သင့်စိတ်ကြိုက်အရောင်အတွဲအစပ်တွေကိုလျင်လျင်မြန်မြန်လွယ်လွယ်ကူကူဖန်တီးနိုင်ဖို့ Jotun က ကာလာကဒ်ဒီဇိုင်းကိုဖန်တီးပေးထားတာဖြစ်ပါတယ်။ ထင်ရှားပေါ်လွင်တဲ့ အရောင်တွေ ၊ သနပ်ခါးရွှေရောင်၊မနုမရင့်အရောင်တွေ၊မီးခိုးဖျော့အရောင်တွေနဲ့ အရောင်မိသားစုလေးမျိုးတို့ပါဝင်ပါတယ်။ ဒီအရောင်တွေကိုသင့်စိတ်ကြိုက်ဘယ်လိုပေါင်းစပ်နိုင်သလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုပေးပါနော်။
ခေတ်ပေါ် ထင်ရှားပေါ်လွင်တဲ့အရောင်လေးမျိုး
ထင်ရှားပေါ်လွင်တဲ့အရောင်တွေကိုကိုယ့်စိတ်ကြိုက်လွယ်လွယ်ကူကူပြုလုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ 12074 Peachyအရောင်ကိုသူ့တစ်မျိုးတည်းအသုံးပြုလို့ ရသလိုသို့မဟုတ် 1024 Timeless ၊ 12075 Soothing Beige ၊ 12076 Modern Beige တို့လိုသနပ်ခါးရွှေရောင်အမျိုးအစားတွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။
12074 Peachy
ထင်ရှားပေါ်လွင်တဲ့အရောင်တွေကို ကြားအရောင်တွေ သို့မဟုတ် အခြားအရောင်မိသားစုမှ အရောင်တွေနဲ့ ပေါင်းစပ်ပေးပါ။
ခရမ်းဖျော့ အရောင် 3377 Slate Lavender
မီးခိုးရောင်သန်းတဲ့ မက်မွန်သီးဖျော့ရောင် 12074 Peachy
ရွှေနီရောင်တောက်တောက် 20118 Amber Red
ရွှေအိုစိမ်းရောင်ရင့်ရင့် 7613 Northern Mystic
Wall: 20118 Amber Red
ခေတ်ဆန်တဲ့ ကြားအရောင်များ
ကြားအရောင်တန်းတွေမှာသနပ်ခါးရွှေရောင်၊ မီးခိုးဖျော့အရောင်တွေ ပါဝင်ပါတယ်။ အတန်းတစ်တန်းစီမှာအရောင်လေးမျိုးပေါင်းစပ်တာကသိမ်မွေ့တဲ့ အရောင်အဆင့်ဆင့် ပုံသဏ္ဍာန်ဖြစ်ပေါ်စေပါတယ်။
လှေခါးနံရံ12078 Comfort Grey
နံရံ:1622 Reflection
အကြံပြုချက်။ မီးခိုးကြားရောင်တွေဟာအတန်း ၄၊၆၊၇ တို့ရှိအရောင်မိသားစုမှ အရောင်များအားလုံးနဲ့ လိုက်ဖက်တာကိုတွေ့ရမှာဖြစ်ပါတယ်။
သနပ်ခါးရွှေရောင် ကြားအရောင်တွေဟာIDENTITY ကာလာကဒ်ထဲရှိကာလာမိသားစုထဲမှ အရင့်ဆုံးအရောင်အားလုံးနဲ့ တွဲဖက်ညီတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီကဒ်ကိုအသုံးပြုပြီး ကြားအရောင်တွေ ကိုအလိုလိုရှာဖွေအသုံးပြုတတ်သွားမှာ ဖြစ်ပါတယ်။
နံရံ: Majestic True Beauty Matt အမျိုးအစား12076 Modern Beige
အောက်ခြေပျဉ်ဖုံးနှင့်ပြတင်းပေါက်: Gardex Premium Semi-glossအမျိုးအစား 1024 Timeless
အရောင်မိသားစုများ
လေးတန်းမြောက်ထဲမှ အရောင်များဟာတူညီတဲ့အရောင်မိသားစုကိုကိုယ်စားပြုပါတယ်။
နံရံ: Majestic True Beauty Matt အမျိုးအစား 20120 Organic Red
စားပွဲ: Gardex Premium Semi-Gloss အမျိုးအစား 2024 Senses
အတန်းတစ်တန်းမှ အရောင်တွေကိုပေါင်းစပ်ခြင်းကတစ်ရောင်တည်းအသွေးစုံတဲ့ အရောင်ပုံစံကိုဖန်တီးပေးပါတယ်။
နံရံ: Majestic True Beauty Matt အမျိုးအစား Antique Greenနှင့် ပိုရင့်တဲ့ 7613 Northern Mystic
တံခါး: Gardex Premium Semi-Gloss
မတူညီတဲ့အခန်းတွေကိုတိုင်တစ်တိုင်မှ အရောင်တွေအသုံးပြုပေးလိုက်တဲ့အခါ အိမ်ဟာလှပဟန်ချက်ညီကာအလှရသပြည့်ဝသွားမှာဖြစ်ပါတယ်။
ဖန်တီးနိုင်မှုစွမ်းရည်ဟာလူတစ်ဦးနဲ့တစ်ဦးကွဲပြားကြပါတယ်။ ကိုယ့်ရဲ့ မတူညီတဲ့ အရည်အသွေးကိုအသုံးချပြီးကိုယ့်စရိုက်နဲ့လိုက်ဖက်မယ့်အရောင်တွေကိုရွေးချယ်ကြည့်လိုက်ပါ။