Month: June 2020

နှစ်လိုဖွယ်ရာကောင်းသောဟော်တယ်မှ အိမ်အတွင်းပိုင်းဒီဇိုင်းအကြံပြုချက်များ

နှစ်လိုဖွယ်ရာကောင်းသောဟော်တယ်မှ အိမ်အတွင်းပိုင်းဒီဇိုင်းအကြံပြုချက်များ

  Serembanက ရှေးဟောင်းဟော်တယ်တစ်လုံးကိုဂျိုတန်အိမ်သုတ်ဆေးနဲ့ အပြည့်အ၀ ပြန်လည်ဆန်းသစ်ထားပါတယ်။ အိုဟောင်းယိုယွင်းနေတဲ့ ဟော်တယ်ကိုလွတ်လပ်အေးချမ်းဇိမ်ကျတဲ့ နေရာတစ်ခုဖြစ်အောင် The Makeover Guys အဖွဲ့က တာဝန်ယူဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ The Makeover Guys အဖွဲ့မှ အိမ်အတွင်းပိုင်းစတိုင်ကျွမ်းကျင်ပညာရှင် Victoria က ခေတ်ဟောင်းပုံစံမပျောက်ပျက်အောင် ရှေးဟောင်းနဲ့ ခေတ်ပေါ်ပုံစံပေါင်းစပ်ပြီး ပြီးပြည့်စုံအောင် ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။ဂျိုတန်ရဲ့ အရောင်ကျွမ်းကျင်သူတွေရဲ့ အကူအညီရယ်၊ သူ့ရဲ့ တီထွင်ဖန်တီးတတ်တဲ့အမြင်တွေကိုဟော်တယ်ရဲ့ ဒီဇိုင်း ၊ ကာလာ၊ ပရိဘောဂတွေမှာတွေ့နိုင်ပါတယ်။Victoria က အချိန်ကာလမဲ့ ဆွဲဆောင်မှုနှင့် သာလွန်ကောင်းမွန်တဲ့ ပုံပန်းသဏ္ဍာန်တွေရရှိစေဖို့ ဂျိုတန်အိမ်သုတ်ဆေးကိုရွေးချယ်အသုံးပြုခဲ့ပါတယ်။ စိတ်လှုံ့ဆော်မှုဖြစ်စေတဲ့ တည်ငြိမ်မှု ကြားနေအရောင်ပြေပြေတွေကို နွေးထွေးမှုပေးတဲ့ မသိမသာဆန့်ကျင်ဖက်အရောင်တွေနဲ့ တွဲဖက်ပေးလိုက်တဲ့အခါ […]