သက်သောင့်သက်သာ ပူရှိန်းအရောင်ပြေပြေနဲ့ ပင့်သက်ရှိုက်တင်လိုက်ပါ။

7637 Exhale အရောင်က စိတ်ကြည်နူးဖွယ် ခိုနားရာနေရာတစ်နေရာ ဖန်တီးပေးပါတယ်။ နံရံတွေကို Majestic True Beauty Matt အမျိုးအစားနဲ့ ဆေးသုတ်ထားပြီး Majestic Supreme Finish Matt အမျိုးအစားနဲ့ အသေးစိတ်နေရာတွေကို ချစ်စရာကောင်းအောင် အလှဆင်ထားပါတယ်။ ဆန့်ကျင်ဖက်အလှအပဖြစ်သွားအောင် စားပွဲကို 20142 Daydream အရောင်သုတ်ထားတာကို သတိပြုပါ။ မျက်နှာကြက်ကို 9918 Morning Fog နဲ့ ဆေးသုတ်ထားပါတယ်။

အသက်ရှုထုတ်လိုက်ပြီး အခိုက်အတန့်ကို ခံစားပါ။

အလုပ်ရှုပ်တဲ့ ဘ၀ ၊ တက်သုတ်ရိုက်နေတဲ့ နေ့တွေကြားမှာ အားလပ်ချိန်ယူတာက အရေးကြီးသလို မရှိမဖြစ်လိုအပ်လှပါတယ်။ အရှိန်လျှော့ချပြီး မိနစ်အနည်းငယ် အနားယူပေးပါ။ အသက်ရှုထုတ်လိုက်ပါဦး။ 7637 Exhale က ငြိမ်းချမ်းတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့ ပေါ့ပါးနူးညံ့ပူရှိန်းအရောင်မျိုးဖြစ်ပါတယ်။ တစ်ခါတစ်လေ အသက်ပြင်းပြင်းရှူတာက အရာတိုင်းကို နဂိုပုံမှန်အခြေအနေရောက်စေပါတယ်။ တည်ငြိမ် ၊သက်သောင့်သက်သာဖြစ်စေတဲ့ အငွေ့အသက်မျိုး ဖန်တီးပေးတာကြောင့် သင့်ပတ်ဝန်းကျင်မှာ အသုံးပြုဖို့သင့်တော်တဲ့ ပြီးပြည့်စုံတဲ့ အရောင်ဖြစ်ပါတယ်။

ဒီပုံမှာ Majestic Supreme Finish အမျိုးအစား 7637 Exhale အရောင်နဲ့ လှပခမ်းနားနေပါတယ်။ အသေးစိတ်နေရာတွေမှာ Majestic Supreme Finish Matt အမျိုးအစားအသုံးပြုထားပါတယ်။

7637 EXHALE

ဒီပူရှိန်းအရောင်ပြေပြေဟာ မီးခိုးရောင်မသိမသာပါပြီး အပြာ၊အစိမ်းပေါင်းစပ်ထားတဲ့ အရောင်ဖြစ်ပါတယ်။ 7637 Exhale အရောင်ဟာ လူကြိုက်များတဲ့ 7163 Minty Breeze နဲ့ 7555 Soft Mint အရောင်နှစ်ရောင်ကြားက အရောင်ဖြစ်ပါတယ်။ အရောင်းရဆုံးစာရင်းဝင် 7163 Minty Breeze ထက်ပိုပြီး ဖျော့ပါတယ်။ အေးမြ ၊ လေကောင်းလေသန့်ရ၍ ကျယ်ဝန်း ၊ သက်သောင့်သက်သာ ပုံသဏ္ဍာန်မျိုးကို ပိုင်ဆိုင်ပါတယ်။

မနုမရင့် တွဲစပ်မှုများ

မနုမရင့်အရောင်တွေအနက် 8394 White Poetry ၊ 8470 Smooth White တို့လို တည်ငြိမ်တဲ့ အဖြူဖျော့အရောင်တွေနဲ့ တွဲဖက်ညီပါတယ်။ ရွှေရောင်ပိုပါတဲ့ 1024 Timeless ၊ 1391 Bare တို့နဲ့လည်း လိုက်ဖက်ညီပါတယ်။ မီးခိုးရင့်ရောင်တွေထဲကဆိုရင် 1877 Pebblestone ၊ 1462 Evening Sky တို့လို အရောင်တွေနဲ့ တွဲဖက်နိုင်ပါတယ်။

အရောင်တွဲစပ်မှုများ

7637 Exhale အရောင်ဟာ 6325 Balance ၊ 7555 Soft Mint သို့မဟုတ် 6352 Evening Green တို့လို အခြားစိမ်းပြာရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ ဆန့်ကျင်ဖက်ဖြစ်တဲ့ 5180 Chini လို အပြာရင့် သို့မဟုတ် ပိုစိမ်းတဲ့ 5454 Dark Teal လိုအရောင်တွေနဲ့ ပေါင်းစပ်ပြီး စတိုင်ကျလှပမှာဖြစ်ပါတယ်။

ဒီစာမျက်နှာရဲ့ထိပ်ဆုံးက ပုံမှာ ဒီအရောင်ဟာ ဆီးရောင် 20142 Daydream နဲ့တွဲဖက်ပြီး ရိုးရိုးလေးနဲ့လှနေတာကို တွေ့ရမှာဖြစ်ပါတယ်။

သို့မဟုတ် အဝါရင့်ရောင်နဲ့တွဲဖက်ပြီး တည်ငြိမ်တဲ့ဆန့်ကျင်ဖက်အလှအပကို ဖန်တီးပေးပါ။ 10001 Dijon Yellow နဲ့ ချစ်စရာပုံစံဖြစ်သွားတာကို ကြည့်ရှူလိုက်ပါဦး။

10001 Dijon Yellow နဲ့ စင်တွေကို ဆေးခြယ်ထားပါတယ်။ ဆန့်ကျင်ဖက်အရောင်က အံသြစရာလှုပ်ရှားသက်ဝင်တဲ့ဟန်ဖြစ်ပေါ်သွားပါတယ်။ နံရံတွေကို Majestic True Beauty Matt အမျိုးအစား 7637 Exhale အရောင်သုတ်ပေးထားတာ ဖြစ်ပါတယ်။


အဖြူဆင်အရောင်များ

7637 Exhale အရောင်ဟာ 7236 Chi ၊ 9918 Morning Fog သို့မဟုတ် 1624 Skylight တို့လို အဖြူသန့်သန့်အရောင်တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *