Recent Posts

ဝမ်းမြောက်လန်းဆန်းစေတဲ့ စိမ်းပြာရောင်

ဝမ်းမြောက်လန်းဆန်းစေတဲ့ စိမ်းပြာရောင်

5489 Free Spirit ဟာ ယုံကြည်စိတ်ချရပြီး အတွဲအဖက်ညီတဲ့ အရောင်ဖြစ်ပါတယ်။ ဒီပုံမှာ နံရံတစ်ဝိုက်ဖျော့တဲ့ 11175 Adventure အရောင်နဲ့ ပေါင်းစပ်ပြီး ရင်သပ်ရှုမောစဖွယ်လှပနေပါတယ်။ အခန်းကို Majestic True Beauty Matt ဆေးအမျိုးအစားတွေနဲ့ ခြယ်မှုန်းထားပါတယ်။ သင့်စွမ်းအင်ကို မြှင့်တင်ပါ။ အရည်အသွေးပြည့်တဲ့ 5489 Free Spirit အရောင်ဟာ လန်းဆန်းအားအင်ပြည့်ဖြိုးစေပါတယ်။ စိတ်လှုပ်ရှားစရာ ဘဝစွန့်စားခန်းတွေပြီးတဲ့နောက် ကုန်ခမ်းသွားသောအားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့လိုအပ်နေသူတွေအတွက် ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးမယ့် အရောင်ပဲဖြစ်ပါတယ်။ 5489 Free Spirit အရောင်ကို အစိမ်းနဲ့အပြာကြား ပြည့်စုံတဲ့ ဟန်ချက်ညီမှုနဲ့ ပေါင်းစပ်ထားပါတယ်။ […]

မြေသားဆန်တဲ့ နွေးထွေးမှုနဲ့ သက်သောင့်သက်သာဖြစ်မှုကို ပေးစွမ်းမယ့် GROUNDED RED

မြေသားဆန်တဲ့ နွေးထွေးမှုနဲ့ သက်သောင့်သက်သာဖြစ်မှုကို ပေးစွမ်းမယ့် GROUNDED RED

20144 Grounded Red အရောင်ဟာ ဇိမ်ကျနွေးထွေးလုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ အိမ်ထဲမှ လုံခြုံသော ခိုနားရာ လက်ရှိကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ်စနစ်အသုံးပြုများလာတာနဲ့အမျှ လုပ်ငန်းခွင်နဲ့ အနားယူမှုအကြား ကန့်သတ်ချက်ဟာ ဝေဝါးလာနေပါတယ်။ နေ့တစ်ဓူ၀ ရှုပ်ထွေးတဲ့ အလုပ်ချိန်တွေနဲ့ မွန်းကျပ်ကာ အရေးကြီးတာတွေ ပျောက်ဆုံးနေပါတယ်။ တစ်ခါတစ်ရံ ကိုယ်ဘယ်ကလာတယ်ဆိုတာကို အရိုးခံအတိုင်းသုံးသပ်နိုင်ဖို့ ရင်းနှီးမှုပြည့်တဲ့ ခိုနားရာတစ်ခု လိုအပ်ပါတယ်။ 20144 Grounded Red ဟာ မြေပြင်အခြေအနေ ၊ တစ်ကယ်အရေးပါတဲ့ အရာတွေနဲ့ ပြန်လည်ဆက်သွယ်မှုရရှိအောင် ပြုလုပ်ပေးနိုင်ပြီး အိမ်မှာ အားအင်၊ တည်ငြိမ်ခိုင်မာမှုတွေ ပြန်လည်ရရှိစေအောင် ကူညီပေးမှာဖြစ်ပါတယ်။ ဒီအရောင်က ရဲရင့်ရိုးရှင်းပြီး […]

