ကလေးများအတွက် ကောင်းမွန်ပြီးလွတ်လပ်အေးချမ်းတဲ့အခန်းဖန်တီးနိုင်မယ့် အချက် ၅ ချက်
ကလေးတွေရဲ့အခန်းဆိုတာ ငြိမ်းချမ်းမှု၊ ဉာဏ်ကွန့်မြူးမှု၊လုံခြုံမှုရှိမှုတို့ကိုရှာဖွေတွေ့ရှိနိုင်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်နန်းတော်ပဲဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အရွယ်ရောက်လာတဲ့ သင့်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုအောင်ပြုလုပ်နိုင်ရပါမယ်။ ကောင်းမွန်လုံခြုံကာလွတ်လပ်အေးချမ်းသာယာတဲ့ ကလေးအခန်းတွေကိုဘယ်လိုပြုလုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးအကောင်းဆုံးအကြုံပြုချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်သုတ်ဆေးအမျိုးအစားကိုအသုံးပြုပေးပါ။ ရင်နှစ်သည်းချာလေးတွေအတွက် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးရပါမယ်။ ကလေးအခန်းတွေမှာJotunရဲ့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဆေးအမျိုးအစားဖြစ်တဲ့ Majestic Perfect Beauty & Careကိုအသုံးပြုပေးရပါမယ်။ လှပတဲ့အရောင်အသွေးစုံပါဝင်ပြီးအရည်အသွေးမြင့်တာရှည်ခံဆေးအမျိုးအစားပဲဖြစ်ပါတယ်။ အနံ့အနည်းဆုံးနဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ထုတ်လွှင့်မှု အနည်းဆုံးလည်းဖြစ်ပါတယ်။ ဆေးအသစ်သုတ်ထားတဲ့ ချစ်စရာအခန်းလေးထဲမှာသင်နဲ့သင့်ကလေးငယ်တွေ လွတ်လပ်ပေါ့ပါးစွာအသက်ရှူနိုင်မှာဖြစ်ပါတယ်။ အရောင်တွေနဲ့ အလှဆင်ပါ။ ကလေးတွေကအရောင်တွေကို နှစ်သက်ကြပါတယ်။ အငယ်ဆုံးကလေးတွေကတောင် သူတို့နားမှာအရောင်များများရှိတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အဖြူ၊မီးခိုးစတဲ့အရောင်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒီအရောင်တွေကကလေးတွေကို ဘာတွန်းအားစေ့ဆော်မှုမှ မပေးလို့ပါပဲ။ […]