အစိမ်းရောင်အသစ်များနဲ့ မိတ်ဆက်ခြင်း

လှပတဲ့ 7628 Treasureအရောင်နဲ့ ပြီးပြည့်စုံနေသောဧည့်ခန်း

အစိမ်းဆင်အရောင်များ

JotunColour Collection 2019ထဲမှာ7626 Airy Green၊  7627 Refresh၊ 7628 Treasure နဲ့  7629 Antique Green ကဲ့သို့အသစ်ထွက် အစိမ်းဆင်အရောင်တွေရှိနေပါတယ်။ ဖျော့တာကနေရင့်တဲ့အရောင်တွေအထိ အရောင်ပေါင်းစပ်ပုံအကြံပြုချက်တွေကို အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဒီနှစ်ထုတ် အစိမ်းဆင်အရောင်တွေကိုMajestic True Beauty Mattအမျိုးအစားနဲ့ တွဲဖက်အသုံးပြုလိုက်တဲ့အခါ နံရံတွေကိုအရောင်မှိုင်းမှိုင်းလွင်လွင်ပုံသဏ္ဍာန်ဖြစ်သွားစေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Majestic True Beauty Sheenနဲ့ပေါင်းစပ်လိုက်တဲ့အခါ  ချောမွေ့တောက်ပသွားမှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးကသင့်အိမ်ကိုဂုဏ်ယူစရာပုံစံဖြစ်သွားစေမှာဖြစ်ပါတယ်။

Jotunမှာစိတ်လှုပ်ရှားစရာထင်ရှားပေါ်လွင်တဲ့အရောင် 7613 Northern Mysticလည်းရှိနေပါတယ်။

7613 Northern Mystic

ဒီပုံမှာ7629 Antique Greenကို7613 Northern Mysticအရောင်နဲ့ တွဲစပ်ပြထားပါတယ်။ တစ်သားတည်းပြေပြစ်မှုရှိစေဖို့တံခါးကိုအရောင်တစ်မျိုးတည်းခြယ်သထားပါတယ်။

7626 AIRY GREEN

ဒီအရောင်ကတော့ လန်းဆန်းစေတဲ့ အစိမ်းဖျော့ဖျော့အရောင်အမျိုးအစားဖြစ်ပါတယ်။ အခန်းကိုသန့်ရှင်းလတ်ဆတ်တဲ့ အငွေ့အသက်ရစေပြီးမျက်စိပသာဒဖြစ်စေပါတယ်။ 7628 Treasure ၊ 7629 Antique Greenအရောင်တွေနဲ့ တွဲစပ်နိုင်ပြီး 7613 Northern Mysticလိုအစိမ်းရင့်အရောင်တွေနဲ့လည်းလိုက်ဖက်ပါတယ်။ မီးခိုးရောင် 1032 Iron Greyနဲ့ပေါင်းစပ်ပြီးနက်မှောင်ခံ့ညားတဲ့ ဆန့်ကျင်ဖက်သွင်ပြင်ဖြစ်ပေါ်စေပါတယ်။ လှပတဲ့ အပြာရင့်ရင့်ဆန့်ကျင်ဖက်သွင်ပြင်ဖြစ်စေဖို့ 5030 St Pauls Blue ၊ 5180 Chiniအရောင်တွေနဲ့ပေါင်းစပ်ဖို့ကိုလည်းအကြုံပြုလိုပါတယ်။

Recommended whites:အကြံပြုလိုသောအဖြူရောင်များ

7236 Chi and 9918 Morning Fog

7236 Chi ၊ 9918 Morning Fog

ဒီပုံမှာလန်းဆန်းစေတဲ့ အစိမ်းရောင် 7627 Refreshနဲ့ နံရံကိုဆေးခြယ်ထားပါတယ်။

7627 REFRESH

7627 REFRESHဟာလန်းဆန်းစေတဲ့ အစိမ်းရောင်အမျိုးအစားဖြစ်ပါတယ်။ ဒီအရောင်ဟာဖျော့တဲ့ 7555 Soft Mintအရောင်နဲ့စာရင် ပိုမိုရွှေရောင်တောက်ပြီးပိုစိမ်းတဲ့ ပုံသဏ္ဍာန်ပေါက်ပါတယ်။ အစိမ်းရင့်အရောင်တွေဖြစ်တဲ့ 7628 Treasure ၊ 7629 Antique Greenတို့နဲ့ပေါင်းစပ်တဲ့အခါ ပိုလှပလာပါတယ်။ 12086 Rustic Pinkလို နှင်းဆီရောင်နဲ့ပေါင်းစပ်တဲ့အခါမှာအံသြစရာကောင်းအောင် လိုက်ဖက်တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ ဆန့်ကျင်ဖက်ပုံသဏ္ဍာန်ပိုပေါက်လိုတယ်ဆိုရင် 1032 Iron Grey ဒါမှမဟုတ် 1462 Evening Skyအရောင်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်ပါ။

Recommended whites: အကြံပြုလိုသောအဖြူရောင်များ

7236 Chi and 9918 Morning Fog

7236 Chi ၊ 9918 Morning Fog

7628 Treasureဟာကောင်းမွန်တဲ့အစိမ်းဖျော့အရောင်ပဲဖြစ်ပါတယ်။ ဒီပုံမှာစားပွဲမျက်နှာပြင်ကိုGardex Premium Semi-Glossနဲ့ အရောင်သုတ်ထားတာဖြစ်ပါတယ်။

7628 TREASURE

အစိမ်းရောင်ဖျော့ဖျော့ ဒီအရောင်ဟာJotunရဲ့ အရောင်ဟောင်းတွေဖြစ်ကြတဲ့ 8252 Green Harmony ၊ 8469 Green Leafအရောင်တို့ထက် ပိုမိုလှပပြီးအပြာရောင်ပိုသန်းပါတယ်။ 7627 Refreshအရောင်နဲ့လိုက်ဖက်သလို1024 Timeless၊ 1032 Iron Grey၊ 1877 Pebblestone၊ 1462 Evening Skyအရောင်များနဲ့လည်းတွဲဖက်အသုံး ပြုနိုင်ပါတယ်။ ဒါ့အပြင် ဒီအစိမ်းဖျော့အရောင်ဟာ12083 Devineလိုမက်မွန်သီးအရောင်မျိုးနဲ့လည်းလိုက်ဖက်ပါတယ်။ ဆန့်ကျင်ဖက်ပုံသဏ္ဍာန်ဖန်တီးချင်တယ်ဆိုရင်တော့ 7613 Northern Mysticလိုအစိမ်းရင့်အရောင်နဲ့ တွဲဖက်ပေးပါ။

Recommended whites: အကြံပြုလိုသောအဖြူရောင်များ

7628 Treasureအရောင်ဟာ7236 Chi ၊ 9918 Morning Fog သို့မဟုတ် 1624 Skylightတို့လိုအဖြူရောင်တွေနဲ့ အကောင်းဆုံးတွဲဖက်နိုင်ပါတယ်။ 1001 Egg White ၊ 1453 Vanillaအရောင်တွေနဲ့လည်းလိုက်ဖက်ညီပါတယ်။

7629 Antique Greenအရောင်နဲ့တွဲဖက်ပြီးစားပွဲမျက်နှာပြင်ကိုGardex Premium Semi-Glossနဲ့ အလှဆင်ထားတာဖြစ်ပါတယ်။

အစိမ်းအရောင်အသစ်တွေပါဝင်တဲ့ Jotunရဲ့ Refined themeအကြောင်းဆက်လက်လေ့လာလိုပါလျှင် လင့်ခ်ကိုနှိပ်ပြီးဆက်လက်ဖတ်ရှုနိုင်ပါတယ်။

7629 ANTIQUE GREEN

အစိမ်းရင့်ရောင် 7629 ANTIQUE GREENဟာအရောင်ဖျော့တွေဖြစ်တဲ့ 7628 Treasure ၊  7627 Refreshအရောင်တွေနဲ့ လှပသလို1024 Timeless ၊ 1032 Iron Grey ၊ 1877 Pebblestoneနဲ့ 1462 Evening Skyအရောင်တွေနဲ့လည်းလိုက်ဖက်ပါတယ်။ အပြာရောင်ကို ကြိုက်တယ်ဆိုရင်တော့ 5180 Chiniအရောင်နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

Recommended whites: အကြံပြုလိုသောအဖြူရောင်များ

7236 Chi, 9918 Morning Fog or 1624 Skylight

7236 Chi၊ 9918 Morning Fog သို့မဟုတ် 1624 Skylight

7613 NORTHERN MYSTIC

ရွှေအိုစိမ်းရင့်ရောင် 7613 NORTHERN MYSTICဟာအပြာ၊ အငြိမ်၊ ရွှေရောင်၊ အဝါရောင်မဆန်ဘဲ ဟန်ချက်ညီလှပနေတဲ့ အရောင်မျိုးဖြစ်ပါတယ်။ သနပ်ခါး၊ မီးခိုး၊အစိမ်း၊ ပန်းရွှေရောင်၊ မက်မွန်သီးရောင်တွေနဲ့ လှပတဲ့ ဆန့်ကျင်ဖက်ပုံသဏ္ဍာန်ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ အရောင်ရင့်ရင့် ဆန့်ကျင်ဖက်သဏ္ဍာန်ဖြစ်ပေါ်အောင် 7628 Treasure၊ 1629 Antique Green၊ 1391 Bare၊ 1462 Evening Skyအရောင်တို့နဲ့တွဲဖက်ပေးပါ။

Recommended whites: အကြံပြုလိုသောအဖြူရောင်များ

7236 Chi, 9918 Morning Fog, 1624 Skylight, 1001 Egg White and 1453 Vanilla

7236 Chi၊ 9918 Morning Fog၊ 1624 Skylight၊1001 Egg White ၊ 1453 Vanilla

 

 



Leave a Reply

Your email address will not be published. Required fields are marked *