စူးစမ်းလိုစိတ်ရှိသူများအတွက် ဝါရွှေဖျော့ရောင်

စူးစမ်းလိုစိတ်ရှိသူများအတွက် ဝါရွှေဖျော့ရောင်

ဘက်စုံသုံးအရောင် 11174 Curious Mind သည် ဝါရွှေဖျော့ရောင်၊ ခေတ်ဆန်တဲ့ပုံစံမျိုးဖြစ်ပြီး လက်တွေ့ကျ၊စူးစမ်းလိုစိတ်ရှိသူများနှင့် ကိုက်ညီတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။ အခြားအရောင်များနဲ့ တွဲဖက်ပြီး ဒီမီးခိုးဝါရောင်သည် စတိုင်ကျ၊အမျိုးသားဆန်တဲ့ ပုံသဏ္ဍာန်မျိုးဖြစ်ပေါ်စေပါတယ်။ အပေါ်ပုံမှာ တည်ငြိမ်၊အမျိုးသားဆန်တဲ့ မီးခိုးရောင်နဲ့ တွဲဖက်ပြထားပါတယ်။ အပေါ်ပိုင်းမှာ 11174 Curious Mind ကို ဘောင်မျဉ်းတစ်ခုခြားကာ မီးခိုးရင့်ရောင် 1434 Elegant နဲ့တွဲဖက်ထားပြီး ကြမ်းပြင်ကို အနည်းငယ်ဖျော့တဲ့ မီးခိုးဝါ 1462 Evening Sky အရောင်ဆေးခြယ်ထားပါတယ်။ စူးစမ်းစိတ်ကို လှုံ့ဆော်နိုင်သော မီးခိုးဝါရောင် သင့်ရဲ့ စူးစမ်းစိတ်ကို နိုးကြွစေမယ့် ဒီစိတ်လှုပ်ရှားစရာ မီးခိုးဝါရောင်ဖြစ်ပေါ်စေဖို့ အဝါ၊သနပ်ခါးနဲ့မီးခိုးရောင်တို့ကို […]

အစိမ်းရောင်အသစ်နဲ့ သင့်အိမ်ကို သဘာဝနဲ့ လိုက်ဖက်ညီမှုရရှိအောင် ပြုလုပ်ပါ။

အစိမ်းရောင်အသစ်နဲ့ သင့်အိမ်ကို သဘာဝနဲ့ လိုက်ဖက်ညီမှုရရှိအောင် ပြုလုပ်ပါ။

8546 Local Green အရောင်နဲ့ သင့်အိမ်ကို စိမ်းလန်းစိုပြည်တဲ့ အငွေ့အသက်ဖြစ်ပေါ်အောင် ပြုလုပ်ပါ။ စိမ်းလန်းမှုနှင့် ဒေသအရင်းအမြစ် လူတွေက ရေရှည်ခံမှုနှင့်ပတ်သက်ပြီး စိုးရိမ်မှုတိုးလာကြပါတယ်။ ဒေသလုပ် လက်မှုပစ္စည်းတွေနဲ့ အစားအသောက်ထုတ်လုပ်မှုတွေက Local Green ဖြစ်ပေါ်အောင် လှုံ့ဆော်ရာမှာ အရေးပါတဲ့ အရင်းအမြစ်တွေဖြစ်ခဲ့ကြပါတယ်။ အပြောင်းအလဲလုပ်ဆောင်ချင်တယ်ဆိုရင် ဒေသဆိုင်ရာပတ်ဝန်းကျင်အခြေအနေကနေ စတင်သင့်ပါတယ်။ Local Green ကို အဓိကအားဖြင့် လက်လုပ် ကြွေထည်၊မြေထည်ပစ္စည်းတွေလို ဒေသလုပ် လက်မှုပစ္စည်းတွေအပေါ်မှာ သင်္ကေတပြုပုံဖော်ထားပါတယ်။ စိမ်းလန်းစိုပြည်၊ သဘာဝဆန်ပြီး တာရှည်ခံ 8546 Local Green က ဘဝရဲ့ တာရှည်ခံ၊ စစ်မှန်၊ စိမ်းလန်းစိုပြည်တဲ့ […]

