Colour Trends

နှစ်လိုဖွယ်ရာကောင်းသောဟော်တယ်မှ အိမ်အတွင်းပိုင်းဒီဇိုင်းအကြံပြုချက်များ

နှစ်လိုဖွယ်ရာကောင်းသောဟော်တယ်မှ အိမ်အတွင်းပိုင်းဒီဇိုင်းအကြံပြုချက်များ

  Serembanက ရှေးဟောင်းဟော်တယ်တစ်လုံးကိုဂျိုတန်အိမ်သုတ်ဆေးနဲ့ အပြည့်အ၀ ပြန်လည်ဆန်းသစ်ထားပါတယ်။ အိုဟောင်းယိုယွင်းနေတဲ့ ဟော်တယ်ကိုလွတ်လပ်အေးချမ်းဇိမ်ကျတဲ့ နေရာတစ်ခုဖြစ်အောင် The Makeover Guys အဖွဲ့က တာဝန်ယူဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ The Makeover Guys အဖွဲ့မှ အိမ်အတွင်းပိုင်းစတိုင်ကျွမ်းကျင်ပညာရှင် Victoria က ခေတ်ဟောင်းပုံစံမပျောက်ပျက်အောင် ရှေးဟောင်းနဲ့ ခေတ်ပေါ်ပုံစံပေါင်းစပ်ပြီး ပြီးပြည့်စုံအောင် ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။ဂျိုတန်ရဲ့ အရောင်ကျွမ်းကျင်သူတွေရဲ့ အကူအညီရယ်၊ သူ့ရဲ့ တီထွင်ဖန်တီးတတ်တဲ့အမြင်တွေကိုဟော်တယ်ရဲ့ ဒီဇိုင်း ၊ ကာလာ၊ ပရိဘောဂတွေမှာတွေ့နိုင်ပါတယ်။Victoria က အချိန်ကာလမဲ့ ဆွဲဆောင်မှုနှင့် သာလွန်ကောင်းမွန်တဲ့ ပုံပန်းသဏ္ဍာန်တွေရရှိစေဖို့ ဂျိုတန်အိမ်သုတ်ဆေးကိုရွေးချယ်အသုံးပြုခဲ့ပါတယ်။ စိတ်လှုံ့ဆော်မှုဖြစ်စေတဲ့ တည်ငြိမ်မှု ကြားနေအရောင်ပြေပြေတွေကို နွေးထွေးမှုပေးတဲ့ မသိမသာဆန့်ကျင်ဖက်အရောင်တွေနဲ့ တွဲဖက်ပေးလိုက်တဲ့အခါ […]

JOTUN 2020 COLOUR TRENDS အရောင်တွေနဲ့ ဆင်ယင်နွှဲပျော်ဖို့ အချိန်ကျရောက်ပါပြီ

JOTUN 2020 COLOUR TRENDS အရောင်တွေနဲ့ ဆင်ယင်နွှဲပျော်ဖို့ အချိန်ကျရောက်ပါပြီ

ဆယ်စုနှစ်အသစ်တစ်ခုက စတင်မှုအသစ်အဆန်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ လူအများအတွက် အနာဂတ်ကို ပုံဖော်ဖို့ အချိန်တစ်ခုပါ။ အပေါ်ပုံမှာပြထားတဲ့ 8546 Local Green ဟာ Jotun ရဲ့ အရောင်အသစ်အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ Jotun က လာမယ့် ဆယ်စုနှစ်ကို အရောင်အသစ် ၁၂ မျိုး စတင်မိတ်ဆက်ပြီး ကြိုဆိုလိုက်ပါတယ်။ Jotun ရဲ့ 2020 Colour Trends ကဒ်တွေကို လက်ကားဆိုင်တွေမှတဆင့် ရယူနိုင်ပါပြီ။ ရွှေရောင်အရောင်အသစ်နှစ်မျိုးထဲမှ 11174 Curious Mind ကို ဗီရိုနောက်မှ နံရံပေါ်မှာ အသုံးပြုထားပြီး ပိုဖျော့တဲ့ 11173 Humble Yellow […]

