သိမ်မွေ့တပ်မက်ဖွယ်ရာ ရိုးရိုးယဉ်ယဉ်အရောင်


11173 Humble Yellow ဟာ လှပတဲ့ အဝါနုနုအရောင်ဖြစ်ပြီး ဖြည့်ဖက်အရောင် 1352 Tender Grey နဲ့ တွဲဖက်ကာ လှပနေပါတယ်။ Majestic Supreme Finish အမျိုးအစား 1624 Skylight နဲ့ အဖြူရောင်အပိုင်းကို ဆေးခြယ်ထားပါတယ်။

ရိုးရိုးယဉ်ယဉ်ပုံသဏ္ဍာန်

နှိမ့်ချတဲ့ စိတ်ထားရှိတဲ့အခါ ယုံကြည်မှုအားကောင်းလာပါတယ်။ တစ်ယောက်ရဲ့အသံကို တစ်ယောက်က ကြားဖို့ အသံမြှင့်ပြောနိုင်ပေမယ့် နားလည်ဖို့အတွက် နားထောင်တတ်ဖို့ လိုအပ်ပါတယ်။ မျှဝေခံစားတတ်တာနဲ့ လိုက်လျောညီထွေနေထိုင်တတ်တာဟာ ဟန်ချက်ညီတဲ့ ဘဝအတွက် အရေးကြီးပါတယ်။

11173 Humble Yellow ဟာ နားထောင်တတ်တဲ့ ၊ အခြားသူများရဲ့ အမြင်သဘောထားတွေကို မျှဝေတတ်တဲ့ လူများအတွက်အရောင်ပဲဖြစ်ပါတယ်။ ခေတ်မီသိုသပ်တဲ့ ဒီအဝါရောင်က နောက်ခံအဖြစ် ပျောက်ကွယ်သွားခြင်းမရှိဘဲ အခြားပေါ်လွင်တဲ့ အရောင်တွေကို အားဖြည့်ပေးပါတယ်။ နှိမ့်ချတာဟာ သန်စွမ်းတဲ့လက္ခဏာဆိုတာပြသတဲ့ စိတ်ဝင်စားဖွယ်ခံစားချက်ကို ပေးစွမ်းပါတယ်။

အရောင်ပြေဖျော့တော့ပေမယ့် ရှင်းလင်းတဲ့ ရပ်တည်ချက်ရှိတဲ့ အရောင်။ 11173 Humble Yellow ဟာ ပန်းပုပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေနောက်မှာ ပြီးပြည့်စုံလှပတဲ့ ရွှေရောင်နောက်ခံကားချပ်တစ်ခုပမာ စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

11173 HUMBLE YELLOW

ဒီအရောင်ပြေဖျော့တော့တဲ့ အဝါရောင်ကို မီးခိုးရောင်သမ်းတဲ့ ပန်းတစ်ပွင့်အဖြစ် တင်စားနိုင်ပါတယ်။ နှိမ့်ချသိုသပ်တဲ့ အရောင်အဖြစ်ဖော်ပြနိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်တဲ့အခါ ဒီအရောင်က ပိုမိုအသက်ဝင်တဲ့ အဝါရောင် 12080 Soft Radiance ထက် ပိုဖျော့ပြီး ပိုမိုနွေးထွေးမှုပေးပါတယ်။ 10961 Raw Canvas အရောင်ရဲ့ ပိုဖျော့တဲ့ ဗားရှင်းအဖြစ်လည်း ပြောနိုင်ပါတယ်။

မနုမရင့် အတွဲအစပ်များ

အရောင်ဆင်ထပ်တွဲဖက်တဲ့ ပုံစံကြိုက်တယ်ဆိုရင် 11173 Humble Yellow ဟာ ကပ်ရပ်အရောင် 10961 Raw Canvas နဲ့ လိုက်ဖက်ပါတယ်။ ပိုရင့်တဲ့ 10962 Sandy ၊ 10963 Golden Bronze အရောင်တွေနဲ့လည်း လှပပါတယ်။

အဖြူဖျော့အရောင်တွေထဲက 1624 Skylight ၊ 1001 Egg White ၊ 1453 Vanilla နဲ့ 1024 Timeless တို့လို ရွှေဖြူရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ ဒါ့အပြင် ရွှေအိုဖျော့ရောင် 1108 Lotus သို့မဟုတ် အနည်းငယ်ပိုရင့်တဲ့ 11174 Curious Mind တို့ကလည်း ရွေးချယ်သင့်တဲ့ အရောင်တွေပဲဖြစ်ပါတယ်။

ပိုရင့်တဲ ဆန့်ကျင်ဘက် မီးခိုးရောင်ကို ရှာနေတယ်ဆိုရင် 1352 Tender Grey ၊1462 Evening Sky သို့မဟုတ် 1434 Elegant တို့ကို အကြုံပြုပါတယ်။

အရောင်အတွဲအစပ်များ

အဝါနဲ့အပြာဟာ အဆင်ပြေလိုက်ဖက်ကြပါတယ်။ ရွှေအိုပြာ 5490 Serene Blue ၊ 5490 Serene Blue ဒါမှမဟုတ် ရွှေရောင်ဖျော့အပြာ 5030 St. Pauls Blue တို့ဟာ 11173 Humble Yellow နဲ့ အဆင်ပြေပြေတွဲဖက်နိုင်ကြပါတယ်။

11173 Humble Yellow နဲ့ 5490 Serene Blue တို့ဟာ ဖြည့်ဖက်ဆန့်ကျင်ဖက်အရောင်တွေ ဖြစ်ကြပါတယ်။ စားပွဲမျက်နှာပြင်တွေကို Majestic Supreme Finish အမျိုးအစားဆေးတွေနဲ့ ခြယ်သထားပါတယ်။

သန်စွမ်းစိုပြည်တဲ့ ပုံစံရရှိစေဖို့ အစိမ်းရောင်အသစ် 8546 Local Green ဒါမှမဟုတ် အခြားနာမည်ကျော် အစိမ်းရောင်တွေဖြစ်တဲ့ 8422 Green Marble ၊ 8494 Organic Green ၊ 8252 Green Harmony သို့မဟုတ် 8469 Green Leaf တို့နဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။

အဖြူရောင်အတွဲအစပ်များ

11173 Humble Yellow နှင့် အဆင်ပြေတဲ့ အဖြူဆင်အရောင်များထဲမှာ 1624 Skylight ၊ 1001 Egg White နှင့် 1453 Vanilla အရောင်တို့ ပါဝင်ပါတယ်။

 



Leave a Reply

Your email address will not be published. Required fields are marked *