JOTUN 2020 COLOUR TRENDS အရောင်တွေနဲ့ ဆင်ယင်နွှဲပျော်ဖို့ အချိန်ကျရောက်ပါပြီ

ဆယ်စုနှစ်အသစ်တစ်ခုက စတင်မှုအသစ်အဆန်းတစ်ခုကို ဖြစ်ပေါ်စေပါတယ်။ လူအများအတွက် အနာဂတ်ကို ပုံဖော်ဖို့ အချိန်တစ်ခုပါ။ အပေါ်ပုံမှာပြထားတဲ့ 8546 Local Green ဟာ Jotun ရဲ့ အရောင်အသစ်အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။

Jotun က လာမယ့် ဆယ်စုနှစ်ကို အရောင်အသစ် ၁၂ မျိုး စတင်မိတ်ဆက်ပြီး ကြိုဆိုလိုက်ပါတယ်။

Jotun ရဲ့ 2020 Colour Trends ကဒ်တွေကို လက်ကားဆိုင်တွေမှတဆင့် ရယူနိုင်ပါပြီ။

ရွှေရောင်အရောင်အသစ်နှစ်မျိုးထဲမှ 11174 Curious Mind ကို ဗီရိုနောက်မှ နံရံပေါ်မှာ အသုံးပြုထားပြီး ပိုဖျော့တဲ့ 11173 Humble Yellow ကို ဘယ်ဘက်မှ ကောက်ကွေးတဲ့ နံရံပေါ်မှာ အသုံးပြုထားပါတယ်။

၂၀၂၀ – ဆယ်စုနှစ်ရဲ့ အစနှစ်

၂၀၂၀ ဟာ ဆယ်စုနှစ်ရဲ့ အစနှစ်အဖြစ် ကိုယ်စားပြုပါတယ်။ လူများစွာက နေထိုင်မှုပုံစံတွေ ပြောင်းလဲဖို့ ၊ အသစ်အဆန်းတစ်ခုကို လေ့လာဖို့ ၊ ခရီးသွားဖို့ သို့မဟုတ် အနည်းပိုပြီး နေ့ခင်းအိပ်မက်တွေမက်ဖို့ အလိုရှိလာကြပါတယ်။ ဘယ်လို အပြောင်းအလဲကိုပဲ လုပ်လုပ် ကိုယ်ရဲ့အိမ်ကို စတင်ပြောင်းလဲတာ ကောင်းတယ်လို့ အရောင်အသစ်တွေ ဖြစ်ပေါ်ဖို့ ကြီးကြပ်ရတဲ့ Jotun ရဲ့ ကမ္ဘာလုံးဆိုင်ရာ အရောင်မန်နေဂျာ Lisbeth Larsen ကပြောပါတယ်။ Larsen ရဲ့ အရောင်အသစ်ဖြစ်ပေါ်ရေးအဖွဲ့က လူ့အဖွဲ့အစည်းရဲ့ ရေစီးကြောင်းလက္ခဏာတွေ ၊ နောင်လာမယ့်အချိန်မှာ လူတွေအတွေ အရေးပါလာမယ့် အရာတွေကို ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။

ဖော်ရွေပျူငှာတဲ့ အရောင်ထဲမှာ ခံစားသက်ဝင်ကြည့်ပါ : 20142 Daydream

ထူးခြားတဲ့ အငွေ့အသက်တစ်ခုဖန်တီးဖို့ အရောင်အသစ် ၁၂ ရောင်

အရောင်တွေဟာ လူတွေရဲ့ သာယာဝပြောစွာနေနိုင်ရေးအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိနေပါတယ်။ ဘဝရဲ့ အတွေ့အကြုံကြီးကြီးမားမားတွေ ၊ ဟန်ချက်ညီမှုတွေရရှိစေတဲ့ နေရာတစ်နေရာကို ဖန်တီးပေးတဲ့ အပိုင်းမှာ တာဝန်ယူကြပါတယ်။ Jotun က ၂၀၂၀ ခုနှစ်ကို အရောင်အသစ် ၁၂ မျိုး စတင်မိတ်ဆက်ပြီး ကြိုဆိုလိုက်ပါတယ်။ အရောင်တစ်ရောင်စီက စစ်မှန်ထူးခြားတဲ့ အငွေ့အသက်တွေ ဖန်တီးပေးပြီး ထူးခြားတဲ့ ဝိသေသတွေ အရည်အသွေးတွေကို ပေးကမ်းပါတယ်။

အရည်အသွေးပြည့် အပြာရင့်ရောင် 4863 Statement Blue ကို အမြဲလူကြိုက်များတဲ့ 1462 Evening Sky မီးခိုးရောင်နဲ့ လှလှပပပေါင်းစပ်ထားပါတယ်။ ဒီအရောင်တွေက Majestic True Beauty Matt အမျိုးအစား အရောင်ပြေပြေပုံသဏ္ဍာန်တွေနဲ့ အထူးလိုက်ဖက်ကြပါတယ်။

