Jotun Colour Design အက်ပလီကေးရှင်း သို့မဟုတ် လက်ချောင်းလေးနဲ့ ထိလိုက်ခြင်းဖြင့် သင့်အိမ်အတွက် အကောင်းဆုံးအရောင်ကို ရှာဖွေနိုင်ခြင်း

Jotun Colour Design အက်ပလီကေးရှင်းဟာ သင့်တော်တဲ့ အရောင်တွေကို ရှာဖွေဖို့ အလွန်အသုံးဝင်ပါတယ်။ သင့်ကိုယ်ပိုင်ဖုန်းနဲ့ သင့်အိမ်ကို ဘယ်လိုအသွင်ပြောင်းလို့ရသလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

1. အားကျစရာ နောက်ဆုံးပေါ်ဒီဇိုင်းများကို ကြည့်ရှုပါ။

Jotun ရဲ့နောက်ဆုံးပေါ်အရောင်များနဲ့ အလှဆင်ထားတဲ့ အိမ်ပုံလှလှလေးများကို ကြည့်ရှုရင်း လတ်ဆတ်တဲ့စိတ်ကူးတွေကို ရယူပါ။

 

2. Jotun ရဲ့ ထုတ်ကုန်အရောင်များကို လေ့လာပါ။

ယခုနှစ်အတွက် Jotun မှရွေးချယ်ထားတဲ့ Global Colour Trends အရောင်များနဲ့ Jotun ကာလာစင်တာမှ အရောင် ၁၂၈ မျိုးတို့ကို ကြည့်ရှုလေ့လာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်ဖို့အတွက် “စိတ်ကြိုက်” အဖြစ်သတ်မှတ်ပြီး သိမ်းထားပါ။

 

3. မတူညီတဲ့ အရောင်များကို စမ်းသပ်ပါ။

မတူညီတဲ့အရောင်များကို စမ်းသပ်စူးစမ်းကြည့်ပြီး အကောင်းဆုံးအရောင်ပေါင်းစပ်မှုတွေအကြောင်းနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို ရယူပါ။ မတူခြားနားတဲ့အရောင်တွေက နေရာတစ်နေရာကို လုံးလုံးအသွင်ပြောင်းသွားစေတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

 

4. ကိုယ်ပိုင်နေရာကို အရောင်ခြယ်ပါ။

Jotun Colour Design အက်ပလီကေးရှင်းနဲ့ ကိုယ်ပိုင်အိမ်၊နေရာကို အရောင်ခြယ်နိုင်ပါတယ်။ သင့်အိမ်နံရံတွေကို အရောင်ခြယ်ကြည့်ဖို့ ကိုယ့်အိမ်မှနေရာတစ်နေရာကို ဓာတ်ပုံရိုက်ယူပါ ဒါမှမဟုတ် ဖုန်းထဲမှာ ရှိပြီးသား ဓာတ်ပုံကို အက်ပလီကေးရှင်းထဲထည့်ပါ။ ခေါင်းအုံးတစ်လုံးလို ဓာတ်ပုံထဲမှ ပစ္စည်းတစ်ခုခုအပေါ်မှာ နှိပ်ပေးတဲ့အခါ အက်ပလီကေးရှင်းက Jotun အရောင်ကတ်တလောက်ထဲမှာရှိတဲ့ အနီးစပ်ဆုံး လိုက်ဖက်တဲ့အရောင်ကို အကြုံပြုပေးမှာဖြစ်ပါတယ်။

 

5. သင်နှစ်သက်ရာ Jotun ကုန်ပစ္စည်းကို ရွေးချယ်ပါ။

သင်အသုံးပြုချင်တဲ့ အရောင်တွေကို ဆုံးဖြတ်ပြီးတဲ့အခါ Jotun Colour Design အက်ပလီကေးရှင်းက သင့်အိမ်မျက်နှာပြင်နေရာတစ်ခုစီအတွက် သင့်တော်တဲ့ အိမ်သုတ်ဆေးကို ရှာဖွေနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။

 

6. တွက်ချက်ပါ။ အော်ဒါမှာပါ။ ၀ယ်ယူပါ။

သင်ဆေးသုတ်လိုတဲ့ မျက်နှာပြင်အတိုင်းအတာကို အက်ပလီကေးရှင်းထဲမှာရိုက်ပြီး လိုအပ်မယ့် အိမ်သုတ်ဆေးပမာဏကို တွက်ချက်နိုင်ပါတယ်။ ၀ယ်ယူမယ့် ကုန်ပစ္စည်း၊အရောင်၊ပမာဏတွေကို အတည်ပြုပြီးတဲ့အခါ အနီးဆုံး Jotun အရောင်းဆိုင်သို့ သင့်ရဲ့အော်ဒါကို အက်ပလီကေးရှင်းကနေတဆင့် အော်ဒါမှာလိုက်ပါ။ Jotun အရောင်းဆိုင်က စောင့်ရတဲ့အချိန်နည်းသွားအောင် သင့်အော်ဒါကို ကြိုတင် ပြင်ဆင်ပေးထားမှာဖြစ်ပါတယ်။

 

Jotun Colour Design အက်ပလီကေးရှင်းကို  Google Play သို့မဟုတ် Apple App Store ကနေတဆင့် အခုပဲဒေါင်းလုပ်ရယူလိုက်ပါ။

 

အက်ပလီကေးရှင်းစတင်သုံးတဲ့ အချိန်ကစပြီး အကောင့်မှတ်ပုံတင်ထားဖို့ အကြံပေးပါရစေ ဒါမှသာ သင်ပြုလုပ်ထားတဲ့ ဒီဇိုင်းပရောဂျက်တွေ၊ အနှစ်သက်ဆုံးအရောင်တွေကို အမြဲတမ်းတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

 

အရောင်တွေက ဖုန်းစခရင်တစ်ခုနဲ့တစ်ခု၊ မတူညီတဲ့ အလင်းရောင်ကျမှုတွေကြောင့် ကွဲပြားသွားနိုင်ပါတယ်။ တောက်ပမှုနဲ့ အောက်ခံအလွှာတို့ဟာ အရောင်တွေရဲ့ပုံသဏ္ဍာန်ကို ထိခိုက်စေပါတယ်။ အရောင်အစစ်အမှန်ကို မြင်ရဖို့ ပြင်ပအရောင်အစစ်နမူနာကို ရှာဖွေကြည့်ရှုပေးပါ။

 



ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်