စွမ်းအားပြည့်ဝစေတဲ့ STATEMENT BLUE

4863 Statement Blue ဟာ ခွန်အားနဲ့အရည်အသွေးပြည့်ဝတဲ့ အရောင်ဖြစ်ပါတယ်။

သန်စွမ်းကာ တစ်ကိုယ်ရေ ခံစားချက်ကို ပေါ်လွင်စေခြင်း

4863 Statement Blue ဟာ ခေတ်ဆန်တဲ့ ကိုယ်ပိုင်ယုံကြည်ချက်ကိုဖြစ်ပေါ်စေသော ရဲရင့်တဲ့ကိုယ်ပိုင်အတွင်းစိတ်ကို ဖန်တီးပေးပါတယ်။ စွမ်းအားပြည့်အရောင်ဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်စေပါတယ်။ ယုံကြည်စဖွယ် ထူးခြားကောင်းမွန်တဲ့ အရောင်ဖွဲ့စည်းမှုပြုလုပ်ဖို့ ဒီအရောင်ကို ရွေးချယ်ပေးပါ။

ရှင်းလင်းသန်စွမ်းတဲ့ အပြာရောင် 4863 Statement Blue ဟာ အားပါတဲ့ စရိုက်လက္ခဏာမျိုးရှိပြီး စိတ်လှုပ်ရှားဖွယ်အရောင်ဖြစ်ပါတယ်။

နံရံကို Majestic True Beauty Matt အမျိုးအစားနဲ့ ဆေးသုတ်ထားပါတယ်။ ဒီအရောင်လို အရောင်ရဲရဲနဲ့ ထင်ထင်ရှားရှားဖြစ်ပေါ်စေတဲ့ ပုံသဏ္ဍာန်မျိုးကို ပြုလုပ်ဖို့ အထူးအကြံပြုလိုပါတယ်။

4863 STATEMENT BLUE

အများက ကိုဗော့အပြာနဲ့ ဒီအပြာတောက်တောက်အရောင်ကို ပေါင်းစပ်ကြပါလိမ့်မယ်။ ထင်ရှားပြီး အားကောင်းတဲ့ ရဲရင့်သူများရဲ့ အရောင်ပေါင်းစပ်မှုဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ သိပြီးသား အပြာရောင်တွေဖြစ်တဲ့ 4477 Deco Blue နှင့် 4625 Nordic Seas တို့လို အရောင်တွေနဲ့ ခြားနားတာကို မြင်ရမှာဖြစ်ပါတယ်။

အရောင်ကြွယ်တဲ့ 4863 Statement Blue ကို အဖြူသန့်သန့် 9918 Morning Fog နဲ့ ပေါင်းစပ်တဲ့အခါ မျက်စိပသာဒဖြစ်ပြီး သပ်ရပ်ကျနသွားမှာဖြစ်ပါတယ်။ ဒီပုံမှာ Majestic Supreme Finish အမျိုးအစားတွေနဲ့ လှပအပြစ်ကင်းတဲ့ ပုံစံဖြစ်ပေါ်အောင် ပြုလုပ်ထားပါတယ်။

ဒီရဲရင့်တဲ့ အရောင်က မြင့်မားတဲ့ ကောင်းကင်တွေ၊ လွတ်လပ်ကျယ်ပြန့်တဲ ပင်လယ်တွေလို သဘာဝအကြောင်းအရာတွေကို ခံစားစိတ်ဖြစ်ပေါ်စေပါတယ်။

မနုမရင့် အတွဲအစပ်များ

4863 Statement Blue လို သန့်စင်အားကောင်းတဲ့ အပြာရောင်ကို အဖြူ ၊ မီးခိုးလို မနုမရင့်အရောင်တွေနဲ့ ပေါင်းစပ်ပေးလိုက်တဲ့အခါ မယုံနိုင်စရာစတိုင်ကျလှပသွားမှာ ဖြစ်ပါတယ်။ 9918 Morning Fog လို အဖြူသန့်သန့် သို့မဟုတ် မီးခိုးအနည်းငယ်သမ်းတဲ့ 1024 Timeless အရောင်တွေကို ရွေးချယ်ပါ။ 1032 Iron Grey သို့မဟုတ် 1462 Evening Sky တို့လို မီးခိုးရောင်တွေနဲ့ ပေါင်းစပ်တာကလည်း သန့်စင်အားကောင်းတဲ့ အတွဲအစပ်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။