အစိမ်းရောင်အသစ်များနဲ့ မိတ်ဆက်ခြင်း

အစိမ်းရောင်အသစ်များနဲ့ မိတ်ဆက်ခြင်း

လှပတဲ့ 7628 Treasureအရောင်နဲ့ ပြီးပြည့်စုံနေသောဧည့်ခန်း အစိမ်းဆင်အရောင်များ JotunColour Collection 2019ထဲမှာ7626 Airy Green၊  7627 Refresh၊ 7628 Treasure နဲ့  7629 Antique Green ကဲ့သို့အသစ်ထွက် အစိမ်းဆင်အရောင်တွေရှိနေပါတယ်။ ဖျော့တာကနေရင့်တဲ့အရောင်တွေအထိ အရောင်ပေါင်းစပ်ပုံအကြံပြုချက်တွေကို အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဒီနှစ်ထုတ် အစိမ်းဆင်အရောင်တွေကိုMajestic True Beauty Mattအမျိုးအစားနဲ့ တွဲဖက်အသုံးပြုလိုက်တဲ့အခါ နံရံတွေကိုအရောင်မှိုင်းမှိုင်းလွင်လွင်ပုံသဏ္ဍာန်ဖြစ်သွားစေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် Majestic True Beauty Sheenနဲ့ပေါင်းစပ်လိုက်တဲ့အခါ  ချောမွေ့တောက်ပသွားမှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးကသင့်အိမ်ကိုဂုဏ်ယူစရာပုံစံဖြစ်သွားစေမှာဖြစ်ပါတယ်။ Jotunမှာစိတ်လှုပ်ရှားစရာထင်ရှားပေါ်လွင်တဲ့အရောင် 7613 Northern Mysticလည်းရှိနေပါတယ်။ 7613 Northern Mystic ဒီပုံမှာ7629 […]

IDENTITY ကာလာကဒ် အသုံးပြုနည်း

IDENTITY ကာလာကဒ် အသုံးပြုနည်း

သင့်စိတ်ကြိုက်အရောင်အတွဲအစပ်တွေကိုလျင်လျင်မြန်မြန်လွယ်လွယ်ကူကူဖန်တီးနိုင်ဖို့ Jotun က ကာလာကဒ်ဒီဇိုင်းကိုဖန်တီးပေးထားတာဖြစ်ပါတယ်။ ထင်ရှားပေါ်လွင်တဲ့ အရောင်တွေ ၊ သနပ်ခါးရွှေရောင်၊မနုမရင့်အရောင်တွေ၊မီးခိုးဖျော့အရောင်တွေနဲ့ အရောင်မိသားစုလေးမျိုးတို့ပါဝင်ပါတယ်။ ဒီအရောင်တွေကိုသင့်စိတ်ကြိုက်ဘယ်လိုပေါင်းစပ်နိုင်သလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုပေးပါနော်။ ခေတ်ပေါ် ထင်ရှားပေါ်လွင်တဲ့အရောင်လေးမျိုး ထင်ရှားပေါ်လွင်တဲ့အရောင်တွေကိုကိုယ့်စိတ်ကြိုက်လွယ်လွယ်ကူကူပြုလုပ်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ 12074 Peachyအရောင်ကိုသူ့တစ်မျိုးတည်းအသုံးပြုလို့ ရသလိုသို့မဟုတ် 1024 Timeless ၊ 12075 Soothing Beige ၊ 12076 Modern Beige တို့လိုသနပ်ခါးရွှေရောင်အမျိုးအစားတွေနဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ 12074 Peachy ထင်ရှားပေါ်လွင်တဲ့အရောင်တွေကို ကြားအရောင်တွေ သို့မဟုတ် အခြားအရောင်မိသားစုမှ အရောင်တွေနဲ့ ပေါင်းစပ်ပေးပါ။ ခရမ်းဖျော့ အရောင် 3377 Slate Lavender မီးခိုးရောင်သန်းတဲ့ […]

ကလေးများအတွက် ကောင်းမွန်ပြီးလွတ်လပ်အေးချမ်းတဲ့အခန်းဖန်တီးနိုင်မယ့် အချက် ၅ ချက်

ကလေးများအတွက် ကောင်းမွန်ပြီးလွတ်လပ်အေးချမ်းတဲ့အခန်းဖန်တီးနိုင်မယ့် အချက် ၅ ချက်

ကလေးတွေရဲ့အခန်းဆိုတာ ငြိမ်းချမ်းမှု၊ ဉာဏ်ကွန့်မြူးမှု၊လုံခြုံမှုရှိမှုတို့ကိုရှာဖွေတွေ့ရှိနိုင်တဲ့ သူတို့ရဲ့ ကိုယ်ပိုင်နန်းတော်ပဲဖြစ်ပါတယ်။ တစ်နှစ်ပြီးတစ်နှစ်အရွယ်ရောက်လာတဲ့ သင့်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုအောင်ပြုလုပ်နိုင်ရပါမယ်။ ကောင်းမွန်လုံခြုံကာလွတ်လပ်အေးချမ်းသာယာတဲ့ ကလေးအခန်းတွေကိုဘယ်လိုပြုလုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးအကောင်းဆုံးအကြုံပြုချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အိမ်သုတ်ဆေးအမျိုးအစားကိုအသုံးပြုပေးပါ။ ရင်နှစ်သည်းချာလေးတွေအတွက် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးရပါမယ်။ ကလေးအခန်းတွေမှာJotunရဲ့ ကျန်းမာရေးနဲ့အညီညွတ်ဆုံးဆေးအမျိုးအစားဖြစ်တဲ့ Majestic Perfect Beauty & Careကိုအသုံးပြုပေးရပါမယ်။ လှပတဲ့အရောင်အသွေးစုံပါဝင်ပြီးအရည်အသွေးမြင့်တာရှည်ခံဆေးအမျိုးအစားပဲဖြစ်ပါတယ်။ အနံ့အနည်းဆုံးနဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်ထုတ်လွှင့်မှု အနည်းဆုံးလည်းဖြစ်ပါတယ်။ ဆေးအသစ်သုတ်ထားတဲ့ ချစ်စရာအခန်းလေးထဲမှာသင်နဲ့သင့်ကလေးငယ်တွေ လွတ်လပ်ပေါ့ပါးစွာအသက်ရှူနိုင်မှာဖြစ်ပါတယ်။ အရောင်တွေနဲ့ အလှဆင်ပါ။ ကလေးတွေကအရောင်တွေကို နှစ်သက်ကြပါတယ်။ အငယ်ဆုံးကလေးတွေကတောင် သူတို့နားမှာအရောင်များများရှိတာကို သဘောကျကြပါတယ်။ ဒါပေမယ့် အဖြူ၊မီးခိုးစတဲ့အရောင်တွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဒီအရောင်တွေကကလေးတွေကို ဘာတွန်းအားစေ့ဆော်မှုမှ မပေးလို့ပါပဲ။ […]

သင့်အိမ်ကိုအသွင်သစ်ဖြစ်သွားစေမယ့် ဈေးမကြီးသောစိတ်ကူးလေးများ

သင့်အိမ်ကိုအသွင်သစ်ဖြစ်သွားစေမယ့် ဈေးမကြီးသောစိတ်ကူးလေးများ

သင့်မှာရှိပြီးသားပစ္စည်းတွေကိုရှာဖွေပြီးအသွင်တစ်မျိုးနဲ့ ပြန်လည်နေရာချထားကြည့်လိုက်ပါ။ နံရံကိုMajestic True Beauty Mattအမျိုးအစား20119 Transparent Pinkနဲ့ဆေးသုတ်ထားတာဖြစ်ပါတယ်။ သင့်အိမ်ကိုတစ်ချိန်ချိန်မှာအသွင်ပြောင်းကြည့်ဖို့ လိုအပ်လာတတ်ပါတယ်။ မိသားစုပိုကြီးလာတဲ့အခါ အသေးအဖွဲပြုပြင်တာဒါမှမဟုတ် ဘဝရဲ့ အခန်းကဏ္ဍသစ်ကိုကြိုဆိုဖို့အတွက် ကြီးကြီးမားမားပြုပြင်တာမျိုးတွေကို ပြုလုပ်ရတတ်ပါတယ်။ ငွေကုန်ကြေးကျသက်သာစေမယ့် အကြုံပြုချက်တစ်ခုကတော့ ပစ္စည်းဟောင်းတွေပြန်လည်အသုံးပြုပြီးအပြောင်းအလဲပြုလုပ်တာပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ဖြစ် ဒါမှမဟုတ် ငွေကုန်ကြေးကျများမှာစိုးလို့ပဲဖြစ်ဖြစ် ပစ္စည်းအသစ်တွေမဝယ်တာက ကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။ အောက်ပါဖော်ပြထားတဲ့ အချက်တွေကိုအသုံးပြုပြီးစိတ်သန့်သန့်နဲ့ သင့်အိမ်ကို ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်မှာရှိထားတဲ့ ပစ္စည်းတွေကိုအရင်သိအောင်ပြုလုပ်ပါ။ အသစ်တစ်ခုခုမဝယ်ခင် ကိုယ့်မှာရှိပြီးသားတွေကိုစေ့စေ့စပ်စပ်သိထားသင့်ပါတယ်။ စတိုခန်းထဲမှာဒါမှမဟုတ် မိဘအိမ်မှာပျောက်နေမေ့နေတဲ့ ရတနာတွေကိုရှာဖွေကြည့်ပါ။ ဆေးတစ်ထပ်လောက်သုတ်လိုက်ရုံနဲ့ ပြန်လည်သစ်လွင်လာနိုင်မယ့် ဟောင်းပေမယ့်သုံးလို့ရနိုင်မယ့်ပစ္စည်းတွေကိုတွေ့ရှိနိုင်ပါတယ်။ နောက်ပြီးတော့ အိမ်ထဲမှာမသုံးတော့တဲ့ ပရိဘောဂအဟောင်းတွေကိုရွှေ့ပြောင်းကြည့်ဖို့စဉ်းစားပါ။ နေရာလွတ်ရအောင် အခန်းတစ်ခန်းမှ ဗီရိုကိုအခြားအခန်းသို့ ရွှေ့တာသို့မဟုတ် […]

