ဝမ်းမြောက်လန်းဆန်းစေတဲ့ စိမ်းပြာရောင်

5489 Free Spirit ဟာ ယုံကြည်စိတ်ချရပြီး အတွဲအဖက်ညီတဲ့ အရောင်ဖြစ်ပါတယ်။ ဒီပုံမှာ နံရံတစ်ဝိုက်ဖျော့တဲ့ 11175 Adventure အရောင်နဲ့ ပေါင်းစပ်ပြီး ရင်သပ်ရှုမောစဖွယ်လှပနေပါတယ်။ အခန်းကို Majestic True Beauty Matt ဆေးအမျိုးအစားတွေနဲ့ ခြယ်မှုန်းထားပါတယ်။

သင့်စွမ်းအင်ကို မြှင့်တင်ပါ။

အရည်အသွေးပြည့်တဲ့ 5489 Free Spirit အရောင်ဟာ လန်းဆန်းအားအင်ပြည့်ဖြိုးစေပါတယ်။ စိတ်လှုပ်ရှားစရာ ဘဝစွန့်စားခန်းတွေပြီးတဲ့နောက် ကုန်ခမ်းသွားသောအားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်နေသူတွေအတွက် ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ့် အရောင်ပဲဖြစ်ပါတယ်။

5489 Free Spirit အရောင်ကို အစိမ်းနဲ့အပြာကြား ပြည့်စုံတဲ့ ဟန်ချက်ညီမှုနဲ့ ပေါင်းစပ်ထားပါတယ်။ လန်းဆန်းတောက်ပ၊ အေးချမ်းပြီး ဇိမ်ကျစေပါတယ်။ စိတ်ဓာတ်မြှင့်တင်ပေးနိုင်ပြီး တစ်ပြိုင်တည်းမှာ အပြင်လောကနဲ့ သဟဇာတဖြစ်စေတဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးပေးပါတယ်။

စင်တွေကို Majestic Supreme Finish ၊ နံရံကို အမျိုးအစားသစ် Majestic True Beauty Matt နဲ့ ဆေးခြယ်ထားပါတယ်။ နှစ်မျိုးစလုံးမှာ 5489 Free Spirit အရောင်အသုံးပြုထားပါတယ်။

Majestic True Beauty Matt အမျိုးအစားရဲ့ စစ်မှန်တဲ့အရောင်အတွေ့အကြုံကြောင့် အရောင်တိုင်းဟာ သူ့နေရာနဲ့သူအံဝင်ကာ အခန်းကို ထူးခြားတဲ့ အငွေ့အသက်ပတ်ဝန်းကျင်ဖြစ်သွားစေပါတယ်။ တစ်သီးတစ်သန့်ဖြစ်ကာ လှပနူးညံ့အရောင်ပြေပြေပုံသဏ္ဍာန်ဖြစ်ပေါ်စေပါတယ်။ အစွန်းခုခံနိုင်စွမ်းအပေါ် တိုးတက်နည်းပညာများအသုံးပြုထားတာကြောင့် နံရံတွေသန့်ရှင်းရ ပိုလွယ်ကူစေပြီး သင့်အိမ်ဟာ အမြဲတမ်းလန်းဆန်း သစ်လွင်နေမှာဖြစ်ပါတယ်။

 

5489 FREE SPIRIT

အောက်ခံအစိမ်းများများနဲ့ တောက်ပတဲ့အပြာရောင် ပေါင်းစပ်ထားတဲ့ ဒီအရောင်ဟာ အရင်သိပြီးသား 6352 Evening Green အရောင်နဲ့ နှိုင်းယှဉ်ရင် ပိုမိုလန်းဆန်းစေပြီး မီးခိုးရောင်ပိုနည်းပါတယ်။

မနုမရင့်အရောင်များ

5489 Free Spirit ဟာ မနုမရင့်အရောင်များနဲ့ ပေါင်းစပ်တဲ့အခါ ထူးကဲလှပလာပါတယ်။ ဥပမာအနေနဲ့ 1024 Timeless ၊ 1391 Bare ၊ 1973 Objective ၊ 1032 Iron Grey ၊ 1877 Pebblestone ၊ 1462 Evening Sky ၊ 1434 Elegant တို့လို ရွှေမီးခိုးရောင်တွေနဲ့ ပေါင်းစပ်ကြည့်ပါ။

ပိုမိုနွေးထွေးစေတဲ့ 0394 Soft Grey ၊ 1352 Tender Grey အရောင်တွေနဲ့လည်း ကြည့်ကောင်းစေပါတယ်။ သနပ်ခါးအရောင်မျိုးနှစ်သက်တယ်ဆိုရင် 12075 Soothing Beige နဲ့ 12076 Modern Beige တို့ကို ရွေးချယ်နိုင်ပါတယ်။

အရောင်အတွဲအစပ်များ

5489 Free Spirit ဟာ 7637 Exhale ၊ 6350 Soft Teal ၊ 5454 Dark Teal တို့လို ကပ်ရပ်စိမ်းပြာရောင်တွေနဲ့လည်း လိုက်ဖက်ပါတယ်။ ဒါ့အပြင် 5180 Chini လို အပြာရင့်အရောင်နဲ့လည်း ကြည့်ကောင်းစေပါတယ်။

5489 Free Spirit ကို ဆန့်ကျင်ဘက် 10001 Dijon Yellow အရောင်နဲ့ဖြည့်ဖက်ပေါင်းစပ်လိုက်တဲ့အခါ စိတ်လှုပ်ရှားစရာ အရောင်အတွဲအဖက်အသစ်ရရှိသွားတဲ့ ဥပမာကို တွေ့နိုင်ပါတယ်။

နံရံတွေကို Majestic True Beauty Matt အမျိုးအစား 10001 Dijon Yellow အရောင်နဲ့ ဆေးခြယ်ထားပြီး ပြတင်းပေါက်ကို Majestic Supreme Finish Matt အမျိုးအစား 5489 Free Spirit ကို အသုံးပြုထားပါတယ်။

အဝါနဲ့အပြာပေါင်းစပ်ပြီး ပိုတည်ငြိမ်တဲ့ ဗားရှင်းရရှိချင်တယ်ဆိုရင် 11174 Curious Mind လို ပိုမို အဝါပြေတဲ့ အရောင်နဲ့ ပေါင်းစပ်ကြည့်နိုင်ပါတယ်။

နီးစပ်အရောင်များနဲ့ ပေါင်းစပ်လိုတယ်ဆိုရင် 11175 Adventure လို အနီဆင်အရောင်များကို စဉ်းစားနိုင်ပါတယ်။ ဒီချစ်စဖွယ် အနီရောင်က 5489 Free Spirit နဲ့ ပေါင်းစပ်ပြီး လန်းဆန်းတဲ့ ဆန့်ကျင်ဘက်ခံစားမှုကို ပေးစွမ်းမှာဖြစ်ပါတယ်။

အဖြူဆင်အရောင်များနဲ့ တွဲဖက်ပါ။

7236 Chi ၊ 9918 Morning Fog ၊ 1624 Skylight ၊ 1001 Egg White ၊ 1453 Vanilla ၊ 1622 Edelweiss တို့လို အဖြူဆင်အရောင်တွေဟာ 5489 Free Spirit အရောင်နဲ့ လိုက်ဖက်ကြပါတယ်။

အိမ်မှာ အားအင်မွေးပါ။ ပြီးရင်တော့ စိတ်လှုပ်ရှားစရာ စွန့်စားခန်းအသစ်တွေအတွက် အဆင်သင့်ဖြစ်နေမှာပါ။



Leave a Reply

Your email address will not be published. Required fields are marked *