LIVELY RED – စွမ်းအားတောက်ပစေမယ့် အရောင်

20143 Lively Red ဟာ ချစ်စရာ၊ တက်ကြွစရာနှင့် စိတ်ကြည်နူးစရာ အရောင်ဖြစ်ပါတယ်။ ဒီအရောင်ဟာ အခြား Majestic True Beauty Matt အမျိုးအစားတွေနဲ့ တွဲဖက်ကာ လှပပြေပြစ်တဲ့ ပုံသဏ္ဍာန်ဖြစ်ပေါ်လာပြီး သိသာထင်ရှားလာပါတယ်။

တက်ကြွ ၊ အားမာန်ပြည့်

20143 Lively Red အရောင်ဟာ တက်ကြွလှုပ်ရှားမှုဖြစ်စေပြီး ပတ်ဝန်းကျင်ကို စွမ်းအားဖြည့်ပေးသလို ဖြစ်ပေါ်စေပါတယ်။ ဒီအရောင်က နွေးထွေးတောက်ပစေပြီး လုံခြုံအားအင်ပြည့်ဖြိုးစေတဲ့ ခံစားချက်ကို ရရှိစေပါတယ်။

အောက်ပါပုံမှာ မြင်ကွင်းတစ်ခုလုံး မှော်ဆန်အောင် လှပနေတာကို တွေ့နိုင်ပါတယ်။ နံရံတွေ ၊ အခြားနေရာတွေမှာ အနီနှစ်ရောင် အရောင်ချင်းထပ်ထားလိုက်တဲ့အခါ အခန်းဟာ စတိုင်ကျ ထူးခြားသွားပါတယ်။

နံရံတွေကို Majestic True Beauty Matt အမျိုးအစား 20143 Lively Red အရောင်နဲ့ ဆေးခြယ်ထားပြီး တံခါးနဲ့ အောက်ခြေပတ်လည်တွေကို Majestic Supreme Finish အမျိုးအစား 20144 Grounded Red သုတ်ပေးထားပါတယ်။ မျက်နှာကြက် ပြေပြစ်သွားအောင် 9918 Morning Fog အရောင်သုတ်ထားတာကို သတိပြုပါ။

20143 LIVELY RED

ဒီရွှေအိုနီရောင်ဟာ အနီ ၊ လိမ္မော်နဲ့ ပန်းရောင်တို့ကို အသက်ဝင်အောင် ပေါင်းစပ်ထားတာဖြစ်ပါတယ်။ စိတ်ကြည်နူးစရာ တောက်ပတဲ့ပုံဟန်ဖြစ်စေပါတယ်။ 2856 Warm Blush အရောင်နဲ့စာရင် ပိုရင့် ၊ ရွှေရောင်ပိုပါတဲ့ ဗားရှင်းအဖြစ် ပြောနိုင်ပါတယ်။ 20118 Amber Red အရောင်ထက်တော့ တော်တော်ဖျော့ပါတယ်။

အရောင်အနုအရင့် တွဲစပ်မှုများ

20143 Lively Red ဟာ ပိုဖျော့ ၊ ပိုသိုသိပ်တဲ့ အရောင်တွေနဲ့ လိုက်ဖက်ပြီး လှုပ်ရှားသက်ဝင်တဲ့ ရွေးချယ်စရာဖြစ်ပါတယ်။ 1024 Timeless ၊ 1376 Mist ၊ 0552 Tudor ၊ 10341 Pale Ash တို့လို ဖျော့တဲ့ အဖြူဆင်အရောင်တွေနဲ့တွဲဖက်ကာ ဆန့်ကျင်ဖက်အလှဖြစ်စေပြီး တောက်ပစတိုင်ကျစေပါတယ်။ 12077 Sheer Grey ၊ 12078 Comfort Grey ၊ 0394 Soft Grey ၊ 1352 Tender Grey ၊ 10429 Discrete ၊ 10835 Velvet Grey ၊ 10965 Hipster Brown တို့လို မနုမရင့်အရောင်တွေနဲ့လည်း တွဲဖက်ညီလိုက်ဖက်ပါတယ်။

သနပ်ခါးအရောင်တွေထဲကဆိုရင် 1140 Sand ၊ 12075 Soothing Beige ၊ 12076 Modern Beige ၊ 1623 Marrakesh အရောင်တွေနဲ့ လိုက်ဖက်ညီပါတယ်။


အရောင်အတွဲအစပ်များ

အရောင်တူထဲကဆိုရင် အပေါ်မှာပြထားတဲ့ 20144 Grounded Red အရောင်နဲ့ပေါင်းစပ်ကာ ဆွဲဆောင်မှုရှိပြီး အနီရင့်ရောင်တွဲစပ်မှု ဖြစ်ပေါ်မှာဖြစ်ပါတယ်။ 20118 Amber Red အရောင်ကလည်း နောက်ထပ်ရွေးချယ်စရာ အမျိုးအစားပဲဖြစ်ပါတယ်။ အခြားစိတ်လှုပ်ရှားစရာ ရွေးချယ်စရာကတော့ အဝါ11174 Curious Mind သို့မဟုတ် 10683 Cashmere တို့လို နီးကပ်တဲ့အရောင်တွေကို သုံးပေးနိုင်ပါတယ်။

အနီကို အနည်းငယ်တောက်ပြီး မျှော်လင့်မထားတဲ့ ဆန့်ကျင်ဖက်အလှဖြစ်စေဖို့အတွက် အပြာနဲ့ပေါင်းစပ်နိုင်ပါတယ်။ 5490 Serene Blue လို တူညီတဲ့အဆင်ရှိတဲ့ အပြာရောင်ကို ရွေးချယ်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လာမှာပါ။

တူညီတဲ့အဆင်ရှိတဲ့ အရောင်တွေဟာ အဖြူအနက်ပါဝင်တဲ့ ပမာဏတူညီတာကြောင့် အရောင်ညီပြီး အရောင်တွေကြားမှာ တိကျတဲ့ ဟန်ချက်ညီမှုရရှိစေပါတယ်။

Majestic True Beauty Matt အမျိုးအစားတွေဖြစ်ကြတဲ့ တူညီတဲ့အဆင်ရှိတဲ့ အရောင်နှစ်ရောင် 5490 Serene Blue နဲ့ 20143 Lively Red တို့ကို ရောစပ်လိုက်တဲ့အခါ လှပပြေပြစ်သွားမှာဖြစ်ပါတယ်။

ဖြည့်ဖက်အရောင်ပုံစံအနေနဲ့ဆိုရင်တော့ တောက်ပသန်စွမ်းတဲ့ ဆန့်ကျင်ဖက်အလှဖန်တီးနိုင်ဖို့ 8469 Green Leaf ၊ 8479 Evergreen သို့မဟုတ် 8494 Organic Green တို့လို အစိမ်းရောင်တွေနဲ့ တွဲဖက်ပေးဖို့ အကြံပြုလိုပါတယ်။

အဖြူဆင်အရောင်များ

20143 Lively Red အရောင်နဲ့ လိုက်ဖက်ညီတဲ့ အဖြူဆင်အရောင်များထဲမှာ 9918 Morning Fog ၊ 1624 Skylight ၊ 1001 Egg White ၊ 1453 Vanilla နဲ့ 1622 Edelweiss တို့ပါဝင်ပါတယ်။

 



Leave a Reply

Your email address will not be published. Required fields are marked *