Jotun Colour Design အက်ပလီကေးရှင်း သို့မဟုတ် လက်ချောင်းလေးနဲ့ ထိလိုက်ခြင်းဖြင့် သင့်အိမ်အတွက် အကောင်းဆုံးအရောင်ကို ရှာဖွေနိုင်ခြင်း

Jotun Colour Design အက်ပလီကေးရှင်း သို့မဟုတ် လက်ချောင်းလေးနဲ့ ထိလိုက်ခြင်းဖြင့် သင့်အိမ်အတွက် အကောင်းဆုံးအရောင်ကို ရှာဖွေနိုင်ခြင်း

Jotun Colour Design အက်ပလီကေးရှင်းဟာ သင့်တော်တဲ့ အရောင်တွေကို ရှာဖွေဖို့ အလွန်အသုံးဝင်ပါတယ်။ သင့်ကိုယ်ပိုင်ဖုန်းနဲ့ သင့်အိမ်ကို ဘယ်လိုအသွင်ပြောင်းလို့ရသလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ 1. အားကျစရာ နောက်ဆုံးပေါ်ဒီဇိုင်းများကို ကြည့်ရှုပါ။ Jotun ရဲ့နောက်ဆုံးပေါ်အရောင်များနဲ့ အလှဆင်ထားတဲ့ အိမ်ပုံလှလှလေးများကို ကြည့်ရှုရင်း လတ်ဆတ်တဲ့စိတ်ကူးတွေကို ရယူပါ။   2. Jotun ရဲ့ ထုတ်ကုန်အရောင်များကို လေ့လာပါ။ ယခုနှစ်အတွက် Jotun မှရွေးချယ်ထားတဲ့ Global Colour Trends အရောင်များနဲ့ Jotun ကာလာစင်တာမှ အရောင် ၁၂၈ မျိုးတို့ကို ကြည့်ရှုလေ့လာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ကို လွယ်လွယ်ကူကူ […]

ပျော်ရွှင်ဖွယ်အိမ်လေးဖြစ်စေမည့် လန်းဆန်းတောက်ပသော အရောင်လေးများ

ပျော်ရွှင်ဖွယ်အိမ်လေးဖြစ်စေမည့် လန်းဆန်းတောက်ပသော အရောင်လေးများ

8302 Laurel နဲ့ 20047 Blushing Peach အရောင်များရဲ့ ပေါင်းစပ်မှုဟာ နွေဦးရာသီရဲ့ ပျော်ရွှင်စရာအချိန်များကို အမှတ်ရစေပါတယ်။ နွေဦးနဲ့ နွေရာသီရောက်ရှိလာပြီဆိုတဲ့ အဓိပ္ပါယ်ဆောင်သလို အားသစ်ဖြစ်စေတဲ့ ဒီအရောင်များဟာ အချိန်ကာလမဲ့လှပမှုကို ပေးစွမ်းနိုင်ပါတယ်။ Jotun ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာလာမန်နေဂျာ Lisbeth Larsen ကတော့ သူတို့ဟာ တစ်နည်းနည်းနဲ့ သစ်ဆန်းအောင် အမြဲအားထုတ်တတ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် ဂန္ဓဝင်ဂီတလို၊ ပရိဘောဂလို ဒါမှမဟုတ် သဘာဝရဲ့ စိတ်ချမ်းမြေ့စေတဲ့ အရောင်တွေလို အရာတွေဟာ အမြဲလန်းဆန်းလှပနေတတ်ကြောင်း ရှင်းပြပါတယ်။ ညင်သာတဲ့ နွေဦးလေပြည်နဲ့ သက်ဝင်လှုပ်ရှားတဲ့ နွေရာသီပန်းတွေရဲ့ စိတ်ကြည်နူးစရာမြင်ကွင်းတွေလိုပဲ […]