အစိမ်းရောင်အသစ်နဲ့ သင့်အိမ်ကို သဘာဝနဲ့ လိုက်ဖက်ညီမှုရရှိအောင် ပြုလုပ်ပါ။

8546 Local Green အရောင်နဲ့ သင့်အိမ်ကို စိမ်းလန်းစိုပြည်တဲ့ အငွေ့အသက်ဖြစ်ပေါ်အောင် ပြုလုပ်ပါ။

စိမ်းလန်းမှုနှင့် ဒေသအရင်းအမြစ်

လူတွေက ရေရှည်ခံမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုတိုးလာကြပါတယ်။ ဒေသလုပ် လက်မှုပစ္စည်းတွေနဲ့ အစားအသောက်ထုတ်လုပ်မှုတွေက Local Green ဖြစ်ပေါ်အောင် လှုံ့ဆော်ရာမှာ အရေးပါတဲ့ အရင်းအမြစ်တွေဖြစ်ခဲ့ကြပါတယ်။ အပြောင်းအလဲလုပ်ဆောင်ချင်တယ်ဆိုရင် ဒေသဆိုင်ရာပတ်ဝန်းကျင်အခြေအနေကနေ စတင်သင့်ပါတယ်။

Local Green ကို အဓိကအားဖြင့် လက်လုပ် ကြွေထည်၊မြေထည်ပစ္စည်းတွေလို ဒေသလုပ် လက်မှုပစ္စည်းတွေအပေါ်မှာ သင်္ကေတပြုပုံဖော်ထားပါတယ်။

စိမ်းလန်းစိုပြည်၊ သဘာဝဆန်ပြီး တာရှည်ခံ

8546 Local Green က ဘဝရဲ့ တာရှည်ခံ၊ စစ်မှန်၊ စိမ်းလန်းစိုပြည်တဲ့ အရာတွေနဲ့အတူ အပြင်လောကရဲ့ အရောင်တွေကို သင့်အိမ်သို့ ယူဆောင်လာမှာဖြစ်ပါတယ်။ ဒီအရောင်က စိတ်ချလက်ချရှိစေမှုကို ပေးစွမ်းသလို အိမ်ရဲ့သက်သောင့်သက်သာရှိစေတဲ့ ခံစားချက်ထက်ပိုတဲ့ အငွေ့အသက်ကို ဖန်တီးပေးပါတယ်။

8546 Local Green

8546 LOCAL GREEN
မီးခိုးရောင်စွက်၊ ရွှေအိုစိမ်း Local Green ကို ကာကီစိမ်းလို့လည်း ပြောနိုင်ပါတယ်။ နှိုင်းယှဉ်မယ်ဆိုရင် 8252 Green Harmony နဲ့ 8469 Green Leaf တို့လို ရင်းနှီးပြီးသား အစိမ်းရောင်တွေထက် ပိုပြီး အဝါနဲ့ ရွှေရောင်ရောစွက်တဲ့ အရောင်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအရောင်က ပိုပြီး ပကတိအတိုင်း သဘာဝဆန်နေပါတယ်။

ပြီးပြည့်စုံသော ပေါင်းစပ်အရောင်

ဒီအစိမ်းရောင်ဟာ မတူညီတဲ့ အရောင်အမျိုးမျိုးနဲ့ ကောင်းကောင်းလိုက်ဖက်ညီပါတယ်။ ဖျော့တဲ့အရောင်တွေထဲမှာ 1001 Egg White နဲ့ 1453 Vanilla တို့လို ရွှေအိုဖြူရောင်တွေနဲ့ လိုက်ဖက်လှပါတယ်။ 1625 Soul ၊ 1832 Milky Way နဲ့ 1875 Sense တို့လို ဝါညိုနုရောင်များတဲ့ ဆေးတွေနဲ့လည်း တွဲဖက်ညီတာကို တွေ့ရပါသေးတယ်။

ပိုဖျော့၊ မီးခိုးရောင်ပိုများတဲ့ 1024 Timeless အရောင်နဲ့လည်း လိုက်ဖက်သလို 1016 Antique White နဲ့ 10678 Space တို့လို အရောင်တွေနဲ့လည်း လိုက်ဖက်ညီလှပါတယ်။

1001 Egg White နဲ့ 1453 Vanilla အရောင်တွေအပြင် 7236 Chi ၊ 9918 Morning Fog နဲ့ 1624 Skylight တို့လို ချစ်စရာအရောင်တွေကို ရွေးချယ်ပြီး တွဲဖက်အသုံးပြုနိုင်ပါတယ်။

8546 Local Green အရောင်နဲ့ လိုက်ဖက်ညီတဲ့ အရောင်တွေရှာဖွေဖို့ လွယ်ကူပါတယ်။ 1024 Timeless အရောင်နဲ့ လှပတာကို တွေ့ရပါမယ်။ နံရံကို Majestic True Beauty Sheen နဲ့ သုတ်ထားပါတယ်။ ဒီကုန်ပစ္စည်းကို မှိုင်းတဲ့အရောင်ပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။

အရောင်ပေါင်းစပ်မှုများ

20142 Daydream နဲ့ 20145 Wisdom တို့လို ဆီးရောင်တွေနဲ့ တွဲဖက်ပြီး 8546 Local Green က စိတ်ဝင်စားစရာ အသွင်အပြင်ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

အေးဆေးသာယာတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ နီးစပ်တဲ့ အရောင် 5490 Serene Blue ဒါမှမဟုတ် အပြာစိမ်းရောင် 5489 Free Spirit နဲ့ ပေါင်းစပ်နိုင်ပါတယ်။

အနီ 20143 Lively Red သို့မဟုတ် 20144 Grounded Red တို့ပါဝင်တဲ့ ဖြည့်ဖက်အရောင်အမျိုးအစားတွေနဲ့ စိတ်လှုပ်ရှားစရာ ဆန့်ကျင်ဖက်အလှအပကို ဖန်တီးနိုင်ပါတယ်။ 20118 Amber Red ၊ 12084 Dusky Peach နဲ့ 12083 Devine တို့လို အနီရဲ ၊ မက်မွန်သီးအရောင်တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။

8546 Local Green နဲ့ 11173 Humble Yellow တို့ ပေါင်းစပ်တဲ့အခါ ကြည်နူးဖွယ် အရောင်ပြေပြေပုံစံ ဖြစ်ပေါ်သွားပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *