ကလေးများအတွက် ကောင်းမွန်ပြီးလွတ်လပ်အေးချမ်းတဲ့အခန်းဖန်တီးနိုင်မယ့် အချက် ၅ ချက်

ကလေးတွေရဲ့အခန်းဆိုတာ ငြိမ်းချမ်းမှု၊ ဉာဏ်ကွန့်မြူးမှု၊လုံခြုံမှုရှိမှုတို့ကိုရှာဖွေတွေ့ရှိနိုင်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်နန်းတော်ပဲဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အရွယ်ရောက်လာတဲ့ သင့်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုအောင်ပြုလုပ်နိုင်ရပါမယ်။ ကောင်းမွန်လုံခြုံကာလွတ်လပ်အေးချမ်းသာယာတဲ့ ကလေးအခန်းတွေကိုဘယ်လိုပြုလုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးအကောင်းဆုံးအကြုံပြုချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်သုတ်ဆေးအမျိုးအစားကိုအသုံးပြုပေးပါ။

ရင်နှစ်သည်းချာလေးတွေအတွက် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးရပါမယ်။ ကလေးအခန်းတွေမှာJotunရဲ့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဆေးအမျိုးအစားဖြစ်တဲ့ Majestic Perfect Beauty & Careကိုအသုံးပြုပေးရပါမယ်။

လှပတဲ့အရောင်အသွေးစုံပါဝင်ပြီးအရည်အသွေးမြင့်တာရှည်ခံဆေးအမျိုးအစားပဲဖြစ်ပါတယ်။ အနံ့အနည်းဆုံးနဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ထုတ်လွှင့်မှု အနည်းဆုံးလည်းဖြစ်ပါတယ်။ ဆေးအသစ်သုတ်ထားတဲ့ ချစ်စရာအခန်းလေးထဲမှာသင်နဲ့သင့်ကလေးငယ်တွေ လွတ်လပ်ပေါ့ပါးစွာအသက်ရှူနိုင်မှာဖြစ်ပါတယ်။

အရောင်တွေနဲ့ အလှဆင်ပါ။

ကလေးတွေကအရောင်တွေကို နှစ်သက်ကြပါတယ်။ အငယ်ဆုံးကလေးတွေကတောင် သူတို့နားမှာအရောင်များများရှိတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အဖြူ၊မီးခိုးစတဲ့အရောင်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒီအရောင်တွေကကလေးတွေကို ဘာတွန်းအားစေ့ဆော်မှုမှ မပေးလို့ပါပဲ။ နွေးထွေးစေတဲ့ အရောင်အမျိုးအစားတွေကတော့ စိတ်ဓာတ်မြှင့်တင်ပေးတာနဲ့ ကောင်းကောင်းမွန်မွန်အိပ်စက်အနားယူနိုင်အောင် တွန်းအားပေးနိုင်ကြပါတယ်။

ကလေးငယ်ရဲ့အခန်းဟာကလေးတွေနဲ့အတူတကွကြီးပြင်းလာမှာဖြစ်ပါတယ်။ တီထွင်ဖန်တီးတဲ့ ကစားနည်းတွေ ကစားတတ်အောင်၊ သူငယ်ချင်းကောင်းတွေနဲ့ ပေါင်းသင်းတတ်အောင် လှုံ့ဆော်မှုပေးမှာ ဖြစ်ပါတယ်။ နေ့ရောညပါကစားဖို့ တွန်းအားပေးမယ့် အရောင်တွေကိုစိတ်ကြိုက်ရွေးချယ်ပေးပါ။

ပုံမှာပြထားတဲ့ ကလေးခန်းကိုလှပတဲ့ 5030 St. Paul’s Blueအရောင်နဲ့ ဆေးသုတ်ထားတာဖြစ်ပါတယ်။ ဒီဆေးက နှစ်တွေအကြာကြီးတာရှည်ခံနေမယ့် ဆေးအမျိုးအစားပဲဖြစ်ပါတယ်။

ကလေးနှစ်သက်တဲ့ အရောင်ကိုရွေးချယ်ခိုင်းပါ။ ဒါပေမယ့် ရွေးချယ်စရာကိုကန့်သတ်ထားပါ။

ကလေးကအရောင်တွေရွေးတဲ့အခါ သူတို့စိတ်ဝင်စားတဲ့အရာတွေ၊ TVဇာတ်ကောင်တွေ၊ ရုပ်ရှင်တွေ ဒါမှမဟုတ်ရင် အစ်ကိုကြီး၊အစ်မကြီးတွေရဲ့အကြိုက်တွေစတဲ့ အချက်တွေပေါ်မှာမူတည်ရွေးချယ်တတ်ကြပါတယ်။ သူတို့အခန်းအတွက် သူတို့စိတ်ကြိုက်အရောင်တွေကိုရွေးချယ်ခိုင်းပါ။ ဒါပေမယ့် ရွေးချယ်စရာအရောင်အများကြီးကိုတော့ မပေးထားသင့်ပါဘူး။ ရွေးချယ်စရာနည်းနည်းလေးပေးထားတာကငယ်ရွယ်တဲ့ ကလေးတွေအတွက် ဆုံးဖြတ်ချက်ချဖို့ ပိုမိုလွယ်ကူမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကိုသုံးပြီးသင့်လျော်တဲ့ အရောင်အတွဲအစပ်ကိုရရှိပြီး ငြိမ်းချမ်းသာယာတဲ့ အိမ်ဂေဟာဖြစ်အောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