WISDOM – ခေတ်ဆန်သပ်ရပ်ကျနသော ဆီးရောင်

WISDOM – ခေတ်ဆန်သပ်ရပ်ကျနသော ဆီးရောင်

Majestic True Beauty Matt အမျိုးအစား 20145 Wisdom အရောင်ဟာ သပ်ရပ်ကျနမှုကို ဖြစ်စေပါတယ်။ မှော်ဆန်ပြီး ချမ်းမြေ့စေ အသိဉာဏ်ပညာဆိုတာ ဗဟုသုတ ၊ အတွေ့အကြုံနဲ့ ဆင်ခြင်သုံးသပ်မှုတို့ ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ လာမယ့် ဆယ်စုနှစ်ကို အပြောထက် ပိုနားထောင်တတ်ဖို့ ၊ အချက်အလက်စုံတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ဖို့ ၊ အနှစ်သာရရှိရှိ နားလည်မှုရှိရှိနဲ့ ဘဝကို ဖြတ်သန်းဖို့ အတွက် ရည်ရွယ်ထားသင့်ပါတယ်။ ဒီအချက်တွေကပဲ ခမ်းနားတဲ့ ဒီအရောင်ဖြစ်ပေါ်စေဖို့ နောက်ခံအချက်တွေပဲ ဖြစ်ပါတယ်။ 20145 Wisdom ဟာ လူတစ်ယောက်ရဲ့ အတွေးကို နားလည်ပြီး သူ့ကို […]

SERENE BLUE အရောင်နှင့် ဟန်ချက်ညီသဟဇာတဖြစ်စေမှု

SERENE BLUE အရောင်နှင့် ဟန်ချက်ညီသဟဇာတဖြစ်စေမှု

စတိုင်ကျတဲ့ အကန့်ပိုင်းထားတဲ့နံရံတွေ ၊ မျက်နှာပြင်ပြေပြေတွေကို 5490 Serene Blue အရောင်နဲ့ဆေးခြယ်လိုက်တဲ့အခါ ခမ်းနားတဲ့သွင်ပြင်ဖြစ်ပေါ်လာပါ။ လုံးဝန်းတဲ့ အကန့်ပိုင်းထားတဲ့နံရံတွေကို Majestic Supreme Finish အမျိုးအစားနဲ့ ဆေးခြယ်ထားပြီး ပြေပြစ်တဲ့ နံရံတွေကို Majestic True Beauty Matt အမျိုးအစားနဲ့ဆေးခြယ်ထားပါတယ်။ စိမ်းပြာရောင် အိုအေစစ် အိမ်ဆိုတာက ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်၊အဆင်အကွက်တွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာထားဖို့ ကြိုက်တဲ့ ပစ္စည်းတွေကို အတူတကွယှဉ်တွဲထားရှိပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်စေတဲ့ နေရာပဲဖြစ်ပါတယ်။ အပြာက အမြဲတည်ငြိမ်တဲ့ အရောင်ဖြစ်ပြီး အိမ်မှာ ငြိမ်းချမ်းဟန်ချက်ညီတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်တဲ့ အရောင်မျိုးဖြစ်ပါတယ်။ 5490 Serene Blue […]

သက်သောင့်သက်သာ ပူရှိန်းအရောင်ပြေပြေနဲ့ ပင့်သက်ရှိုက်တင်လိုက်ပါ။

သက်သောင့်သက်သာ ပူရှိန်းအရောင်ပြေပြေနဲ့ ပင့်သက်ရှိုက်တင်လိုက်ပါ။

7637 Exhale အရောင်က စိတ်ကြည်နူးဖွယ် ခိုနားရာနေရာတစ်နေရာ ဖန်တီးပေးပါတယ်။ နံရံတွေကို Majestic True Beauty Matt အမျိုးအစားနဲ့ ဆေးသုတ်ထားပြီး Majestic Supreme Finish Matt အမျိုးအစားနဲ့ အသေးစိတ်နေရာတွေကို ချစ်စရာကောင်းအောင် အလှဆင်ထားပါတယ်။ ဆန့်ကျင်ဖက်အလှအပဖြစ်သွားအောင် စားပွဲကို 20142 Daydream အရောင်သုတ်ထားတာကို သတိပြုပါ။ မျက်နှာကြက်ကို 9918 Morning Fog နဲ့ ဆေးသုတ်ထားပါတယ်။ အသက်ရှုထုတ်လိုက်ပြီး အခိုက်အတန့်ကို ခံစားပါ။ အလုပ်ရှုပ်တဲ့ ဘ၀ ၊ တက်သုတ်ရိုက်နေတဲ့ နေ့တွေကြားမှာ အားလပ်ချိန်ယူတာက အရေးကြီးသလို မရှိမဖြစ်လိုအပ်လှပါတယ်။ အရှိန်လျှော့ချပြီး […]

LIVELY RED – စွမ်းအားတောက်ပစေမယ့် အရောင်

LIVELY RED – စွမ်းအားတောက်ပစေမယ့် အရောင်

20143 Lively Red ဟာ ချစ်စရာ၊ တက်ကြွစရာနှင့် စိတ်ကြည်နူးစရာ အရောင်ဖြစ်ပါတယ်။ ဒီအရောင်ဟာ အခြား Majestic True Beauty Matt အမျိုးအစားတွေနဲ့ တွဲဖက်ကာ လှပပြေပြစ်တဲ့ ပုံသဏ္ဍာန်ဖြစ်ပေါ်လာပြီး သိသာထင်ရှားလာပါတယ်။ တက်ကြွ ၊ အားမာန်ပြည့် 20143 Lively Red အရောင်ဟာ တက်ကြွလှုပ်ရှားမှုဖြစ်စေပြီး ပတ်ဝန်းကျင်ကို စွမ်းအားဖြည့်ပေးသလို ဖြစ်ပေါ်စေပါတယ်။ ဒီအရောင်က နွေးထွေးတောက်ပစေပြီး လုံခြုံအားအင်ပြည့်ဖြိုးစေတဲ့ ခံစားချက်ကို ရရှိစေပါတယ်။ အောက်ပါပုံမှာ မြင်ကွင်းတစ်ခုလုံး မှော်ဆန်အောင် လှပနေတာကို တွေ့နိုင်ပါတယ်။ နံရံတွေ ၊ အခြားနေရာတွေမှာ အနီနှစ်ရောင် အရောင်ချင်းထပ်ထားလိုက်တဲ့အခါ […]

စွမ်းအားပြည့်ဝစေတဲ့ STATEMENT BLUE

စွမ်းအားပြည့်ဝစေတဲ့ STATEMENT BLUE

4863 Statement Blue ဟာ ခွန်အားနဲ့အရည်အသွေးပြည့်ဝတဲ့ အရောင်ဖြစ်ပါတယ်။ သန်စွမ်းကာ တစ်ကိုယ်ရေ ခံစားချက်ကို ပေါ်လွင်စေခြင်း 4863 Statement Blue ဟာ ခေတ်ဆန်တဲ့ ကိုယ်ပိုင်ယုံကြည်ချက်ကိုဖြစ်ပေါ်စေသော ရဲရင့်တဲ့ကိုယ်ပိုင်အတွင်းစိတ်ကို ဖန်တီးပေးပါတယ်။ စွမ်းအားပြည့်အရောင်ဖြစ်ပြီး စိတ်လှုပ်ရှားစရာဖြစ်စေပါတယ်။ ယုံကြည်စဖွယ် ထူးခြားကောင်းမွန်တဲ့ အရောင်ဖွဲ့စည်းမှုပြုလုပ်ဖို့ ဒီအရောင်ကို ရွေးချယ်ပေးပါ။ ရှင်းလင်းသန်စွမ်းတဲ့ အပြာရောင် 4863 Statement Blue ဟာ အားပါတဲ့ စရိုက်လက္ခဏာမျိုးရှိပြီး စိတ်လှုပ်ရှားဖွယ်အရောင်ဖြစ်ပါတယ်။ နံရံကို Majestic True Beauty Matt အမျိုးအစားနဲ့ ဆေးသုတ်ထားပါတယ်။ ဒီအရောင်လို အရောင်ရဲရဲနဲ့ ထင်ထင်ရှားရှားဖြစ်ပေါ်စေတဲ့ ပုံသဏ္ဍာန်မျိုးကို […]

သိမ်မွေ့တပ်မက်ဖွယ်ရာ ရိုးရိုးယဉ်ယဉ်အရောင်

သိမ်မွေ့တပ်မက်ဖွယ်ရာ ရိုးရိုးယဉ်ယဉ်အရောင်

11173 Humble Yellow ဟာ လှပတဲ့ အဝါနုနုအရောင်ဖြစ်ပြီး ဖြည့်ဖက်အရောင် 1352 Tender Grey နဲ့ တွဲဖက်ကာ လှပနေပါတယ်။ Majestic Supreme Finish အမျိုးအစား 1624 Skylight နဲ့ အဖြူရောင်အပိုင်းကို ဆေးခြယ်ထားပါတယ်။ ရိုးရိုးယဉ်ယဉ်ပုံသဏ္ဍာန် နှိမ့်ချတဲ့ စိတ်ထားရှိတဲ့အခါ ယုံကြည်မှုအားကောင်းလာပါတယ်။ တစ်ယောက်ရဲ့အသံကို တစ်ယောက်က ကြားဖို့ အသံမြှင့်ပြောနိုင်ပေမယ့် နားလည်ဖို့အတွက် နားထောင်တတ်ဖို့ လိုအပ်ပါတယ်။ မျှဝေခံစားတတ်တာနဲ့ လိုက်လျောညီထွေနေထိုင်တတ်တာဟာ ဟန်ချက်ညီတဲ့ ဘဝအတွက် အရေးကြီးပါတယ်။ 11173 Humble Yellow ဟာ နားထောင်တတ်တဲ့ ၊ အခြားသူများရဲ့ […]

