SERENE BLUE အရောင်နှင့် ဟန်ချက်ညီသဟဇာတဖြစ်စေမှု

စတိုင်ကျတဲ့ အကန့်ပိုင်းထားတဲ့နံရံတွေ ၊ မျက်နှာပြင်ပြေပြေတွေကို 5490 Serene Blue အရောင်နဲ့ဆေးခြယ်လိုက်တဲ့အခါ ခမ်းနားတဲ့သွင်ပြင်ဖြစ်ပေါ်လာပါ။ လုံးဝန်းတဲ့ အကန့်ပိုင်းထားတဲ့နံရံတွေကို Majestic Supreme Finish အမျိုးအစားနဲ့ ဆေးခြယ်ထားပြီး ပြေပြစ်တဲ့ နံရံတွေကို Majestic True Beauty Matt အမျိုးအစားနဲ့ဆေးခြယ်ထားပါတယ်။

စိမ်းပြာရောင် အိုအေစစ်

အိမ်ဆိုတာက ကိုယ်ရွေးချယ်လိုက်တဲ့ အရောင်၊အဆင်အကွက်တွေ၊ ကိုယ့်ပတ်ဝန်းကျင်မှာထားဖို့ ကြိုက်တဲ့ ပစ္စည်းတွေကို အတူတကွယှဉ်တွဲထားရှိပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပေါ်လွင်စေတဲ့ နေရာပဲဖြစ်ပါတယ်။ အပြာက အမြဲတည်ငြိမ်တဲ့ အရောင်ဖြစ်ပြီး အိမ်မှာ ငြိမ်းချမ်းဟန်ချက်ညီတဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်တဲ့ အရောင်မျိုးဖြစ်ပါတယ်။

5490 Serene Blue က ကောင်းကင်နဲ့ပင်လယ်ဆုံတဲ့အခါ တွေ့ရတဲ့ တည်ငြိမ်မှုမျိုးကို ပြန်လည်ဖန်တီးပေးပါတယ်။ ဒီအရောင်က နူးညံ့ပြီး ထင်ရှားပါတယ်။ ယုံကြည်မှုပေးပြီး အခန်းတိုင်းကို ကိုယ်ပိုင်အငွေ့အသက်ရှိစေပါတယ်။ အခြားအရောင်များနဲ့လည်း လွယ်လွယ်ကူကူပေါင်းစပ်နိုင်ပါတယ်။

နှစ်သက်စရာပတ်ဝန်းကျင်မှာ တိတ်ဆိတ်တဲ့ အခိုက်အတန့်ကို ခံစားကြည့်ပါ။ Majestic True Beauty Matt ၊ 5490 Serene Blue တို့နဲ့ သင့်ရဲ့အိမ်ဟာ နေချင်စဖွယ်နေရာတစ်ခု ဖြစ်လာမှာပဲဖြစ်ပါတယ်။

5490 SERENE BLUE

ဒီအရောင်ဟာ မီးခိုးပြာအဆင်၊ ထင်ရှားတဲ့ အစိမ်းရောင်ပါဝင်တဲ့ တစ်ကယ်လှတဲ့ စိမ်းပြာရောင်ဖြစ်ပါတယ်။ အရောင်ပြေ ၊ သက်သောင့်သက်သာဖြစ်စေပြီး ကြည်နူးစဖွယ်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ 6352 Evening Green အရောင်ထက် အနည်းငယ်အပြာပိုများပြီး အရောင်းရဆုံးစာရင်းဝင် 5030 St. Pauls Blue ထက် အစိမ်းပိုများပါတယ်။ 5490 Serene Blue အရောင်ဟာလည်း အရောင်းရဆုံးစာရင်းဝင်ဖြစ်လာမှာ မလွဲပါဘူး။

JOTUN အရောင်အသစ်တွေ အကုန်လုံးကို လှပပြေပြစ်တဲ့ ပုံသဏ္ဍာန်ဖြစ်စေတဲ့ ရေဆေးအခြေခံ သစ်သားနဲ့ အနားကွပ်ဆေး Majestic Supreme Finish အမျိုးအစားတွေနဲ့ ရောစပ်အသုံးပြုနိုင်ပါတယ်။ ဒီအမျိုးအစားထဲကနေ ရွှန်းလဲ့တောက်ပကာ ပိုးသားလိုနူးညံ့တဲ့ ပုံသဏ္ဍာန်ဖြစ်ပေါ်စေတဲ့ အမျိုးအစားကိုလည်း ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ အလွန်ကောင်းတဲ့ အစွန်းခုခံနိုင်တဲ့ အရည်အသွေးတွေကြောင့် အရောင်အရည်အသွေးမကျဆင်းစေပဲ သန့်ရှင်းရလွယ်ကူစေပါတယ်။ Majestic Supreme Finish အမျိုးအစားဟာ အနံ့နည်းပြီး အစဉ်အလာပျော်ဝင်ဆေးတွေထက် ပိုပြီးလျင်လျင်မြန်မြန်ခြောက်သွေ့ပါတယ်။

အထပ်ပါပုံမှာ ပိုးသားလိုနူးညံ့တဲ့ ပုံသဏ္ဍာန်ဖြစ်ပေါ်စေဖို့ လုံးဝန်းတဲ့ အကန့်ပိုင်းထားတဲ့နံရံကို Majestic Supreme Finish ၊ 5490 Serene Blue တို့ကို အသုံးပြုထားပါတယ်။

အနုအရင့်အရောင် အတွဲအစပ်များ

5490 Serene Blue နဲ့ လိုက်ဖက်တဲ့ ဆွဲဆောင်မှုရှိတဲ့ မီးခိုးရောင်ပြေပြေတွေကတော့ 1024 Timeless ၊ 8470 Smooth White ၊ 1391 Bare ၊ 1973 Objective ၊ 1032 Iron Grey ၊ 10679 Washed Linen ၊ 12077 Sheer Grey ၊ 12078 Comfort Grey ၊ 0394 Soft Grey တို့ဖြစ်ကြပါတယ်။

Great beige options are 10678 Space, 12075 Soothing Beige and 12076 Modern Beige.
လိုက်ဖက်တဲ့ သနပ်ခါးအရောင်တွေကတော့ 10678 Space ၊ 12075 Soothing Beige ၊ 12076 Modern Beige တို့ဖြစ်ကြပါတယ်။

သက်သောင့်သက်သာဖြစ်စေပြီး လှုပ်ရှားသက်ဝင်တဲ့ ပုံစံမျိုးဖြစ်ဖို့ မနုမရင့်အရောင်တစ်မျိုးဖြစ်တဲ့ 1024 Timeless အရောင်နဲ့ 5490 Serene Blue ကို လှပစွာပေါင်းစပ်ပေးပါ။

အရောင်အတွဲအစပ်များ

5490 Serene Blue ကို 6351 Tender Green ၊ 6350 Soft Teal ၊ 5180 Chini ၊ 7163 Minty Breeze ၊ 7637 Exhale တို့လို စိမ်းပြာရောင်တွေနဲ့ ပေါင်းစပ်ပေးလိုက်တဲ့အခါ ခမ်းနားလှပသွားမှာ ဖြစ်ပါတယ်။ အနည်းငယ်ပိုစိမ်းတဲ့ 7628 Treasure အရောင်နဲ့လည်း ကောင်းကောင်းလိုက်ဖက်ပါတယ်။ ရွှေရောင်တွေကလည်း စိတ်လှုပ်ရှားစရာ ဖြည့်ဖက်ဆန့်ကျင်ဖက်အလှအပကို ဖန်တီးပေးမှာဖြစ်ပါတယ်။ 11174 Curious Mind သို့မဟုတ် 10961 Raw Canvas တို့လိုအရောင်တွေကို စူးစမ်းကြည့်ပါ။


11175 Adventure ၊ 20143 Lively Red တို့လို အနီများတဲ့ အရောင်တွေနဲ့လည်း ပျော်စရာအတွဲအစပ်ဖြစ်လာမှာပါ။ နီးစပ်အရောင်ဖြစ်တဲ့ ခရမ်းဆီးရောင် 20142 Daydream နဲ့လည်း တွဲဖက်နိုင်ပါတယ်။


အဖြူဆင်အတွဲအစပ်များ

7236 Chi, 9918 Morning Fog, 1624 Skylight, 1001 Egg White and 1453 Vanilla work well with 5490 Serene Blue.
7236 Chi ၊ 9918 Morning Fog ၊ 1624 Skylight ၊ 1001 Egg White နဲ့ 1453 Vanilla တို့လို အရောင်တွေကလည်း 5490 Serene Blue နဲ့ ကောင်းစွာလိုက်ဖက်ပါတယ်။

 



Leave a Reply

Your email address will not be published. Required fields are marked *