4863 Statement Blue ဟာ မီးခိုးဖြူ 1024 Timeless နဲ့ပေါင်းစပ်တဲ့အခါ လှပမှာဖြစ်ပါတယ်။

ဒီသန့်စင်အားကောင်းတဲ့ အပြာရောင်ဟာ အဖြူ ၊ မီးခိုးလို မနုမရင့်အရောင်တွေနဲ့ ပေါင်းစပ်ပေးလိုက်တဲ့အခါ မယုံနိုင်စရာစတိုင်ကျလှပသွားမှာ ဖြစ်ပါတယ်။

ဒီအရောင်နဲ့ အဖြူသန့်သန့်အရောင်တွေ ပေါင်းစပ်ခြင်းကို အကြံပြုလိုပါတယ်။ Statement Blue နဲ့ အဆင်ပြေတဲ့ အဖြူတွေကတော့ 7236 Chi ၊ 9918 Morning Fog ၊ 1624 Skylight နဲ့ 1622 Edelweiss တို့ဖြစ်ကြပါတယ်။ 1001 Egg White ၊ 1453 Vanilla တို့လို ရွှေဖြူရောင်တွေကလည်း အရောင်ဆန့်ကျင်ဖက်ဖြစ်စေပြီး လိုက်ဖက်မှာဖြစ်ပါတယ်။

အားကောင်းသော အရောင်အတွဲအစပ်များ

အဝါရောင်က ဖြည့်ဖက်အရောင်ပုံစံဖန်တီးပြီး စိတ်လှုပ်ရှားစရာ ဆန့်ကျင်ဖက်အလှကို ဖြစ်ပေါ်စေပါတယ်။ 4863 Statement Blue ကို 10001 Dijon Yellow မြေဝါရောင်နဲ့ပေါင်းစပ်တဲ့အခါ အားကောင်းတဲ့အသွင်နဲ့ မှော်ဆန်တဲ့အလှဖြစ်ပေါ်စေပါတယ်။ အရောင်ကျစေတဲ့ ခံစားချက်ကို ရလိုတယ်ဆိုရင်တော့ မီးခိုးဝါရောင် 11174 Curious Mind က နောက်ထပ်ရွေးချယ်စရာ အရောင်ပဲဖြစ်ပါတယ်။

စိမ်းပြာရောင် 7637 Exhale ၊ 5489 Free Spirit တို့နဲ့ အတူတကွအသုံးပြုတဲ့အခါ 4863 Statement Blue အရောင်က မီးရှူးမီးပန်းလိုတောက်ပသွားမှာ ဖြစ်ပါတယ်။ ဒီလို စတိုင်မျိုးကိုမှ ပိုသန့်တဲ့အရောင်ကို ကြိုက်ရင်တော့ 6084 Sea Emerald ကို ရွေးချယ်ပေးပါ။ အပြာဖျော့အရောင်မျိုးနဲ့ ပေါင်းစပ်ချင်ရင်တော့ 4017 Pilaster Blue အရောင်က ပေါ့ပါးတဲ့ ဆန့်ကျင်ဘက်အလှအပဖြစ်စေမှာ ဖြစ်ပါတယ်။

4863 Statement Blue ကို 10001 Dijon Yellow မြေဝါရောင်နဲ့ပေါင်းစပ်တဲ့အခါ ပါဝါစွမ်းအင်ရှိတဲ့ စတိုင်ဖြစ်ပေါ်စေပါတယ်။

မှော်ဆန်တဲ့ အလှအပရရှိဖို့ အသစ်အဆန်းထူးခြားတဲ့ အရောင်ပေါင်းစပ်မှုကို ပြုလုပ်ကြည့်ပါ။ 4863 Statement Blue ကို 2024 Senses လို ပန်းရောင်နဲ့ တွဲဖက်ပေးလိုက်ပါ။



Leave a Reply

Your email address will not be published. Required fields are marked *