ဉာဏ်ပညာနှင့် စူးစမ်းလိုစိတ်

အရောင်အသစ်သဘောတရားတွေမှာ လာမယ့်ဆယ်စုနှစ်အတွက် Jotun ရဲ့ အကောင်းမြင်မျှော်လင့်ချက်တွေ ပါဝင်နေပါတယ်။ အရောင်တစ်ရောင်စီမှာ တိုးတက်မှုနဲ့လမ်းအသစ်တွေဖြစ်ပေါ်စေမှုတို့မှာ အရေးပါတဲ့ လက္ခဏာတွေဖြစ်တဲ့ တစ်သီးပုဂ္ဂလဆန်မှု ၊ စူးစမ်းလိုမှုတို့နှင့် ပေါင်းစပ်ထားတဲ့ အကောင်းမြင်မှု ၊ ကြင်နာမှုတို့ကို ရောင်ပြန်ဟပ်စေတဲ့ အမည်တွေ ပါဝင်နေပါတယ်။

20145 Wisdom – စူးစိုက်အလုပ်လုပ်ဖို့ သို့မဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားဝိုင်းတွေကျင်းပဖို့ ဆန္ဒရှိတဲ့ အခန်းတွေအတွက် ပြီးပြည့်စုံသင့်တော်တဲ့ ဆီးသီးရင့်ရောင်

တာရှည်ခံ ၊ လှပပြေပြစ်တဲ့ နံရံများ

Jotun ရဲ့ Majestic True Beauty Matt အမျိုးအစားအရောင်အသစ်အားလုံးကို သာလွန်ကောင်းမွန်တဲ့ စီးဆင်းမှုနှင့် အထပ်ညီမှုရရှိအောင် အထူးပြုလုပ်ထားပါတယ်။ သူ့ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဖော်မြူလာက အိမ်ပိုင်ရှင်တွေ ဂုဏ်ယူရမယ့် ပိုပိုချောမွတ် ၊ ပိုမိုခမ်းနားစေတဲ့ နံရံပုံသဏ္ဍာန်ကို ပေးစွမ်းမှာဖြစ်ပါတယ်။

အစွန်းထင်မှုကို ခုခံနိုင်အောင် အဆင့်မြှင့်တင်ထားတာကြောင့် နံရံတွေကို သန့်ရှင်းရပိုလွယ်ကူစေပြီး သင့်အိမ်ဟာ အမြဲလန်းဆန်းသစ်လွင်နေမှာ ဖြစ်ပါတယ်။

Majestic True Beauty Matt အမျိုးအစားကို ရေရှည်ခံမှုကို ဦးစားပေးထားတဲ့ သင့်အိမ်ရဲ့ လေဒဏ်ရေဒဏ်အခံရဆုံးနေရာတွေမှာတောင် အသုံးပြုနိုင်ပါတယ်။ ပုံမှာပြထားတဲ့ မီးဖိုချောင်ထဲမှာ အရောင်အသစ် 11175 Adventure ကို အသုံးပြူထားပါတယ်။

အချိန်အခါမရှိ လှပသောအရောင်များ

သင့်အိမ်အတွင်းပိုင်းကို လှပဟန်ချက်ညီပြီး ပုဂ္ဂလိကဆန်တဲ့ပုံစံဖြစ်ပေါ်သွားအောင် အရောင်အသစ်တွေကို အချိန်အခါမရှိ လှပသောအရောင် ၈ မျိုးနဲ့ ပေါင်းစပ်နိုင်ပါတယ်။ ကာလာကဒ်အသစ်ထဲမှာ လိုက်ဖက်ညီ အရောင်အတွဲအစပ်အကြံပြုချက်တွေကို တွေ့ရှိနိုင်ပါတယ်။ အိမ်အလှဆင်တဲ့ ပုံသဏ္ဍာန်ကို ထူးခြားသွားအောင် ခွဲထွက်တဲ့ ပုံစံမျိုးပြုလုပ်ဖို့ မကြောက်ရွံ့သင့်ပါဘူးနော်။

The wall is painted in 7637 Exhale, and the shelves are painted with Majestic Supreme Finish in 10001 Dijon Yellow.
နံရံကို 7637 Exhale အရောင်နဲ့ ဆေးခြယ်ထားပြီး စင်တွေကို Majestic Supreme Finish အမျိုးအစား 10001 Dijon Yellow နဲ့ဆေးခြယ်ထားပါတယ်။

Jotun က အရောင်ပုံစံရော၊ နောက်ဆုံးထွက်လာတဲ့ ပုံစံဒီဇိုင်းမှာရော လှပတဲ့ ရလဒ်တွေ အမြဲရရှိစေဖို့ သေချာအောင်ပြုလုပ်ပေးထားပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *