ဒီဆီးရောင်ပြေပြေအရောင်ကို ဟန်ချက်ညီစေမှုအတွက် ပြုလုပ်ထားပါသည်။

20142 Daydream ဟာ နှစ်သက်ဖွယ် ဆီးရောင်ပြေပြေအရောင်ဖြစ်ပါတယ်။ လှပ၊ခမ်းနားသောကြောင့် ကျော့မော့သားနားတဲ့ ဧည့်ခန်းတစ်ခုဖြစ်အောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်။

အားလပ်ချိန်ယူပါ။ နေ့ခင်းအိပ်မက် မက်ပါ။

ယနေ့ခေတ်မှာ နေ့ခင်းအိပ်မက်မက်ဖို့အချိန်ရှိတာဟာ ဇိမ်တစ်ခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုပ်ထွေးတဲ့ အလုပ်ချိန်တွေကနေ အားလပ်ချိန်ယူဖို့က အရေးပါလှပါတယ်။ စိတ်ကွန့်မြူးဖို့ အချိန်ရတာက ရေထဲမှာ ပုံရိပ်ထသလို စိတ်ကူးအသစ်တွေပေါ်ပေါက်ဖို့ ဖြစ်ပေါ်စေပါတယ်။

20142 Daydream က နှစ်သက်ဖို့ မခက်တဲ့ ဆီးရောင်ပြေပြေအရောင်ဖြစ်ပါတယ်။ ချွင်းချက်မရှိလှပြီး ဇိမ်ရှိတဲ့ ခံစားချက်ကို ဖြစ်စေတာကြောင့် အနားယူ၊ အေးအေးလူလူစကားပြောစရာအဖြစ် ရည်ရွယ်တဲ့ အခန်းတွေနဲ့ သင့်တော်လှပါတယ်။

ပုံမှန်အလုပ်ရက်တစ်ရက်ရဲ့ အချိန်တစ်ချိန်မှာ စိတ်ကူးယဉ်အိပ်မက်မက်ကြည့်ဖို့ သတ္တိမွေးကြည့်ပါ။ နံရံပေါ်က အရောင်က 2024 Senses ဖြစ်ပြီး 20142 Daydream နဲ့ လှပတဲ့ ပေါင်းစပ်မှုဖြစ်စေပါတယ်။

20142 DAYDREAM

နွေးထွေးမှုပေးတဲ့ ရွှေရောင်၊ အောက်ခံအနီရောင်ပေါင်းစပ်ထားတဲ့ 20142 Daydream က ရိုးရှင်း၊ဇိမ်ရှိပြီး နှစ်လိုစဖွယ်ခံစားချက်ကို ပေးစွမ်းပါတယ်။ ဒီအရောင်ကို အခန်းလုံးပြည့်သုံးနိုင်သလို ပိုဖျော့တဲ့ အရောင်တွေနဲ့လည်း ပေါင်းစပ်နိုင်ပါတယ်။ အခြားခရမ်းရောင်တွေနဲ့ နှိုင်းယှဉ်တဲ့အခါ Daydream က ရွှေရောင်ပိုများပြီး အညိုရောက်ဘက်သမ်းပါတယ်။ သာမန်ခရမ်းပုံစံမျိုးမဟုတ်ပါဘူး။

20142 Daydream က ရိုးရှင်း၊ဇိမ်ရှိပြီး နှစ်လိုစဖွယ်ခံစားချက်ကို ပေးစွမ်းပါတယ်။ Majestic True Beauty Matt အမျိုးအစားရဲ့ အရောင်ပြေပြေပုံသဏ္ဍာန်ရရှိစေခြင်းက အထူးလှပတဲ့ အရောင်အတွေ့အကြုံကို ရရှိစေပါတယ်။

မနုမရင့် တွဲစပ်မှုများ

ပိုဖျော့တဲ့ အရောင်တွေအနက် 1024 Timeless ၊ 1376 Mist သို့မဟုတ် 1622 Edelweiss တို့က ကောင်းမွန်တဲ့ ပေါင်းစပ်မှုရရှိစေပါတယ်။ 1391 Bare ၊ 1973 Objective ၊ 1032 Iron Grey ၊ 1877 Pebblestone ၊ 1462 Evening Sky ၊ 1434 Elegant တို့လို မနုမရင့်အရောင်တွေဟာလည်း 20142 Daydream နဲ့ လိုက်ဖက်ညီပါတယ်။

12077 Sheer Grey ၊ 12078 Comfort Grey ၊ 0394 Soft Grey ၊ 1352 Tender Grey ၊ 10429 Discrete တို့လို နွေးထွေးမှုပေး၊သိမ်မွေ့တဲ့အရောင်တွေနဲ့လည်း တွဲသုံးနိုင်ပါတယ်။ သနပ်ခါးအရောင်တွေအနက် 12075 Soothing Beige ၊ 1140 Sand ၊ 12076 Modern Beige ၊ 1623 Persian Khaki တို့နဲ့ တွဲသုံးဖို့ အကြံပြုလိုပါတယ်။

အရောင်အတွဲအစပ်များ

သန်စွမ်းတဲ့ အရောင်တွေထဲကဆိုရင် 20142 Daydream က စိုလွင်တဲ့ ကာကီရောင် 8546 Local Green နဲ့လှပသလို ပိုတည်ငြိမ်တဲ့ ပူရှိမ်းအရောင် 7637 Exhale ၊ 7163 Minty Breeze ၊ 6350 Soft Teal တို့နဲ့လည်း လှပပါတယ်။

ဖြည့်ဖက်ဆန့်ကျင်ဘက်အရောင် မီးခိုးဝါ 11174 Curious Mind အရောင်နဲ့ စတိုင်ကျလှပပါတယ်။ အရောင်အသစ် 5490 Serene Blue လို နီးစပ်တဲ့ အပြာရောင်နဲ့ တွဲဖက်မယ်ဆိုရင်လည်း ပိုမိုတည်ငြိမ်ခမ်းနားသွားမှာ ဖြစ်ပါတယ်။

အခြားမှော်ဆန်တဲ့ အတွဲအစပ်များ

ဒီပုံမှာ 20142 Daydream နဲ့ လိုက်ဖက်တဲ့ အရောင်လှလှတွေကို ပြသထားပါတယ်။ မျက်စိပသာဒဖြစ်စေတဲ့ 7637 Exhale (အကွင်းနှင့်အချောင်း) ၊ 4863 Statement Blue (ဘောလုံး) ၊ 20145 Wisdom (ကုဗတုံး) စတဲ့ အရောင်တွေနဲ့ Daydream ဟာ လှပနေပါတယ်။

ဖြစ်နိုင်တဲ့ အရောင်အတွဲအစပ်အဖြစ် 2024 Senses လို ပန်းရောင်နဲ့လည်း ကြိုးစားကြည့်နိုင်ပါသေးတယ်။

ဒီမှာ နံရံတွေကို Majestic True Beauty Matt အမျိုးအစား 2024 Senses နဲ့ ဆေးခြယ်ထားပြီး နံရံကလိုင်ပေါက်ကို 20142 Daydream နဲ့ ဆေးခြယ်ထားပါတယ်။

လိုက်ဖက်ညီ အဖြူဆင်အရောင်များ

ကောင်းစွာလိုက်ဖက်ညီတဲ့ အဖြူဆင်အရောင်များကတော့ 9918 Morning Fog ၊ 1624 Skylight ၊ 1001 Egg White ၊ 1453 Vanilla နှင့် 1622 Edelweiss တို့ဖြစ်ကြပါတယ်။

 

 

 



Leave a Reply

Your email address will not be published. Required fields are marked *