Serembanက ရှေးဟောင်းဟော်တယ်တစ်လုံးကိုဂျိုတန်အိမ်သုတ်ဆေးနဲ့ အပြည့်အ၀ ပြန်လည်ဆန်းသစ်ထားပါတယ်။ အိုဟောင်းယိုယွင်းနေတဲ့ ဟော်တယ်ကိုလွတ်လပ်အေးချမ်းဇိမ်ကျတဲ့ နေရာတစ်ခုဖြစ်အောင် The Makeover Guys အဖွဲ့က တာဝန်ယူဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။
The Makeover Guys အဖွဲ့မှ အိမ်အတွင်းပိုင်းစတိုင်ကျွမ်းကျင်ပညာရှင် Victoria က ခေတ်ဟောင်းပုံစံမပျောက်ပျက်အောင် ရှေးဟောင်းနဲ့ ခေတ်ပေါ်ပုံစံပေါင်းစပ်ပြီး ပြီးပြည့်စုံအောင် ဒီဇိုင်းပြုလုပ်ခဲ့ပါတယ်။ဂျိုတန်ရဲ့ အရောင်ကျွမ်းကျင်သူတွေရဲ့ အကူအညီရယ်၊ သူ့ရဲ့ တီထွင်ဖန်တီးတတ်တဲ့အမြင်တွေကိုဟော်တယ်ရဲ့ ဒီဇိုင်း ၊ ကာလာ၊ ပရိဘောဂတွေမှာတွေ့နိုင်ပါတယ်။Victoria က အချိန်ကာလမဲ့ ဆွဲဆောင်မှုနှင့် သာလွန်ကောင်းမွန်တဲ့ ပုံပန်းသဏ္ဍာန်တွေရရှိစေဖို့ ဂျိုတန်အိမ်သုတ်ဆေးကိုရွေးချယ်အသုံးပြုခဲ့ပါတယ်။
စိတ်လှုံ့ဆော်မှုဖြစ်စေတဲ့ တည်ငြိမ်မှု
ကြားနေအရောင်ပြေပြေတွေကို နွေးထွေးမှုပေးတဲ့ မသိမသာဆန့်ကျင်ဖက်အရောင်တွေနဲ့ တွဲဖက်ပေးလိုက်တဲ့အခါ ဟော်တယ်တစ်ခုလုံးမှာရိုးရှင်းသန့်ရှင်းမှုနဲ့ အရောင်စွမ်းအင်တွေအကြားဟန်ချက်ညီမှု ရရှိသွားစေပါတယ်။အဖြူအမဲနေရာတွေမှာအရောင်အနည်းငယ်ပြောင်းလဲပေးလိုက်တာကအေးချမ်းနွေးထွေးကာစိတ်အေးလက်အေးတည်ငြိမ်တဲ့ ဟန်ချက်ညီမှုဆီသို့ ဦးတည်သွားစေပါတယ်။
ဒီသိမ်မွေ့တဲ့ဆန့်ကျင်ဖက်ဖြစ်မှုက ပရိဘောဂတွေနဲ့တွဲဖက်ပြီးပုံသဏ္ဍာန်စုံလင်မှုကို ဖြစ်ပေါ်စေပါတယ်။ အရောင်တွေ၊ ပရိဘောဂတွေပေါင်းစပ်ပြီးအနည်းငယ်မူကွဲတဲ့ ဒီဇိုင်းပြုလုပ်ပေးလိုက်တာကအခန်းတစ်ခန်းချင်းမှာမတူညီတဲ့ အငွေ့အသက်ကိုရရှိသွားစေပါတယ်။
စိတ်ဝင်စားစရာ လိုအပ်ချက်များ
ထိတွေ့နိုင်တဲ့ မျက်နှာပြင်တွေကအရည်အသွေးနဲ့ အရောင်အားကိုတိုးစေပါတယ်။ ဟော်တယ်ရဲ့ ဧည့်ကြိုကောင်တာကိုအရောင်ပြေပြေအဆင်အကွက်တွေနဲ့ မွမ်းမံပေးလိုက်တာကဧည့်သည်တွေရဲ့ စူးစမ်းလိုမှုနဲ့ စိတ်ဝင်စားစေမှုကို လှုံ့ဆော်ပေးနိုင်ပါတယ်။
ဟော်တယ်ရဲ့ ဧည့်ခန်းကိုတည်ငြိမ်တဲ့စတိုင်ဖြစ်ပေါ်အောင် ရှင်းရှင်းလင်းလင်းပြုလုပ်ထားပါတယ်။ လက်တွေ့အသုံးဝင်ပြီးလှပတဲ့ ပစ္စည်းနည်းနည်းပဲထားပြီးဒီပစ္စည်းတွေအရောင်လက်အောင် နံရံတွေကနောက်ခံကားအဖြစ်ဖြည့်ဆည်းပေးနေကြပါတယ်။
အဝေးဆုံးနံရံကို အေးချမ်းနွေးထွေးမှုပေးတဲ့ မက်မွန်သီးအရောင်ပြေပြေ12083 Devineနဲ့ ဆေးခြယ်ထားပါတယ်။
ရွှေအိုရောင်ပြေပြေ12083 Devineဟာစိတ်ကြည်နူးမှုကိုပေးစွမ်းပါတယ်။ ပန်းရောင်မဆန်ဘဲ ဝါဖျော့ဖျော့မက်မွန်သီးအရောင်ပြေပြေမျိုးပါ။ ဒီအရောင်က12084 Dusky Peach နဲ့ 12085 Rural တို့လိုအခြားမက်မွန်ရောင်တွေနဲ့လည်းလိုက်ဖက်ညီပါတယ်။
ပိုမိုနွေးထွေးစေတဲ့ အရောင်ပြေပြေတွေကို နှစ်သက်တယ်ဆိုရင်တော့ 12083 Devineကိုပန်းနီရောင်ပြေပြေ အပေါ်အဝိုင်းတွေမှာ ခြယ်သထားတဲ့ 20120 Organic Redအရောင်နဲ့ ဆန့်ကျင်ဖက်အလှဖြစ်သွားအောင် ပေါင်းစပ်ပေးနိုင်ပါတယ်။
အေးချမ်းစေတဲ့ ဟန်ချက်ညီမှု
အိပ်ခန်းကို နှေးကွေးရိုးရှင်းတဲ့ ပုံဟန်ပြုလုပ်ရပါတယ်။ ငြိမ်းချမ်းရှင်းလင်းမှု၊ သက်သောင့်သက်သာဆင်ခြင်စဉ်းစားစရာရစေမှုတို့ကိုပေးစွမ်းအောင်ပြုလုပ်ရပါတယ်။ ဟိုတယ်အိပ်ခန်းမှာလိုကိုယ့်အိမ်မှာလည်းဒီပုံစံအတိုင်းပြုလုပ်ပေးသင့်ပါတယ်။
အရောင်ပြေပြေကိုအားကောင်းထင်ရှားတဲ့ အရောင်တွေနဲ့ ပေါင်းစပ်တဲ့အခါ ထူးခြားတဲ့ ပုံဟန်ကိုဖန်တီးပေးပါတယ်။ ရိုးအီတဲ့ သနပ်ခါးရောင်နံရံကိုမက်မွန်သီးပြေပြေရောင် 10290 Soft Touch ၊ ရွှေပန်းရောင်2024 Sensesတို့နဲ့ပေါင်းစပ်ကာထူးခြားလှပအောင်ပြုလုပ်ပေးထားပါတယ်။
ရိုးရှင်းမှုမှာအလှအပရှိပါတယ်။ နွေးထွေးမှုပေးတဲ့ မီးခိုးရောင်ပြေပြေ12078 Comfort Greyဟာတစ်နေ့တာလုံးစိတ်ရှင်းလင်းအောင် အားပေးမှာဖြစ်ပါတယ်။ 7236 Jazz ၊ 9918 Morning Fog သို့မဟုတ် 1624 Skylightတို့လိုအဖြူသန့်သန့်အရောင်တွေနဲ့တွဲဖက်တဲ့အခါ ပြီးပြည့်စုံစွာလှပစေသလို1001 Egg White ၊ 1453 Vanillaတို့လိုအရောင်တွေနဲ့လည်းပေါင်းစပ်အသုံးပြုနိုင်ပါတယ်။