ငြီးငွေ့ဖွယ် အိမ်အတွင်းပိုင်းအပြင်အဆင်မှ ဣန္ဒြေရသိမ်မွေ့သော သဲကန္တာရနှင်းဆီရောင်အပြင်အဆင်သို့
သဲကန္တာရရာသီဥတုဟာ ပြင်းထန်ကြမ်းတမ်းပေမယ့် နေရောင်တလက်လက်ထနေတဲ့ ပြေပြစ်တဲ့သဲသောင်ခုံတွေကနေ ရှားပါးပြီးဆွဲဆောင်မှုရှိကာ စိမ်းလန်းတဲ့ သစ်ပင်ချုံပုတ်တွေ၊ အိုအေစစ်တွေပါဝင်တဲ့ သဘာဝအလှရှုခင်းတွေဟာ ရင်သပ်ရှုမောစရာ၊ မြင်သူဘဝင်ခိုက်စရာအတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ ဒီလိုအရောင်စုံလင်တဲ့ မြင်ကွင်းမျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင့်ရဲ့ရိုးရိုးအိမ်တွင်းအပြင်အဆင်ကို တည်ငြိမ်အေးချမ်းတဲ့ စိတ်ကူးယဉ်သဲကန္တာရပုံစံ ပြောင်းလဲနိုင်တဲ့အခွင့်အရေးရှိနေပါတယ်။ အခုဆိုရင် သင်နေထိုင်ရာနေရာဟာ ငြီးငွေ့အသက်မဲ့နေမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ အရောင်တွေ၊ပရိဘောဂတွေ မှန်မှန်ကန်ကန်ရွေးချယ်ပြီး လိုက်ဖက်တဲ့ အရောင်တွေ၊ ဆန့်ကျင်ဖက်အရောင်တွေ ဟန်ချက်ညီညီသုံးကာ သင်ရော သင့်အိမ်လာတဲ့ ဧည့်သည်တွေပါ သဘောကျနှစ်ခြိုက်သွားစေမယ့် သက်သောင့်သက်သာဆွဲဆောင်မှုရှိတဲ့ အိမ်အတွင်းပိုင်းပတ်ဝန်းကျင်တစ်ခုဖြစ်လာဖို့ သေချာနေပြီပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အရောင်တွေအကြောင်း ပြောကြည့်ပါမယ်။ Jotun အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ထိပ်တန်းလူကြိုက်များလာမယ့် အရောင်ဒီဇိုင်းအကြောင်း […]