လိုက်လျောညီထွေတဲ့ ဆန့်ကျင်ဖက်အရောင်တွေကပျော်ရွှင်စရာဖြစ်စေပါတယ်။

အခန်းတစ်ခန်းမှာအရောင်တွေကိုပေါင်းစပ်အသုံးပြုတဲ့အခါ ခံ့ညားသပ်ရပ်သွားအောင် အရောင်ဆင်တူတွေကိုအသုံးပြုကြတာများပါတယ်။ သဘာဝအရလည်း လူတွေကဆန့်ကျင်ဖက်အရောင်တွေကိုယှဉ်တွဲအသုံးပြုရမှာကိုတွန့်ဆုတ်တတ်ကြပါတယ်။ ဒါပေမယ့် မှန်မှန်ကန်ကန်ပေါင်းစပ်တတ်မယ်ဆိုရင်တော့ ဆန့်ကျင်ဖက်အရောင်တွေအသုံးပြုပေးတာကလှိုက်လှဲပျူငှာပြီးထူးခြားတဲ့ ကလေးအခန်းလေးတွေဖြစ်ပေါ် အောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အရောင်တွေနဲ့ ကစားကြည့်ပါ။ မတူညီတဲ့ ပန်းရောင်၊ အဝါရောင်နဲ့ အစိမ်းရောင်တွေကိုအသုံးပြုပြီး ကလေးဘဝရဲ့ရွှင်မြူးတက်ကြွမှုကိုဖော်ထုတ်ပေးလိုက်ပါ။

Jotunရဲ့ 10246 Velvet နဲ့10580 Soft Skinတို့ကိုအသုံးပြုပြီး ပန်းရောင်နဲ့အဝါရောင်ဆန့်ကျင်ဖက်အရောင်တွေကရိုးရာမဆန်ထူးခြားတဲ့ ပျော်မြူးစရာပေါင်းစပ်မှုဖြစ်သွားစေမှာဖြစ်ပါတယ်။Gardex Semi-Glossအမျိုးအစား2856 Warm Blushပန်းရောင်နဲ့ ကုလားထိုင်ကိုဆေးသုတ်ပေးလိုက်တဲ့အခါ အခန်းဟာပေါ့ပါးနူးညံ့ကာရွှင်မြူးစရာအငွေ့အသက်ရသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။

ခေတ်ဆန်ကြော့မော့တဲ့ စိတ်ကူးယဉ်မင်းသမီးအခန်းပုံစံ

ကလေးတွေငယ်ရွယ်စဉ်မှာမင်းသမီးမင်းသားပုံစံစိတ်ကူးယဉ်တတ်ကြပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ဒီလိုပုံပြင်ဆန်ဆန်စိတ်ကူးတွေ ပျောက်ကွယ်သွားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့အနှစ်သက်ဆုံးအရောင်တွေကိုတော့ အရွယ်ရလာတဲ့အချိန်အထိ ကြိုက်မြဲကြိုက်နေတတ်ကြပါတယ်။

နံရံ။ 10580 SOFT SKIN။ ကုလားထိုင်ကို2024 SENSESအရောင်သုတ်ထားပါသည်။

အခန်းကိုသိမ်မွေ့နူးညံ့တဲ့အရောင်နဲ့ သုတ်ပေးပြီးပရိဘောဂနဲ့အလှဆင်ပစ္စည်းတွေကိုပဲစိတ်ကူးယဉ် မင်းသမီးအခန်းဆန်ဆန်ဖြစ်စေမယ့် အရောင်တွေနဲ့ အလှဆင်ပေးသင့်ပါတယ်။။ ဒါမှသာသင့်သမီးငယ် အရွယ်ရောက်လာတဲ့အခါ သူမကြိုက်တော့တဲ့ ပရိဘောဂတွေကိုအလွယ်တကူအစားထိုးလို့ ရနိုင်ပြီးဖျော့တဲ့အရောင်နဲ့သုတ်ထားတဲ့ အခန်းနံရံတွေကိုတော့ ပြန်လည်ဆေးသုတ်စရာလိုအပ်တော့မှာမဟုတ်တာကြောင့်ပဲဖြစ်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *