WISDOM – ခေတ်ဆန်သပ်ရပ်ကျနသော ဆီးရောင်

Majestic True Beauty Matt အမျိုးအစား 20145 Wisdom အရောင်ဟာ သပ်ရပ်ကျနမှုကို ဖြစ်စေပါတယ်။

မှော်ဆန်ပြီး ချမ်းမြေ့စေ

အသိဉာဏ်ပညာဆိုတာ ဗဟုသုတ ၊ အတွေ့အကြုံနဲ့ ဆင်ခြင်သုံးသပ်မှုတို့ ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ လာမယ့် ဆယ်စုနှစ်ကို အပြောထက် ပိုနားထောင်တတ်ဖို့ ၊ အချက်အလက်စုံတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ဖို့ ၊ အနှစ်သာရရှိရှိ နားလည်မှုရှိရှိနဲ့ ဘဝကို ဖြတ်သန်းဖို့ အတွက် ရည်ရွယ်ထားသင့်ပါတယ်။ ဒီအချက်တွေကပဲ ခမ်းနားတဲ့ ဒီအရောင်ဖြစ်ပေါ်စေဖို့ နောက်ခံအချက်တွေပဲ ဖြစ်ပါတယ်။

20145 Wisdom ဟာ လူတစ်ယောက်ရဲ့ အတွေးကို နားလည်ပြီး သူ့ကို အားပေးနှစ်သိမ့်ပေးသလို ခံစားချက်ကို ရစေတဲ့ ဆီးရင့်ရောင်ဖြစ်ပါတယ်။ ဧည့်ခန်းမှာ ၊ အလုပ်ခွင်မှာ ၊ စာကြည့်တိုက်လိုနေရာမျိုးမှာ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေနဲ့ အဓိပ္ပါယ်ရှိတဲ့ စကားဝိုင်းတွေ ကျင်းပမယ့် နေရာမျိုးတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ 20145 Wisdom မှော်ဆန်ပြီး ချမ်းမြေ့စေပါတယ်။ သန့်စင်သပ်ရပ်ကျနတဲ့ ပတ်ဝန်းကျင်မှာ ရှင်းလင်းတဲ့အတွေးတွေဖြစ်ပေါ်စေဖို့ အားပေးပါတယ်။

နက်ရှိုင်းပြီး သြဇာပြည့်တဲ့ 20145 Wisdom အရောင်ဟာ Majestic True Beauty Matt အမျိုးအစားအခြားအရောင်တွေနဲ့ တွဲဖက်ပြီး အကောင်းဆုံး လှပတဲ့ အရောင်ပြေပြေ ပုံသဏ္ဍာန် ဖြစ်ပေါ်စေပါတယ်။

20145 WISDOM

ဒီအရောင်ဟာ အောက်ခံ ခရမ်းပါတဲ့ ဆီးရင့်ရောင်ဖြစ်ပါတယ်။ အခြားခရမ်းရောင်တွေထက် အနီပိုများပြီး သူ့ကို ထူးခြားစေတဲ့ သီးသန့်ဝိသေသလက္ခဏာတွေရှိနေပါတယ်။ မြင်မြင်ချင်းမှာ အနက်ရောင်လို့ထင်ရပြီး အောက်ခံမှာ နွေးထွေးမှုပေးတဲ့ ဆီးရောင်ပါဝင်နေပါတယ်။ မှော်ဆန်မှု ၊သပ်ရပ်ကျနမှု နဲ့ လေးနက်မှုတို့ ရစေဖို့ ဒီအရောင်ကို အသုံးပြုပေးပါ။

အနုအရင့် အတွဲအစပ်များ

အနုအရင့် အတွဲအစပ်တွေအဖြစ် 1973 Objective ၊ 1032 Iron Grey ၊ 1877 Pebblestone ၊ 1462 Evening Sky တို့လို မီးခိုးရွှေရောင်တွေနဲ့ လိုက်ဖက်ပါတယ်။ နွေးထွေးမှုပေးတဲ့ မီးခိုးရောင်တွေဖြစ်တဲ့ 12077 Sheer Grey ၊ 12078 Comfort Grey ၊ 0394 Soft Grey ၊ 1352 Tender Grey ၊ 10429 Discrete တို့နဲ့လည်း လိုက်ဖက်ပါတယ်။ သနပ်ခါးအရောင်တွေထဲကဆိုရင် 12075 Soothing Beige ၊ 12076 Modern Beige ၊ 1623 Marrakesh တို့ကို အကြံပြုလိုပါတယ်။

အရောင်အတွဲအစပ်များ

ပိုဖျော့တဲ့ ဆီးရောင် 20412 Daydream ၊ ပန်းနုရောင် 2024 Senses တို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ 20145 Wisdom အရောင်ဟာ နှစ်သက်စရာ ဆန့်ကျင်ဖက်အရောင်ရင့်ရင့်ဖြစ်လာမှာ ဖြစ်ပါတယ်။

7628 Treasure ၊ 7629 Antique Green တို့လို အစိမ်းရောင်တွေနဲ့ လိုက်ဖက်သလို ရွှေရောင်ပိုများတဲ့ 8546 Local Green ၊ 8469 Green Leaf ၊ 8252 Green Harmony တို့နဲ့လည်း တွဲဖက်အဆင်ပြေစေပါတယ်။

11174 Curious Mind ၊ 10961 Raw Canvas တို့လို ခရမ်းရဲ့ဖြည့်ဖက် အဝါရောင်တွေနဲ့လည်း စတိုင်ကျစေသလို အတူတကွအသုံးပြုလိုက်တဲ့အခါ မမျှော်လင့်တဲ့ ဆန့်ကျင်ဖက်အလှအပကို ဖြစ်ပေါ်စေပါတယ်။

ဆီးရင့်ရောင် 20145 Wisdom ဟာ ညာဖက်ပုံမှာ ပြထားသလို 11174 Curious Mind အရောင်နဲ့လှပပါတယ်။ စားပွဲကို Majestic Supreme Finish အမျိုးအစား 1024 Timeless နဲ့ ဆေးခြယ်ထားပါတယ်။

အဖြူဆင်အရောင်များ

20145 Wisdom အရောင်နဲ့ လိုက်ဖက်သော အဖြူဆင်အရောင်များထဲမှာ 9918 Morning Fog ၊ 1624 Skylight ၊ 1001 Egg White ၊ 1453 Vanilla နှင့် 1622 Edelweiss အရောင်တို့ပါဝင်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *