ADVENTURE – ထူးခြားဆန်းပြားသည့် အရောင်အတွေ့အကြုံ

လောင်ကျွမ်းတဲ့ လိမ္မော်ရောင် 11175 Adventure ကို အဝါရောင် 11174 Curious Mind နဲ့ ပေါင်းစပ်တဲ့အခါ နွေးထွေးပြီး သဲသောင်ပြင်ရောက်သလို ခံစားချက်မျိုး ဖန်တီးပေးပါတယ်။ အရှေ့ဘက် မီးဖိုနံရံတွေကို ပိုမိုခန့်ညားတဲ့ ပုံသဏ္ဍာန်ရရှိပြီး သန့်ရှင်းရပိုမိုလွယ်ကူအောင် အသစ်အဆင့်မြှင့်တင်ထားတဲ့ Majestic True Beauty Sheen အမျိုးအစားနဲ့ ဆေးခြယ်ထားပါတယ်။

ရိုးရှင်း ၊ ဇိမ်ကျ ၊ ထူးခြားဆန်းပြား

စွန့်စားခန်းတွေက လူတွေကို ပြောင်းလဲစေတဲ့ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ လူတွေက သဲကန္တာရခရီး ၊ ဝေးလံတဲ့ ပင်လယ်ခရီး သို့မဟုတ် အသစ်အဆန်းတစ်ခုခုရှာဖွေခြင်းတို့လို အတွေ့အကြုံတွေမှ လတ်ဆတ်တဲ့ အမှတ်တရတွေ ၊ အတွေးအမြင်သစ်တွေ ၊ ကိုယ်ပိုင်ဗဟုသုတတိုးတက်မှုတွေ ရရှိကြပြီး နေ့တဓူဝလောကကြီးထဲ ပြန်ရောက်လာကြပါတယ်။

11175 Adventure ဟာ အာဖရိကမြက်ခင်းလွင်ပြင်တွေ ၊ လှပတဲ့ အထည်ဆင်တွေလို ပုံရိပ်တွေမှတဆင့် ပေါ်ထွက်လာတဲ့ လောင်ကျွမ်းတဲ့ လိမ္မော်ရောင်ပဲဖြစ်ပါတယ်။ ရိုးရှင်းနွေးထွေးပြီး ရွှေရောင်ရှိတဲ့ ဒီအရောင်ဟာ ထူးခြားဆန်းပြားသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ရှာဖွေစရာ အရောင်အသစ်တွေ ၊ အနံ့အရသာတွေ ၊ အမွှေးနံ့သာတွေနဲ့ စူးစမ်းစရာ စိတ်ကူးတွေ အမြဲတမ်းရှိနေတယ်ဆိုတာကို ဒီအရောင်က အမြဲသတိပေးနေပါတယ်။

ဝေးကွာတဲ့ နယ်မြေတွေ ၊ ထူးခြားဆန်းပြားသည့် ခရီးတွေက စောင့်နေပါတယ်။ Majestic True Beauty Sheen အမျိုးအစားဆေးတွေက သင့်အိမ်နံရံတွေ လှပမြဲလှပနေအောင် ပြုလုပ်ပေးမှာဖြစ်တာကြောင့် စိတ်ပူစရာလုံးဝမရှိပဲ သင့်ရဲ့ နောက်လာမယ့် စွန့်စားခန်းအကြောင်း လွတ်လွတ်လပ်လပ်အိပ်မက်မက်နေနိုင်ပါတယ်။

အသစ်အဆင့်မြှင့်တင်ထားတဲ့ Majestic True Beauty Sheen

Majestic True Beauty Sheen အမျိုးအစားဆေးတွေဟာ လှပမှုကို နောက်တဆင့်သို့ တိုးတက်စေပါတယ်။ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ ဖော်မြူလာက ပိုချောမွေ့ ၊ ပိုခမ်းနားတဲ့ ဂုဏ်ယူစရာပုံသဏ္ဍာန်ဖြစ်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အစွန်းခုခံမှုတိုးတက်အောင် ပြုလုပ်ထားတာကြောင့် အိမ်နံရံတွေဟာ အမြဲလန်းဆန်းသစ်လွင်နေမှာ ဖြစ်ပါတယ်။ Jotun ရဲ့ ကိုယ်ပိုင် True Colour Technology ကလည်း ပိုမိုညီညာတဲ့ အရောင်တွေဖြစ်အောင် ပြုလုပ်ထားပြီး ခန့်မှန်းတဲ့အတိုင်း သေချာတဲ့ ပုံစံဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ဒီအချက်တွေအားလုံးကြောင့် အိမ်နံရံတွေ ရှည်ကြာစွာ လှနေမှာဖြစ်ပါတယ် အိမ်မှာဖြစ်ဖြစ် အိမ်ပြင်မှာဖြစ်ဖြစ် စွန့်စားခန်းအသစ်တွေ ဆက်လက်လုပ်ဆောင်ဖို့ စိတ်ပူစရာမရှိတော့ပါဘူး။