ADVENTURE – ထူးခြားဆန်းပြားသည့် အရောင်အတွေ့အကြုံ

ADVENTURE – ထူးခြားဆန်းပြားသည့် အရောင်အတွေ့အကြုံ

လောင်ကျွမ်းတဲ့ လိမ္မော်ရောင် 11175 Adventure ကို အဝါရောင် 11174 Curious Mind နဲ့ ပေါင်းစပ်တဲ့အခါ နွေးထွေးပြီး သဲသောင်ပြင်ရောက်သလို ခံစားချက်မျိုး ဖန်တီးပေးပါတယ်။ အရှေ့ဘက် မီးဖိုနံရံတွေကို ပိုမိုခန့်ညားတဲ့ ပုံသဏ္ဍာန်ရရှိပြီး သန့်ရှင်းရပိုမိုလွယ်ကူအောင် အသစ်အဆင့်မြှင့်တင်ထားတဲ့ Majestic True Beauty Sheen အမျိုးအစားနဲ့ ဆေးခြယ်ထားပါတယ်။ ရိုးရှင်း ၊ ဇိမ်ကျ ၊ ထူးခြားဆန်းပြား စွန့်စားခန်းတွေက လူတွေကို ပြောင်းလဲစေတဲ့ အတွေ့အကြုံတွေပဲဖြစ်ပါတယ်။ လူတွေက သဲကန္တာရခရီး ၊ ဝေးလံတဲ့ ပင်လယ်ခရီး သို့မဟုတ် အသစ်အဆန်းတစ်ခုခုရှာဖွေခြင်းတို့လို အတွေ့အကြုံတွေမှ လတ်ဆတ်တဲ့ […]

ဒီဆီးရောင်ပြေပြေအရောင်ကို ဟန်ချက်ညီစေမှုအတွက် ပြုလုပ်ထားပါသည်။

ဒီဆီးရောင်ပြေပြေအရောင်ကို ဟန်ချက်ညီစေမှုအတွက် ပြုလုပ်ထားပါသည်။

20142 Daydream ဟာ နှစ်သက်ဖွယ် ဆီးရောင်ပြေပြေအရောင်ဖြစ်ပါတယ်။ လှပ၊ခမ်းနားသောကြောင့် ကျော့မော့သားနားတဲ့ ဧည့်ခန်းတစ်ခုဖြစ်အောင် ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အားလပ်ချိန်ယူပါ။ နေ့ခင်းအိပ်မက် မက်ပါ။ ယနေ့ခေတ်မှာ နေ့ခင်းအိပ်မက်မက်ဖို့အချိန်ရှိတာဟာ ဇိမ်တစ်ခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုပ်ထွေးတဲ့ အလုပ်ချိန်တွေကနေ အားလပ်ချိန်ယူဖို့က အရေးပါလှပါတယ်။ စိတ်ကွန့်မြူးဖို့ အချိန်ရတာက ရေထဲမှာ ပုံရိပ်ထသလို စိတ်ကူးအသစ်တွေပေါ်ပေါက်ဖို့ ဖြစ်ပေါ်စေပါတယ်။ 20142 Daydream က နှစ်သက်ဖို့ မခက်တဲ့ ဆီးရောင်ပြေပြေအရောင်ဖြစ်ပါတယ်။ ချွင်းချက်မရှိလှပြီး ဇိမ်ရှိတဲ့ ခံစားချက်ကို ဖြစ်စေတာကြောင့် အနားယူ၊ အေးအေးလူလူစကားပြောစရာအဖြစ် ရည်ရွယ်တဲ့ အခန်းတွေနဲ့ သင့်တော်လှပါတယ်။ ပုံမှန်အလုပ်ရက်တစ်ရက်ရဲ့ အချိန်တစ်ချိန်မှာ စိတ်ကူးယဉ်အိပ်မက်မက်ကြည့်ဖို့ […]