်းပေးတဲ့ ပုံသဏ္ဌာန်ဖြစ်ပေါ်သွားစေပါတယ်။

 

 

ဒီစတိုင်ကို Nostaloft နဲ့ သူ့အတွင်းပိုင်းအပြင်အဆင်ဒီဇိုင်နာခေါင်းဆောင် ချန်း တို့က နှစ်သက်ခဲ့ကြပါတယ်။ ဗိသုကာနယ်ပယ်မှာ ခုနစ်နှစ်ကျော် အလုပ်အတွေ့အကြုံရှိခဲ့ပြီးဖြစ်တဲ့ ချန်းက လောလောဆယ် ပရိဘောဂဒီဇိုင်းတွေနဲ့ အလှဆင်ရတာကို အကြိုက်တွေ့နေပါတယ်။ သူက နေရာကို ချောမွတ်တောက်ပြောင်တဲ့ Babakagu ပရိဘောဂနဲ့အလှဆင်ဖို့ ရွေးချယ်ပါတယ်။ အဆင်တန်ဆာနည်းနည်းနဲ့ ခေတ်ပြိုင်ဥရောပအပြင်အဆင်ကို သဘောကျတယ်ဆိုရင် ဒီစတိုင်က သင့်ရဲ့နောက်လာမယ့်အိမ်ဒီဇိုင်းပရောဂျက်အတွက် စဉ်းစားသင့်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။

 

 

သင့်ရဲ့နံရံတွေကို ပိုမိုနူးညံ့တဲ့ ပုံစံဖန်တီးချင်တယ်ဆိုရင် အရောင်လေးရောင်ပေါင်းစပ်ထားတဲ့ လှပတဲ့ အဆင်အကွက်ဒီဇိုင်း နံပါတ် ၅၇ ကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။ လိုင်နင်သက်ရောက်မှု ထင်ရှားစေဖို့ ဒေါင်လိုက်နဲ့ အလျားလိုက် လိုင်းတွေကို ဂရုတစိုက်အလွှာထပ်ထားတဲ့ Industrial Blue 5455 အရောင်ကို အခြေခံထားပြီး Jotun White 0001, Majestic Design Pearl အမျိုးအစားထဲမှ Bianco 9958 နှင့် the Prestige range မှ Antique Gold 10491 အရောင်တွေနဲ့ ပေါင်းစပ်ထားပါတယ်။

ဒီဇိုင်းအသစ်နဲ့ သစ်လွင်လှပတဲ့ နေရာတွေကို ချန်းက နှစ်သက်ခဲ့ပြီး ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ အဆင်အကွက်ဒီဇိုင်း နံရံအရောင်တွေကပေးစွမ်းတဲ့ အင်အားဖြစ်ပြီး တည်ငြိမ်တဲ့ အသွင်ကို သဘောကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒီဇိုင်းက ပရိဘောဂတွေ ပိုမိုပေါ်လွင်သွားအောင် ပြုလုပ်ပေးတယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါကတော့ City Motions အရောင်ဒီဇိုင်းနဲ့အသွင်ပြောင်းလဲပုံ အကြောင်းပဲဖြစ်ပါတယ်။ Nostaloft စတူဒီယိုမှာ ဒီဇိုင်းဆင်ပေးတဲ့ အဖွဲ့နဲ့ နောက်ထပ်အလုပ်အတူတွဲလုပ်မယ့် အဖွဲ့တွေအများကြီးရှိလာမယ်လို့လည်း မျှော်လင့်နေပါတယ်။ စာဖတ်သူမိတ်ဆွေရဲ့ ဘ၀စည်းချက်ပြောင်းလဲပေးဖို့ စိတ်အားတက်ကြွစေလိမ့်မယ်လို့ မျှော်လင့်ထားသလို နောက်လာမယ့် Jotun ရဲ့အခန်းအသွင်ပြောင်းလဲတဲ့ အတွေ့အကြုံလေးတွေကို မလွတ်တမ်းအားပေးဖို့လည်း မမေ့ပါနဲ့နော်။



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်