သင့်အိမ်ကိုအသွင်သစ်ဖြစ်သွားစေမယ့် ဈေးမကြီးသောစိတ်ကူးလေးများ

သင့်မှာရှိပြီးသားပစ္စည်းတွေကိုရှာဖွေပြီးအသွင်တစ်မျိုးနဲ့ ပြန်လည်နေရာချထားကြည့်လိုက်ပါ။ နံရံကိုMajestic True Beauty Mattအမျိုးအစား20119 Transparent Pinkနဲ့ဆေးသုတ်ထားတာဖြစ်ပါတယ်။

သင့်အိမ်ကိုတစ်ချိန်ချိန်မှာအသွင်ပြောင်းကြည့်ဖို့ လိုအပ်လာတတ်ပါတယ်။ မိသားစုပိုကြီးလာတဲ့အခါ အသေးအဖွဲပြုပြင်တာဒါမှမဟုတ် ဘဝရဲ့ အခန်းကဏ္ဍသစ်ကိုကြိုဆိုဖို့အတွက် ကြီးကြီးမားမားပြုပြင်တာမျိုးတွေကို ပြုလုပ်ရတတ်ပါတယ်။ ငွေကုန်ကြေးကျသက်သာစေမယ့် အကြုံပြုချက်တစ်ခုကတော့ ပစ္စည်းဟောင်းတွေပြန်လည်အသုံးပြုပြီးအပြောင်းအလဲပြုလုပ်တာပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် ငွေကုန်ကြေးကျများမှာစိုးလို့ပဲဖြစ်ဖြစ် ပစ္စည်းအသစ်တွေမဝယ်တာက ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ အောက်ပါဖော်ပြထားတဲ့ အချက်တွေကိုအသုံးပြုပြီးစိတ်သန့်သန့်နဲ့ သင့်အိမ်ကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်မှာရှိထားတဲ့ ပစ္စည်းတွေကိုအရင်သိအောင်ပြုလုပ်ပါ။

အသစ်တစ်ခုခုမဝယ်ခင် ကိုယ့်မှာရှိပြီးသားတွေကိုစေ့စေ့စပ်စပ်သိထားသင့်ပါတယ်။ စတိုခန်းထဲမှာဒါမှမဟုတ် မိဘအိမ်မှာပျောက်နေမေ့နေတဲ့ ရတနာတွေကိုရှာဖွေကြည့်ပါ။ ဆေးတစ်ထပ်လောက်သုတ်လိုက်ရုံနဲ့ ပြန်လည်သစ်လွင်လာနိုင်မယ့် ဟောင်းပေမယ့်သုံးလို့ရနိုင်မယ့်ပစ္စည်းတွေကိုတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ အိမ်ထဲမှာမသုံးတော့တဲ့ ပရိဘောဂအဟောင်းတွေကိုရွှေ့ပြောင်းကြည့်ဖို့စဉ်းစားပါ။ နေရာလွတ်ရအောင် အခန်းတစ်ခန်းမှ ဗီရိုကိုအခြားအခန်းသို့ ရွှေ့တာသို့မဟုတ် အခန်းအရောင်နဲ့ကိုက်ညီအောင်ကုလားထိုင်ဟောင်းကိုဆေးပြန်သုတ်တာတို့ကို ပြုလုပ်နိုင်ပါတယ်။

ဆေးပြန်သုတ်တာကပစ္စည်းအဟောင်းတွေကိုအသွင်သစ်ဖြစ်သွားစေပါတယ်။ Gardex Semi-glossအမျိုးအစား 7163 Minty Breezeဆေးရောင်နဲ့ ဗီရိုကိုဆေးသုတ်ထားပြီးကုလားထိုင်ကိုတော့ 7555 Soft Mintအရောင်နဲ့ ပြန်လည်လှပသစ်လွင်အောင်ပြုလုပ်ထားပါတယ်။

ပြသထားတဲ့ ကုလားထိုင်တွေရဲ့မူရင်းအရောင်ကပန်းရောင်တောက်တောက်ဖြစ်ပြီးအသစ်သုတ်လိုက်တဲ့ ဆေးရောင်က အဝါရောင်နံရံနဲ့လိုက်ဖက်ညီသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Gardex Premium Semi-glossအမျိုးအစား624 Skylightအရောင်သုတ်ထားတာဖြစ်ပါတယ်။ အဝါရောင်ဖျော့ဖျော့နံရံအရောင်က တော့ Majestic True Beauty Mattအမျိုးအစား10246 Velvetအရောင်ပဲဖြစ်ပါတယ်။

ပစ္စည်းအဟောင်းကိုရွေးချယ်ပါ။

ယနေ့ခေတ်မှာကံကောင်းတာကတော့ ပရိဘောဂတွေကနေအကောင်းဆုံးဂန္တဝင်ဆန်တဲ့ အိမ်တွင်းအလှဆင်ပစ္စည်းတွေအထိ ပစ္စည်းအဟောင်းတွေကိုအလွယ်တကူရရှိနိုင်တာပဲဖြစ်ပါတယ်။ ပြည်တွင်းFacebook groupsတွေ၊ ပစ္စည်းအဟောင်းဆိုင်တွေ၊ လဟာပြင်ဈေးတွေမှာအများစုကို ဝယ်ယူရရှိနိုင်ပါတယ်။ ပစ္စည်းဟောင်းအသုံးပြုတာရဲ့ အားသာချက်ကစဉ်ဆက်မပြတ်မှုကိုအားပေးတဲ့အပြင် ထူးခြားကာပုဂ္ဂလိကဆန်တဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်ကိုလည်းရရှိစေပါတယ်။ဓာတ်ပုံ။FilippaTredal။ နံရံအရောင်က4618 Evening Skyဖြစ်ပါတယ်။