11175 ADVENTURE

ရိုးရှင်းနွေးထွေးပြီး ရွှေရောင်ရှိတဲ့ ဒီအရောင်ကို လောင်ကျွမ်းတဲ့ လိမ္မော်ရောင်အဖြစ် ဖော်ပြနိုင်ပါတယ်။ အဝါ ၊ အနီ ၊ လိမ္မော်အရောင်တွေကို အဆင်ပြေပြေပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီအရောင်ကို 2771 Rustikk Terracotta ထက် ရွှေရောင်ပိုများတဲ့ ဗားရှင်း သို့မဟုတ် 12074 Peachy ထက် ပိုရင့်တဲ့ ဗားရှင်းအဖြစ်ပြောနိုင်ပါတယ်။

မနုမရင့်အရောင်များ

ဒီအရောင်ဟာ ရွှေရောင်ဖျော့အရောင်တွေဖြစ်တဲ့ 1001 Egg White ၊ 1453 Vanilla ၊ 1376 Mist ၊ 1024 Timeless ၊ 0552 Tudor တို့နဲ့ လိုက်ဖက်ပါတယ်။ နွေးထွေးရိုးရှင်းတဲ့ သွင်ပြင်ဖြစ်ပေါ်ဖို့ အနည်းငယ်အရောင်ပိုများတဲ့ 10679 Washed Linen ၊ 12077 Sheer Grey ၊ 12078 Comfort Grey ၊ 0394 Soft Grey ၊ 1352 Tender Grey အရောင်တွေနဲ့ တွဲဖက်ပေးပါ။ မီးခိုးရွှေရောင်ကို နှစ်သက်တယ်ဆိုရင်တော့ 1877 Pebblestone ၊ 1462 Evening Sky သို့မဟုတ် 1434 Elegant အရောင်တွေနဲ့ ပေါင်းစပ်ကြည့်နိုင်ပါတယ်။

အရောင်အတွဲအစပ်များ

ဒီအရောင်ဟာ 9938 Blackened Black သို့မဟုတ် 1434 Elegant တို့လို အနက်ရင့်အရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ အရောင်ဆင်တဲ့ စိတ်ကြည်နူးစရာ 12074 Peachy သို့မဟုတ် ပိုဖျော့တဲ့ 12083 Devine အရောင်တွေနဲ့လည်း စမ်းသပ်ကြည့်နိုင်ပါတယ်။

အစိမ်းရောင်က စိတ်လှုပ်ရှားဖွယ်ဆန့်ကျင်ဘက်အလှအပကို ပေးစွမ်းပါတယ်။ အထူးသဖြင့် ပိုရင့်တဲ့ 8494 Organic Green ၊ 8546 Local Green သို့မဟုတ် 8422 Green Marble အရောင်တွေပဲဖြစ်ပါတယ်။ လောင်ကျွမ်းတဲ့ လိမ္မော်ရောင် 11175 Adventure ကို 5489 Free Spirit ၊ 5490 Serene Blue ၊ 5249 Arctic Grey တို့လို အပြာရောင်လှလှလေးတွေ သို့မဟုတ် ပိုတောက်တဲ့ 5455 Industrial Blue အရောင်တွေနဲ့ ပေါင်းစပ်ပြီး ဖြည့်ဖက်ဆန့်ကျင်ဘက်အလှကို ဖန်တီးပေးနိုင်ပါတယ်။

ဆန့်ကျင်ဘက် ဆွဲဆောင်မှု – 11175 Adventure နဲ့ 5489 Free Spirit အရောင်တို့ ပေါင်းစပ်မှု

အဖြူဆင်အရောင်များ

11175 Adventure အရောင်အတွက် 9918 Morning Fog ၊ 1624 Skylight ၊ 1001 Egg White သို့မဟုတ် 1453 Vanilla အရောင်တွေနဲ့ တွဲဖက်အသုံးပြုဖို့ အကြံပြုလိုပါတယ်။

 



Leave a Reply

Your email address will not be published. Required fields are marked *