အခန်းတွေကိုပြောင်းလဲပါ။ သို့မဟုတ် ဇုန်နေရာအသစ်တွေကိုဖန်တီးပါ။

အခန်းတွေရွှေ့ရတာကပျော်စရာကောင်းပြီးပစ္စည်းတွေအပြောင်းအလဲလုပ်ဖို့ လျင်မြန်တဲ့နည်းလမ်းလဲဖြစ်ပါတယ်။မိသားစုလိုအပ်ချက်ပြောင်းလဲတာ၊ ကလေးတွေကြီးလာတာသို့မဟုတ် နေရာကျဉ်းတဲ့အခန်းတွေကိုကောင်းကောင်းအသုံးချလို့ရအောင်စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ သင့်အိမ်မှာထမင်းစားခန်းနဲ့ဧည့်ခန်းနှစ်ခန်းလုံးရှိနေရင် မိသားစုလိုအပ်ချက်ကိုလိုက်ပြီးနေရာချင်းလဲလို့ ရနိုင်ပါတယ်။

နေရာကျဉ်းတဲ့အခါ ပြန်လည်ပြင်ဆင်မွမ်းမံတာသို့မဟုတ် ဇုန်နေရာအသစ်တွေ ပိုင်းခြားလိုက်တာတို့ကကောင်းမွန်ပါတယ်။ အောက်ပါဥပမာမှာဧည့်ခန်းရဲ့ ထောင့်တစ်နေရာမှာ ဇုန်အသစ်တစ်ခုဘယ်လိုဖန်တီးလိုက်သလဲဆိုတာကိုတွေ့ရှိနိုင်ပါတယ်။

ဧည့်ခန်းမှာသီးခြားအလုပ်လုပ်တဲ့စားပွဲပြုလုပ်ထားပါတယ်။ နံရံအဖြူ 7236 Chiအရောင်ရဲ့ ဆန့်ကျင်ဖက်အဖြစ် Majestic True Beauty Mattအမျိုးအစား5362 Fusionကိုအသုံးပြုထားပါတယ်။

အရောင်အသစ်တွေနဲ့ အလျင်အမြန်အသွင်းပြောင်းလဲခြင်း

လျင်လျင်မြန်မြန်အပြောင်းအလဲလုပ်ချင်တယ်ဆိုရင်တော့ နံရံဆေးသုတ်လိုက်တာက အလွယ်ကူဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ သင့်မှာရှိပြီးသားပစ္စည်းတွေရဲ့ နောက်ခံကားချပ်အနေနဲ့ နံရံအရောင်အသစ်သုတ်လိုက်တာက မှော်ဆန်ဆန်အပြောင်းအလဲဖြစ်သွားမှာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဆေးတစ်ထပ်သုတ်လိုက်တာက ဘယ်လောက်ပြောင်းလဲသွားသလဲဆိုတာ အံသြစဖွယ်မြင်တွေ့နိုင်ပါတယ်။

တူညီတဲ့ ပရိဘောဂတွေဖြစ်တဲ့ ဆိုဖာ၊စားပွဲနဲ့စင်တွေဟာ လုံးဝအသွင်သစ်ဖြစ်သွားတာကို ကြည့်ရှုနိုင်ပါတယ်။

အေးချမ်းတဲ့ 6350 Soft Tealနံရံအရောင်ကစိမ်းစိုတဲ့ အိုအေစစ်ဖြစ်သွားစေပါတယ်။

Majestic True Beauty Mattအမျိုးအစား1877 Poppy Seedအရောင်နဲ့ နံရံဆေးသုတ်ထားတာဖြစ်ပါတယ်။

တိုလီမိုလီပစ္စည်းတွေစုစည်းပြီးလှပတဲ့ မြင်ကွင်းကိုဖန်တီးပါ။

ပြန့်ကြဲနေတဲ့ သီးခြားပစ္စည်းတွေအများကြီးနဲ့ နေရာတစ်ခုကိုအလှဆင်မွမ်းမံမဲ့အစားအဲဒီပစ္စည်းတွေကိုစုစည်းပေးလိုက်ပါ။ ပစ္စည်းသေးသေးလေးတွေကိုစုစည်းပေးလိုက်တာကမတူညီတဲ့ ခံစားသက်ဝင်မှုကို ဖြစ်ပေါ်စေပြီးလှပတဲ့ မြင်ကွင်းကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒီနည်းနဲ့ သင့်ရဲ့ အလှဆင်ပစ္စည်းသေးသေးလေးတွေက ရှုပ်ပွပြီးနေရာအများကြီးယူမှာလည်းမဟုတ်တော့ပါဘူး။ သင့်မှာရှိတဲ့ ပစ္စည်းတွေကိုနောက်ထပ်အမြင်တစ်မျိုးနဲ့ မြင်ကြည့်တဲ့အခါ သင်ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကိုပိုမိုနှစ်သက်သဘောကျ သွားမှာပဲဖြစ်ပါတယ်။

နံရံကိုလှပတဲ့ အစိမ်းရောင် 7628 Treasureနဲ့ဆေးသုတ်ထားပါတယ်။

 



Leave a Reply

Your email address will not be published. Required fields are marked *